iPhone 8 မလာခင် iPhone 7S အရင် လာမှာလား အခုနှစ် အတွင်း ဈေးကွက်ထဲ ရောက်လာနိုင်မယ်လို့ ယူဆရတဲ့ iOS ဖုန်းသစ်က iPhone 8 တမျိုးတည်းတော့ မဟုတ်ပါ။ iPhone 7 ရဲ့ နောက်ဆက်တွဲ iPhone 7S နဲ့ iPhone 7S Plus တွေလည်း ဈေးကွက်ထဲ ရောက်လာနိုင် ပါတယ်။ iPhone ဆယ်နှစ်ပြည့် အနေနဲ့ အခုနှစ်ထဲမှာ ဖုန်းမော်ဒယ်သစ် ရောင်းချမယ် လို့ ယူဆထားသလို ရှေ့ထွက် iPhone 7 ရဲ့ နောက်ဂဏန်းဖြစ်မယ့် iPhone 8 အနေနဲ့ ထွက်ရှိလာမယ် လို့ ထင်ရပေမယ့် ပြီးပြည့်စုံအောင်ဖန်တီးမှု လိုုအပ်ချက် ရှိနေသေးတယ်လို့ သတင်းတွေ ထွက်နေတဲ့ iPhone 8 အစား အခုနှစ်ထဲမှာ iPhone 7S လို မော်ဒယ် ထွက်လာနိုင်တာ ဖြစ်ပါတယ်။ iPhone 8 မလာသေးပဲ iPhone 7S လာမယ် ဆိုရင်ရော မကြာခင်မှာ ဈေးကွက်ထဲ ရောင်းချလာနိုင်ပါသလား။ တချို့ သတင်းတွေအရ iPhone 7S နဲ့ iPhone 7S Plus တွေ ရောင်းချဖို့တောင်မှ စက်တင်ဘာလက နှစ်ကုန်ပိုင်းထိ ရောက်သွား နိုင်တယ် လို့ ဆိုပါတယ်။ ကုမ္ပဏီကတော့ iPhone 8 မရောင်းသေးဘဲ iPhone 7S ကို ရောင်းမယ် ဆိုရင် အခုလထဲမှာ ရောင်းချနိုင်တယ် လို့ ခန့်မှန်းပါတယ်။ iPhone 7S အကြောင်းကို အများစု ထင်ကြေးပေးနေကြတာက အခု ဈေးကွက်ထဲက iPhone 7 ကို အဆင့်မြှင့် ထုတ်လုပ်မှုသာ ဖြစ်နိုင်မယ်။ ကြီးမားတဲ့ ပြောင်းလဲမှု သိပ်မရှိနိုင်ဘူး၊ LCD ပြသ စနစ်နဲ့ ဖြစ်နိုင်ပြီး True Tone စနစ် ပါလာမယ်၊ Processor မှာ နောက်ဆုံးထွက် A10X နဲ့ A11 တခုခု ထည့်လာနိုင်တယ်၊ Home ခလုတ်မှာ Touch ID ထည့်ထားမယ်၊ iOS 11 ကို ထည့်ထားမယ်၊ ကြိုးမဲ့ အားသွင်းစနစ်ကို သုံးနိုင်မယ်၊ အလူမီနီယမ် ကိုယ်ထည် မဟုတ်ရင် ဖန်သားကိုယ်ထည်နဲ့ ဖြစ်မယ်၊ ရေစိုခံနိုင်မှု စွမ်းရည် ပိုကောင်းလာမယ်၊ အနီရောင်လို အရောင်သစ် ရွေးချယ်နိုင်အောင် ထုတ်လုပ်လာမယ်၊ RAM 2GB ရှိနိုင်ပြီး ဈေးနှုန်းက iPhone 7S ကို ဒေါ်လာ ၆၄၉ နဲ့ iPhone 7S Plus ဆိုရင် ၇၄၉ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Apple ကတော့ အခုချိန်ထိအောင် iPhone 7S နဲ့ 7S Plus အကြောင်း တရားဝင် ကြေငြာတာ မရှိသေးပါဘူး။ ခန့်မှန်းချက်နဲ့သာ စက်တင်ဘာ လဝက်လောက်မှာ S မော်ဒယ်တွေ မိတ်ဆက်လာနိုင်တယ် လို့ ယူဆနေတာပါ။ Economic News Daily ကလည်း MacRumors ရဲ့ သတင်းကို ပြန်မျှတဲ့ အနေနဲ့ iPhone 7S တွေကို စက်တင်ဘာ လဆန်းပိုင်းမှာ ရောင်းလာနိုင်တယ် လို့ ဖော်ပြထားတာ တွေ့ရသလို အောက်တိုဘာ၊ နိုဝင်ဘာနဲ့ အဲဒီနောက်ပိုင်း ကာလထိအောင် နောက်ကျပြီးမှ ရောင်းလာနိုင်တယ် လို့ ဆိုထားတာ တွေ့ရပါတယ်။ ဖုန်းအရွယ်အစား ကတော့ သိပ်ပြောင်းလဲ လာဖို့ မရှိဘူးလို့ ထင်နေကြပြီး iPhone 7S က ၄ ဒသမ ၇ လက်မနဲ့ iPhone 7S Plus ကတော့ ၅ ဒသမ ၅ လက်မ ရှိမယ်လို့ ယူဆရပါတယ်။ အလူမီနမ်အလွိုင်သား ကိုယ်ထည်နဲ့ ဖြစ်နိုင်တယ်လို့ DigiTimes က ဖော်ပြထားတာလည်း တွေ့ရပါတယ်။ နောက်ဘက် ကင်မရာ ၂ လုံး ပါနိုင်ပါတယ်၊ ကြိုးမဲ့ အားသွင်းစနစ် သုံးနိုင်လာဖို့ ရှိနေပြီး ထိုင်ဝမ်က iPhone တပ်ဆင်ထုတ်လုပ်သူ Wistron ရဲ့ CEO ကတော့ iPhone 7S လို့ ယူဆရတဲ့ ၅ ဒသမ ၅ လက်မ မော်ဒယ်သစ်မှာ ရေစိုခံနိုင်မှုလည်း ရှိလာမှာ ဖြစ်သလို ကြိုးမဲ့ အားသွင်းလာနိုင်မယ် လို့ ဆိုထားတာ တွေ့ရပါတယ်။ USB ပိုင်းမှာလည်း အဆင့်မြှင့်မှု လုပ်ဆောင်ထားနိုင်ပြီး Apple ရဲ့ ပညာရှင် Ming Chi Kuo ကိုယ်တိုင်က ဖုန်းမော်ဒယ်သစ်မှာ ပိုမိုမြန်ဆန်တဲ့ USB-C နဲ့ အားသွင်းနိုင်မယ်၊ အချက်အလက် မြန်ဆန်အောင် ချိတ်ဆက် သုံးနိုင်မယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ တချို့ကလည်း S မော်ဒယ်တွေ မလာပဲ SE မော်ဒယ် အနေနဲ့ လာနိုင်တယ်လို့ ယူဆနေပါတယ်။ ဒါပေမယ့် SE အနေနဲ့ ထွက်လာမယ် ဆိုရင်တော့ Ming ရဲ့ ပြောကြားချက်တွေ အရ အခုနှစ်ထဲမှာ ရောင်းချလာဖို့ မရှိပါဘူး။ အခြား Apple က ပညာရှင် တယောက်ဖြစ်တဲ့ Pan Jiutang ကလည်း Cult of Mac ကို ပြောကြားချက်မှာ ဈေးကွက်အောင်မြင်မှု အားနည်း နိုင်တာကြောင့် SE လို မျက်နှာသစ်မော်ဒယ်ကို အချိန်ယူ ထုတ်လုပ်ဖို့ ရှိနေတဲ့ သဘောမျိုး ပြောသွားတာလည်း တွေ့ရပါတယ်။ ဒါဆိုရင်တော့ SE ထွက်လာနိုင်သည့်တိုင် ဒီနှစ်ထဲမှာတော့ ရောင်းလာဖို့ မရှိလောက်ပါဘူး။ iPhone ကို mini ပုံစံ ဖန်တီးထားတဲ့ SE ကို ၂၀၁၆ ခုနှစ် မတ်လ ကတည်းက မိတ်ဆက်ထားတာပါ။ ၄ လက်မ အရွယ်ပဲ ရှိပါတယ်။ 6S မိတ်ဆက်ပြီး မကြာခင် မိတ်ဆက်ခဲ့တာပါ။ 32GB မော်ဒယ်ကို ၃၉၉ ဒေါ်လာ၊ 128GB မော်ဒယ်ကို ၄၉၉ ဒေါ်လာနဲ့ ရောင်းချနေတာပါ။ iPhone 7 ရဲ့ နောက်ဆက်တွဲ SE ကတော့ ကြာဦးမယ့် သဘောပါ။ မော်ဒယ်သစ်မှာ iOS 11 ကတော့ ရာခိုင်နှုန်း အများဆုံး ထည့်သွင်းဖန်တီးလာဖို့ ရှိနေတာ ဖြစ်ပြီး ဒီစနစ်က Siri စနစ်ကိုလည်း ပိုမို တိကျအောင် သုံးနိုင်လာမယ်၊ Screen Recording လည်း လုပ်နိုင်လာမယ်၊ Music App အသစ် ပါလာမယ်၊ အခြား အဆင့်မြှင့်မှုတွေလည်း ပါရှိကောင်းမွန်လာမှာပါ။ ဈေးကွက်ထဲကိုတော့ အားလုံး ခန့်မှန်းထားတဲ့ အတိုင်း စက်တင်ဘာ လလယ်လောက်မှာ iPhone 7S လို S မော်ဒယ်တွေ ရောင်းချလာနိုင်သလို ဈေးနှုန်းကလည်း ဒေါ်လာ ၆၄၉ နဲ့ ၇၄၉ တွေ ဖြစ်နိုင်ပြီး ဒီမော်ဒယ်တွေ မရောင်းဘဲ iPhone 8 ကို ရောင်းလာမယ် ဆိုရင်တော့ ဈေးနှုန်းက ဒေါ်လာ ၈၅၀ ကနေ ၁၂၀၀ အတွင်း ဈေးရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Ref: www.cnet.com The post iPhone 8 မလာခင် iPhone 7S အရင် လာမှာလား appeared first on ဧရာဝတီ.
Source : http://ift.tt/2wrjwKv
via IFTTT
No comments:
Post a Comment