Wednesday, August 2, 2017


H1N1 နှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်တွင် အရေးနိမ့် ရာသီတုပ်ကွေးရောဂါ (H1N1)နှင့် ပတ်သက်၍ တနိုင်ငံလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့သော်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက မှတ်တမ်းအဖြစ်သာ ထားရှိရန် အဆိုပြုသဖြင့် မဲခွဲရာ ရှုံးနိမ့်သွားခဲ့ရသည်။ ယင်းအဆိုကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ကျောင်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တင်သွင်းခဲ့ပြီး ယနေ့တွင် လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့က ဆွေးနွေးခဲ့ရာ ထောက်ခံသူ ၇ ဦး၊ အကြံပြု ဆွေးနွေးသူ ၃ ဦး၊ မှတ်တမ်းတင်ရန် ၂ ဦး ရှိခဲ့သည်။ အဆိုကို ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၉၂ ဦးရှိရာ အတည်ပြုရန် ထောက်ခံသူ ၁၄၆ ဦး၊ ကန့်ကွက်သူ ၂၃၁ ဦးနှင့် ကြားနေသူ ၄ ဦး စုစုပေါင်း ၃၈၁ ဦးတို့ဖြင့် အဆိုမှာ အရေးနိမ့် သွားခဲ့ရသည်။ “ရှုံးပါစေ။ ဒီအဆို အောင်ခြင်း၊ မအောင်ခြင်းက ကျနော်ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ရည်ရွယ်ချက်က ပြည်သူတွေ တကယ် သိရရှိပြီးတော့ ဒီရောဂါ ကပ်ဆိုးကြီးကို ကျနော်တို့ကနေ ကယ်ဆယ်ဖို့အတွက်ပဲ ပြောတာ။ ဖြစ်သွားရင် သိပ်ကြောက်ဖို့ ကောင်းတယ်”ဟု အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောသည်။ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကေ်ာမတီ ဥက္ကဌ ဒေါက်တာ စံရွှေဝင်းက “တာဝန်ယူမှု၊ တာဝန် ခံမှု အပြည့်အဝ ရှိပြီးတော့ ဘယ်အဖွဲ့အစည်းရဲ့ ဖိအားပေးမှုမှ မရှိဘဲ မိမိ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နေတဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်သင့်ပါကြောင်း ပြောလိုပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။ ယင်းအဆိုကို ထောက်ခံဆွေးနွေးသူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စမ်းသီတာခင်ကလည်း ယခု ရောဂါကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က စိုးရိမ်စရာ မရှိသေးကြောင်း ထုတ်ပြန်ထားသော်လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သောကြောင့် ပြည်သူတဦး အနေဖြင့် စိုးရိမ်မိကြောင်း လွှတ်တော်တွင် ပြောသည်။ “မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ Seasanal Influenza A(H1n1) pdm 2009 ဟာ ကပ်ရောဂါအသွင် ဖြစ်လာပါက လူသား တို့၏ အသက်များစွာ ဆုံးရှုံးခြင်း၊ လူမှု စီးပွားရေးဘဝ ထိခိုက်ခြင်း၊ တိုင်းပြည်၏ စီးပွားရေးပုံရိပ်များ ထိခိုက်လာနိုင်တဲ့ အတွက် အချိန်မီတားဆီးကာကွယ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုပါတယ်”ဟု ၎င်းက အကြံပြုသည်။ ထို့ပြင် လူထုတွင် ကျန်းမာရေး ဗဟုသုတ နည်းပါးခြင်း၊ ဝင်ငွေ နည်းပါးခြင်း၊ စားသောက်မှုနှင့် လူနေမှု စနစ်များ အားနည်းခြင်း၊ ပြည်စုံ လုံလောက်သော ကျန်းမာရေး အထောက်ကူပြုမှု အားနည်းခြင်းတို့ကြောင့် ကူးစက်ရောဂါ ပိုမို ပြန့်ပွားလာမည် ဆိုပါက ထိန်းချုပ်ရန် ခက်ခဲနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ မြင့်ထွေးကမူ “အထိတ်တလန့် မဖြစ်စေသော်လည်း သတိထားရမယ်။ ဘတ်စ်ကား ပေါ်တက်လို့ ကိုယ့်ဘေးမှာ ချောင်းဆိုးတဲ့သူ တွေ့လို့ရှိရင် ဝေးဝေးကရှောင်။ အဲဒီတော့ ချောင်းဆိုးတဲ့သူကလည်း သူများကို ကူးနိုင်တဲ့အတွက် ကျင့်ဝတ်အရ ဘတ်စ်ကား မစီးပါနဲ့။ အိမ်ထဲမှာ နေပါ”ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။ မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၃ ဦးအထိ ရှိနေပြီဖြစ်သည့် H1N1 ရောဂါပိုးသည် ခန့်မှန်းရခက်သော်လည်း လက်ရှိအခြေအနေအထိ ထိန်းချုပ်ထားနိုင်ကြောင်း၊ မြန်မာတနိုင်ငံလုံးရှိ ဆေးရုံများမှ ဖျားနာသူ အတက်အကျ စာရင်းကို စောင့်ကြည့်နေကြောင်း သိရသည်။ တနိုင်ငံလုံးရှိ ဆေးရုံများတွင် ပြင်ဆင် ကုသမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားခြင်းကြောင့် H1N1 ရောဂါသည် ထွက်လမ်း မရှိတော့ဘဲ ကျဆုံးရတော့မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။ The post H1N1 နှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်တွင် အရေးနိမ့် appeared first on ဧရာဝတီ.
Source : http://ift.tt/2tZaAuR
via IFTTT

No comments:

Post a Comment