ကျန်းမာရေးအတွက် ဆိုးရွားစွာထိခိုက်မှု ရှိစေနိုင်တဲ့ အထီးကျန်ဆန်မှု နောက်ဆုံးလေ့လာချက်တွေအရ အထီးကျန်ဆန်ခြင်းက အဝလွန်ခြင်းလိုမျိုးပဲ ကျန်းမာရေးအတွက်လည်း မကောင်းသလို အသက်ရှင်နေထိုင်မှုအပိုင်းမှာလည်း ငယ်ငယ်ရွယ်ရွယ် မဟုတ်သည့်တိုင်အောင် စောစော သေဆုံးမှုတွေ ဖြစ်စေနိုင်လောက် အောင် ဆိုးကျိုးပေးနိုင်တယ်လို့ နောက်ဆုံးလေ့လာချက်တွေအရ သိလာရပါတယ်။ အရင်ဆုံး ကျနော်က လေ့လာချက်ရဲ့အဓိကအရေးပါတဲ့ အချက်လေးတွေကိုပဲ ပြောပြပါရစေ။ လူမှုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်မှုက ပုံမှန် အထီးကျန်ဆန်သူတွေရဲ့ သေဆုံးနှုန်းထက် ရာခိုင်နှုန်း ၅၀လောက်ထိ အောင် လျော့နည်းစေတယ်လို့ သိရပါတယ်။ ဒါပေမယ့် တယောက်တည်းနေသူတွေ၊ အထီးကျန်ဆန်သူတွေကတော့ အဆိုပါ ရာခိုင် နှုန်း ၅၀နှုန်း လောက်ထိအောင် သေဆုံးနိုင်ခြေ ပိုများတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေရသူတွေထက် ရာခိုင်နှုန်း ၅၀လောက် သေဆုံးနိုင်ခြေ ပိုများတာ ဖြစ်ပေမယ့် အဝလွန်မှု ကြောင့် သေဆုံးနိုင်ခြေထက် ရာခိုင်နှုန်း ပိုနေတယ်လို့လည်း သိရပါတယ်။ လေ့လာချက်တွေအရ အဝလွန်သူတွေဟာ ကျန်း မာရေး ချူချာနိုင်ပေမယ့် အထီးကျန်ဆန်သူတွေလောက်တော့ သေဆုံးနိုင်ခြေ မရှိဘူးလို့ ဆိုပါတယ်။ သေဆုံးပြီးသူတွေရဲ့နေထိုင်မှုအပိုင်းတွေနဲ့ ပတ်သက်ပြီး ပြန်လည် လေ့လာမှုတွေမှာလည်း အထီးကျန်ဆန်သူတွေအနေနဲ့ ဘဝမှာ အဓိပ္ပာယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရှင်သန်မှု နည်းပါးသလို အသက်လည်းတိုကြတယ်လို့ တွေ့ရှိလာရတာပဲ ဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင် အရွယ်ရောက် လူဦးရေ ၄၂.၆သန်းလောက် အထီးကျန်မှု ခံစားနေရတယ်လို့ သိရပြီး အဆိုပါ အထီး ကျန်မှု ဒဏ်ခံစားနေရတဲ့ လူတွေထဲက လေးချိုးတချိုးက တဦးတည်း နေထိုင်ကြသူတွေ ဖြစ်တယ်လို့ တွေ့လာရတယ်လို့ လေ့လာချက်က ဆိုပါတယ်။ အခု လေ့လာချက်ကို Brigham Young University က လေ့လာသူ Julianne Holt-Lunstad က ဦးဆောင် လေ့လာခဲ့တာ ဖြစ်ပြီး သူက အထီးကျန်ဆန်ခြင်းက စိတ်မပျော်ရွှင်မှုကို ဖြစ်စေတယ်၊ အဲဒီကနေမှ ဘဝကို အကောင်းဆုံးနေထိုင်လိုစိတ် လျော့နည်းလာစေပြီး တဖြည်းဖြည်းနဲ့ ကျန်းမာရေးချို့ယွင်းပြီး အသက်တိုတာမျိုး ဖြစ်လာစေတယ်လို့ ပြောပါတယ်။ အမေရိကန်မှာ လူဦးရေ ၄၂.၆သန်းလောက် အထီးကျန်ဆန်နေကြပြီး အင်္ဂလန်မှာဆိုရင်လည်း အထီးကျန်ဆန်မှုကြောင့် တီဗီ ကြည့်ပြီး နှစ်သိမ့်နေသူတွေ ၃.