၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အာမခံ ရရှိပြီ သရော်စာတစ်ပုဒ် ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ခံထားရသူ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အား ဩဂုတ် ၄ ရက်နေ့ ရုံးချိန်းတွင် အာမခံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဩဂုတ်လ ၄ ရက်နေ့ ရုံးချိန်းတွင် နဝမအကြိမ်မြောက်အဖြစ် အာမခံ လျှောက်ထားရာတွင် အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နှင့် ဗြိတိသျှကိုကိုမောင်တို့အား ဇွန် ၂ ရက်တွင် ဗဟန်းမြို့မရဲစခန်းမှူး က The Voice သတင်းစာသို့ ဖုန်းဖြင့် ဆက်သွယ်၍ မေးခွန်းမေးရန်ကျန်ရှိနေသဖြင့် စခန်းသို့ လာရောက်ရန် အကြောင်းကြားခဲ့ကြောင်း သိရပြီး စခန်းသို့ ရောက်ရှိချိန်တွင် ၎င်းတို့နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2u9GzN0
via IFTTT
No comments:
Post a Comment