Saturday, August 19, 2017

7Day News Journal

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအ သင်းကို ၎င်းတို့တည်းခိုရာ ဟို တယ်သို့ ကြာသပတေးနေ့ ည (သြဂုတ် ၁၇ ရက်) တွင် ပို့ဆောင်ပေးရမည့် ဘတ်စ်ကားယာဥ်မောင်းကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အသက် (၂၇)နှစ်အရွယ် မလေးရှားနိုင်ငံသား ယာဥ်မောင်း သည် နာရီတစ်လုံးခိုးယူခဲ့သည် ဆိုပြီး လိုင်စင်မရှိဘဲ ကားမောင်း ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ရှာအလမ်မြို့ရဲတပ်ဖွဲ့က သောကြာနေ့၌ ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် အတည်ပြုထားသည်။ မြန်မာက မလေးရှားအသင်း ကို ၅-ဝ ဂိုးဖြင့် နိုင်သောပွဲအပြီး ညနေခင်းတွင် ယင်းပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။ မလေးရှားကစားသမားတစ်ဦးပိုင်ဆိုင်သော လက်ပတ်နာရီကို ယာဥ်မောင်းက ခိုးယူခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ရဲအရာရှိများက ယင်းနာရီကို သံသယရှိသူ အမျိုးသား မောင်းနှင်သည့် ဘတ်စ်ကားထဲ၌ ရှာတွေ့ပြီး ဖမ်းဆီးခဲ့သည်။ ယင်းနာရီသည် Swatch ကုမ္ပဏီ၏ ရီယိုအိုလံပစ် ၂ဝ၁၆ အတွက် ထုတ်လုပ်ထားသော နာရီများအနက် တစ်လုံးဖြစ်ကြောင်း စီအင်န်အေသတင်းက ဖော်ပြသည်။ ဝေမျှမှုအကြိမ် ၁၄,ဝဝဝ ကျော်ရှိသော ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြမှုတစ်ခု၌ မြန်မာဆီးဂိမ်းအ ရာရှိများက ယင်းဖြစ်ရပ်ကြောင့် မြန်မာအသင်း ဟိုတယ်သို့ အပြန် နောက်ကျခဲ့ရပုံကို ဓာတ်ပုံများ ဖြင့် ဖော်ပြခဲ့သည်။ ယင်းပို့စ်တွင် ‘မလေးရှားအိုလံပစ်ကော်မတီအစားအရှက်ရမိတယ်’ ဟု ရေးသားဖော်ပြထား သည်။ ‘သူတို့က အတွေ့အကြုံမရှိ တဲ့ ယာဥ်မောင်းကိုတာဝန်ပေးဖို့ ကြိုးစားခဲ့တယ်။ လူတိုင်းကြောက်လန့်သွားခဲ့တယ်’ဟု ဖော်ပြထားသည်။ သင့်တော်သောအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး ရဲတပ်ဖွဲ့နှင့် မလေးရှားပွဲကျင်းပ ရေးကော်မတီ (MASOC) က အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မလေးရှားလူ ငယ်နှင့် အားကစားဝန်ကြီးဌာနက ကြေညာချက်တစ်ခု၌ ဖော်ပြထား သည်။ အထူးသဖြင့် နိုင်ငံများကို ကိုယ်စားပြုသူများ ဘေးအန္တ ရာယ်ကင်းရှင်းရေး၊ လုံခြုံရေးတို့ နှင့် စပ်လျဥ်း၍ ဆီးဂိမ်းပြိုင်ပွဲကို လေးစားသောအားဖြင့်ယင်းဖြစ်ရပ်က လုံခြုံရေးအနေအထားများကို ထိခိုက်စေခြင်းရှိမည် မဟုတ်သည်ကို MASOC က အလေးထားပြောကြားလိုကြောင်း သောကြာနေ့ထုတ် ကြေညာချက်၌ ဖော်ပြထားသည်။ အလုပ်ရှင်များနှင့် ပို့ဆောင်ရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ယာဥ်မောင်းများနှင့် အမှုထမ်းများတွင် ရာဇဝတ်မှုမှတ်တမ်းမရှိရေး စိစစ်ရှာဖွေခြင်းလုပ်ငန်းစဥ်များ တင်းတင်းကျပ်ကျပ်လုပ်ကြရန်လည်း အဆိုပါကော်မတီက သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။ စည်းကမ်းအတိုင်း လိုက်နာ ရန် ပျက်ကွက်ပါက ပွဲအတွက် ငှားရမ်းထားသော လုပ်ငန်းစာချုပ် ချက်ချင်းအဆုံးသတ်ခြင်းအပါအဝင် အရေးယူမည်ဟု ဆိုသည်။ ယခု ဖမ်းထားသော ယာဥ်မောင်းကို အရာရှိများက တနင်္ဂနွေနေ့အထိ ရမန်ယူဖမ်းဆီးထားမည်ဖြစ်သည်။ —Ref:CNA
Source : http://ift.tt/2xcZcgp
via IFTTT

No comments:

Post a Comment