၉သန်းလောက် ရှိတယ်လို့ စာရင်းတွေအရ သိလာရတယ်လို့ ဆိုပါတယ်။ မေလအတွင်းက အင်္ဂလန်မှာ လက်တွေ့ ကွင်းဆင်းစစ်တမ်းတွေ ရယူခဲ့ပြီး စစ်တမ်းယူလူဦးရေရဲ့ ၃၅ရာခိုင်နှုန်းက တပတ်မှာ တကြိမ် အထီးကျန်မှုကို ခံစားရတယ်လို့ ဖြေကြသလို ၁၁ ရာခိုင်နှုန်းက နေ့စဉ်နေ့တိုင်းလိုလို စိတ်မပျော်ရွှင်မှု ခံစားရတယ် လို့ ဆိုကြပြီး ကျန်သူတွေလောက်ပဲစိတ်ကျေနပ်မှု ရှိနေကြတာလည်း ဖြစ်ပါတယ်။ ဒီကွင်းဆင်းလေ့လာချက်ကို တော်ဝင်စေတနာ့ဝန်ထမ်းအဖွဲ့ကနေ လုပ်ဆောင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အထီးကျန်ဆန်ခြင်းကို မိသားစုနဲ့ ဝေးကွာခြင်း၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဝေးကွာရခြင်းတွေကြောင့် ခံစား ရတယ်လို့ ဆိုပြီး အထီးကျန်ဆန်သူအားလုံးရဲ့ ၁၈ ရာခိုင်နှုန်းရှိနေသလို အလုပ်မရှိခြင်း၊ ဝင်ငွေမရှိခြင်းနဲ့ မိသားစုဝင် သေ ဆုံးခြင်းတွေကြောင့် အထီးကျန်ဆန်မှုကတော့ ၁၇ ရာခိုင်နှုန်းလောက်ထိအောင် ရှိနေတာလည်း ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ သက်ကြီးပိုင်းအမျိုးသားတွေမှာ ပိုပြီး အထီးကျန်ဆန်မှုဒဏ် ပိုမိုခံစားရတာလည်း တွေ့လာရပြီး အ သက် ၆၅ နှစ်နဲ့ ၆၉နှစ်အတွင်း သက်ကြီးပိုင်းအမျိုးသားတွေမှာ ပိုမို ဖိစီးတဲ့ အထီးကျန်မှုဒဏ်ကို ခံစားရနေတာလည်း တွေ့ လာရပါတယ်။ အခု လေ့လာချက် ပြီးမြောက်ဖို့အတွက် စစ်တမ်းကောက်ခံမှု ၂ကြိမ် လုပ်ဆောင်ထားတာ တွေ့ရပြီး ပထမတကြိမ်မှာ လူပေါင်း ၃သိန်း လောက်ကို စစ်တမ်းကောက်ယူမှု ၁၄၈ ကြိမ် လုပ်ဆောင်ထားခဲ့သလို ဒုတိယအကြိမ်အနေနဲ့ မြောက်အမေရိက၊ ဥရော ပနဲ့ အာရှ၊ သြစတြေးလျက ရပ်ဝေးနေ လူထု ၃.၄ သန်းလောက်ရဲ့ခံစားချက်တွေကို ကောက်ခံလေ့လာမှု ပြုလုပ်ထားတာ ဖြစ် တယ်လို့လည်း သိရပါတယ်။ လေ့လာချက်အဖြေအရတော့ အသက်ရှင်နေထိုင်မှုကာလအတွင်း လူသားတွေအနေနဲ့ ပျော်ရွှင်အောင် နေထိုင်ကြဖို့ လေ့လာ သူတွေက အကြံပေးသလို မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ နေထိုင်မှုက အကောင်းဆုံး ဘဝပျော်ရွှင်မှုကို ပေးနိုင်တယ် လို့ ဆိုသလို အထီးကျန်နေသူ သက်ကြီးပိုင်းတွေကိုလည်း အဖော်ပြုပြီး နေထိုင်သွားကြဖို့ ဆိုထားပါတယ်။ Ref: www.dailymail.co.uk The post ကျန်းမာရေးအတွက် ဆိုးရွားစွာထိခိုက်မှု ရှိစေနိုင်တဲ့ အထီးကျန်ဆန်မှု appeared first on ဧရာဝတီ.
Source : http://ift.tt/2fQM0u8
via IFTTT
No comments:
Post a Comment