Thursday, August 17, 2017


H1N1 ကြောင့် သေဆုံးသူ ၂၇ ဦး၊ ပိုးတွေ့လူနာ ၂၇၇ ဦးရှိလာ H1N1 ကြောင့် ဇူလိုင် ၂၁ မှ သြဂုတ် ၁၇ ရက်အထိ သေဆုံးသူ ဦးရေ ၂၇ ဦးရှိလာပြီဖြစ်ပြီး H1N1 Positive လူနာ ၂၇၇ ဦးရှိပြီဟု သိရသည်။ ထပ်တိုးစာရင်းတွင်ပါဝင်သည့် သေဆုံးသူ ကလေးငယ်သည် အသက် ၅ နှစ်အရွယ်ရှိ ယောင်္ကျားလေးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း၊ စစ်ဆေးချက်များ ရယူနေသည့် အတွက် ယနေ့မှ စာရင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွန်းအောင် က ဧရာဝတီသို့ ပြောသည်။ “ဆေးရုံကို ရောက်တာနဲ့ ဆုံးတာပဲ။ ၁၃ ရက်နေ့ နံနက်ပိုင်း က ရောက်တယ်။ ၁၃ ရက်နေ့ နေ့လည်ပိုင်း လောက်မှာ ဆုံးတယ်။ ရောက်ပြီးတော့ မကြာဘူးဆုံးတာပဲ။ စစ်ဆေးနေလို့ ဒီနေ့ စာရင်းမှ ပါတာ” ဟု ၎င်းက ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများအရ ဇူလိုင်လ ၂၁ရက်နေ့မှ ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နေ့လည် ၂ နာရီအထိ စာရင်းများအရ ပြင်းထန်အသက်ရူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသော လူနာ ၇၂၅ ဦးရှိပြီဖြစ်သည်။ The post H1N1 ကြောင့် သေဆုံးသူ ၂၇ ဦး၊ ပိုးတွေ့လူနာ ၂၇၇ ဦးရှိလာ appeared first on ဧရာဝတီ.
Source : http://ift.tt/2uTd3aI
via IFTTT

No comments:

Post a Comment