Thursday, August 24, 2017


မြန်မာ- အိန္ဒိယအကြား လုံခြုံရေးကိစ္စများ တိုးမြှင့်ဖို့ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ပြော အိန္ဒိယမှာ ရောက်ရှိနေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ဟာ မြန်မာနဲ့ အိန္ဒိယအကြား လုံခြုံရေး ကိစ္စရပ်များ တိုးမြှင့်ရေး ဆွေးနွေးဖို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး အာရမ် ဂျတ်တလေ နဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး BS Dhanoa ကို ပြောဆို လိုက်ကြောင်း အိန္ဒိယသတင်းတွေကဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ဟာ အိန္ဒိယလေတပ်ဦးချုပ် ဗိုလ်ချုပ်ကြီး Birender Singh Dhanoa နဲ့ နယူးဒေလီမြို့က လေတပ်ဌာနချုပ်မှာ တွေ့ဆုံကာ မြန်မာ-အိန္ဒိယလေတပ် အကြား ကျယ်ကျယ် ပြန့်ပြန် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးခဲ့ပါသေးတယ်။ အလားတူ လေတပ်ဦးစီးချုပ် ၂ဦးဟာ ဒေသတွင်းလုံခြံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ အကြား နားလည်မှု ရရှိခဲ့ကြောင်းလည်း ဆိုပါတယ်။ ဒါ့အပြင် မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Arun Jaitley နဲ့တွေ့ဆုံကာ နှစ်နိုင်ငံ တပ်မတော်များအကြား ပိုမိုပူူးပေါင်းဆောင် ရွက်ဖို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနဲ့ အိန္ဒိယဟာ နယ်စပ်ခြင်း မိုင် ၁ထောင်ကျော်ထိစပ်နေပြီး အိန္ဒိယရဲ့ မဟာဗျူဟာအရ အရေးပါ တဲ့ အိမ်နီးချင်းဖြစ်သလို၊ မဏိပူရ၊ နာဂစသည့် ဒေသများနှင့်လည်း ဆက်စပ်နေပါတယ်။ မြန်မာတပ်မတော်ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ အိန္ဒိယအပါအဝင် အနောက်နိုင်ငံများ ထိတွေ့ ဆက်ဆံမှုများ ပိုမိုပြုလုပ်လာရာ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ အိန္ဒိယခရီးစဉ်မှာ ပြီးခဲ့သည့် လအတွင်း က တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသို့ ဒုတိယအကြိမ် သွားရောက်ပြီးနောက် ဖြစ်ပေါ်လာသည့် ခရီးစဉ်ဖြစ်သည်။ ပြီးခဲ့တဲ့ ဇူလိုင်လက သွားရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်မှာ ဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီ၊ ကာကွယ်ရေး ဝန်ကြီး အာရမ် ဂျက်တလေ၊ အမျိုးသား လုံခြုံရေး အကြံပေး အာဂျစ် ဒိုဗယ်လ် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့သည်နှစ် သြဂုတ်လအတွင်းကလည်း သမ္မတဦးထင်ကျော် အိန္ဒိယသို့ သွားရောက် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နယ်စပ်ဒေသတလျှောက် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဆွေးနွေး ခဲ့ပါသေးတယ်။ အိန္ဒိယဟာ တရုတ်ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ဖို့ Act East လို့ ခေါ်တဲ့ အရှေ့အာရှ နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးမူ အရ အာဆီယံနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့နဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက် လာတာကို တွေ့ရပါတယ်။ အိမ်နီးချင်း မြန်မာတပ်မတော်ကိုလည်း ၁၀၅ မမ အမြောက်များ၊ ရော့ကက်လောင်ချာများ၊ မောင်းပြန် ရိုင်ဖယ်များ၊ ရေဒါများ၊ မော်တာများ၊ စစ်သုံးတံတားများ၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေး ကရိယာ များ၊ စစ်ဆင်ရေးသုံး ကွန်ပျူတာ ဆော့ဖ်ဝဲလ်၊ ကင်းလှည့်ရေယာဉ်များ၊ ဆိုနာများနှင့် ရေတပ် ဆိုင်ရာ စစ်သုံးပစ္စည်းများကို ပေးအပ်မှာဖြစ်သလို၊ အမေရိကန်ဒေါ်လာ ၃၇.၉သန်းဖိုးရှိ တိုပီဒိုတွေကို လည်း ရောင်းချပေးဖို့ ရှိပါတယ်။ The post မြန်မာ- အိန္ဒိယအကြား လုံခြုံရေးကိစ္စများ တိုးမြှင့်ဖို့ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2vZXrVK
via IFTTT

No comments:

Post a Comment