Friday, August 4, 2017

ရန်ကုန်နှင့် မန္တလေးက သပိတ်စခန်းများကို သာသနာရေး သတိပေးပြီ

ရန်ကုန်နှင့် မန္တလေးက သပိတ်စခန်းများကို သာသနာရေး သတိပေးပြီ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သပိတ်စခန်းဖွင့်၍ အမျိုးသားရေးလှုပ်ရှားသူ အမည်ခံ သံဃာတော်အချို့ ဦးဆောင်ကာ NLD အစိုးရကို ဆန့်ကျင်ရှုတ်ချရေး ပြုလုပ်နေမှုများနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သြဂုတ်လ ၃ ရက် နေ့ ရက်စွဲဖြင့် ရှင်းလင်းချက်ထုတ်ပြန်၍ သတိပေးလိုက်ပြီ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီး မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားနှင့် မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနောက်ဘက် ၂၅၀၀ ခန်းမရှေ့တွင် သြဂုတ်လ ၂ ရက်နေ့မှ စပြီး သပိတ်မှောက်နေသည့် အမျိုးသားရေးလှုပ်ရှားသူ အမည်ခံ သံဃာအချို့နှင့် လူပုဂ္ဂိုလ် အချို့တို့သည် သံဃာအများစုနှင့် လူထု၏ ဆန္ဒကို ကိုယ်စား မပြုဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “ရန်ကုန်၊ မန္တလေးမြို့ တို့တွင် ပြုလုပ်နေသော သပိတ်မှောက်ပွဲ၌ ပါဝင်သည့် သံဃာများသည် သံဃာအများစု၏ဆန္ဒကို ကိုယ်စားမပြုကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်းများ နှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချခြင်းဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ သပိတ်မှောက်ခြင်းသည် ပြည်သူလူထု၏ဆန္ဒ မဟုတ်ပါကြောင်း အများပြည်သူ သိရှိနိုင်စေရန်” ဟု သတိပေးရှင်းလင်းထားသည်။ “အမျိုးဘာသာ သာသနာနိမ့်ချသည့် အစိုးရ အလိုမရှိ”၊ “စီမံခန့်ခွဲမှု မကျွမ်းကျင်သူများကို နေရာပေးသည့်အစိုးရ အလိုမရှိ” စသည့် ကြွေးကြော်မှုများနှင့် သပိတ်မှောက် နေသည့် အမျိုးသားရေးလှုပ်ရှားသူ အမည်ခံ သံဃာအချို့နှင့် လူပုဂ္ဂိုလ် အချို့တို့ကို သာသနနယ်မြေ ပရဝဏ်အတွင်း သပိတ်စခန်း ဖွင့်လှစ်မှုအပေါ် သက်ဆိုင်ရာ တိုင်းသံဃနာယက အဖွဲ့များ အနေဖြင့် သြဝါဒပေး တားမြစ်ညှိနှိုင်းမှုများ ယမန်နေ့ကပြုလုပ်ခဲ့သော်လည်း သပိတ်စခန်း ၂ ခု မှာ ယနေ့ ညပိုင်း အထိ ဖယ်ပေးခြင်း မရှိပေ။ ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ခြင်း) ပြုလုပ်ခံနေရသော လက်ရှိ အစိုးရအနေဖြင့် ဘာသာသာသနာကို ထောက်ပံ့ လှူဒါန်း စောင့်ရှောက်နေသောကြောင့် ဘုရားရှင်ဟောကြားထားသော “ပတ္တနိက္ကုဇ္ဇနကံ” ပြုရမည့် အကြောင်းတရား ၈ ချက် အနက် တစ်ပါး ပါးကိုမျှ ပြုမူဆောင်ရွက်ခြင်းမရှိသဖြင့် သံဃာအများစုနှင့် လူထု၏ ဆန္ဒကို ကိုယ်စား မပြုဟု ဆိုထားသည်။ The post ရန်ကုန်နှင့် မန္တလေးက သပိတ်စခန်းများကို သာသနာရေး သတိပေးပြီ appeared first on ဧရာဝတီ.
Source : http://ift.tt/2wpvvYN
via IFTTT

No comments:

Post a Comment