Saturday, August 19, 2017


အလွယ်သုံး အလွယ်ဆုံး အင်္ဂလိပ် စကားစုများ အပိုင်း (၁) အင်္ဂလိပ်စကားပြောကို အခြေခံကစပြီး လေ့လာနေသူတွေ အဆင်ပြေစေနိုင်မယ့် အလွယ်သုံးအင်္ဂလိပ်စကားစုတွေကို ဝေ မျှ ချင်ပါတယ်။ စကားစုတွေက နည်းနည်းများနေလို့ အပိုင်း၂ ပိုင်းခွဲပြီး ပြောပါရစေ။ (၁) Thanks so much တစုံတယောက်ကို အလွယ်ဆုံး ကျေးဇူးတင်စကား ပြောနိုင်မယ့် စကားစုလေးပါ။ စာကြောင်းဖွဲ့စည်းပုံကိုတော့ – Thanks so much + for + noun / verb-ing ပုံစံရေးရပါမယ်။ ဥပမာ – Thanks so much for driving me home လို ဖြစ်ပါတယ်။ (၂) I Really appreciate ဒီစကားကလည်းပဲ ကျေးဇူးတင်စကားပါပဲ။ အထူး ကျေးဇူုးတင်ပါတယ် ဆိုတဲ့ပုံစံပါ။ ထပ်ပြီး ကျေးဇူးတင်ပါတယ် ဆိုတဲ့ သဘောပေါ့။ ဥပမာအနေနဲ့ – I really appreciate your helpလို့် သုံးနိုင်သလို ကျေးဇူးထပ်ပြီး တင်ချင်တဲ့ စကားမျိုးဆိုရင် နံပါတ်၁နဲ့ ပေါင်းပြီး Thanks so much for cooking dinner. I really appreciate it လို့လည်း သုံးနိုင်ပါတယ်။ (၃) Excuse me ခွင့်တောင်းဖို့ လိုအပ်ချိန်မှာ သုံးနိုင်မယ့် စကားစု ဖြစ်ပါတယ်။ တပါးသူကို အလေးထားရိုသေမှု ပြသတဲ့ နေရာမှာလည်း သုံး နိုင်ပါတယ်။ ဥပမာ – Excuse me sir, you dropped your wallet လို့လည်းသုံးနိုင်သလို Excuse me, do you know what time it is? လို့လည်းသုံးနိုင်ပါတယ်။ (၄) I’m sorry တစုံတခု မှားယွင်းလို့ တောင်းပန်ဖို့ လိုအပ်တဲ့အခါမှာ သုံးနိုင်မယ့် စကားစုပါ။ For ကို အသေးစိတ် ရှင်းပြဖို့ လိုအပ်ခဲ့ရင် ထည့်သုံးရပါတယ်။ ဥပမာ – I’m sorry for being so late လို့ ဖြစ်ပါတယ်။ (၅) What do you think? တခြား တယောက်ဆီကနေ အကြံဉာဏ် ရယူမယ်၊ အကြံတောင်းမယ်ဆိုရင် အသုံးပြုနိုင်တဲ့ စကားစုပါ။ နောက်ဆုံးပိတ် မေးခွန်းပုံစံအနေနဲ့ သုံးနိုင်ပါတယ်။ ဥပမာ – I’m not sure if we should paint the room yellow or blue. What do you think? လို ဖြစ်ပါတယ်။ (၆) How does the sound ? အကြောင်းအရာ တခုခုကို သင်က အကြံပေးလိုက်တယ်။ အဲဒီအကြံကို ဘယ်လို ယူဆသလဲဆိုတာ သိချင်ရင် သုံးနိုင်တဲ့ စကားစုပါ၊ အထက်က What do you think နဲ့ ဆင်ပေမယ် မတူပါဘူး။ ဥပမာ – We could have dinner at 6, and then go to a movie. How does the sound? လို ဖြစ်ပါတယ်။ (၇) That sounds great နံပါတ် ၆မှာ ပြောတဲ့ တပါးသူရဲ့အကြံကို လက်ခံသဘောကျရင် ပြန်ဖြေနိုင်မယ့် စကားစုပါ။ ဒီနေရာမှာ Great အစား Awesome, perfect, excellent, fantastic တွေကိုလည်း သုံးနိုင်ပါတယ်။ ဥပမာအနေနဲ့ အထက်က မေးခွန်းကို ယူလိုက်မယ်။ We could have dinner at 6, and then go to a movie. How does the sound? လို့ မေးလာခဲ့ရင် That sounds excellent လို့ ပြန်ဖြေနိုင်မှာပါ။ (၈) I’m learning English အင်္ဂလိပ်စာဟာ သင့်ရဲ့မိခင် ဘာသာစကား မဟုတ်ကြောင်း သိအောင် ပြောနိုင်တဲ့ စကားလုံးပါ။ အခြေခံ သင်ယူနေသူ အဆင့်ဆိုရင်လည်း Just started ကို ထည့်သုံးပြီး I just started learning English လို့ ပြောနိုင်ပါတယ်။ ဥပမာ – My name is Mg Mg and I’m learning English လို ဖြစ်ပါတယ်။ ဆက်လက်ဖော်ပြပါမည် The post အလွယ်သုံး အလွယ်ဆုံး အင်္ဂလိပ် စကားစုများ အပိုင်း (၁) appeared first on ဧရာဝတီ.
Source : http://ift.tt/2wbmsOU
via IFTTT

No comments:

Post a Comment