Friday, August 4, 2017


အသားရေလှချင်သူများအတွက် ရုံးပတီသီးရဲ့အာနိသင် ရုံးပတီသီးက ဗီတာမင် A, B, C, Eနဲ့ Kတွေ ပြည့်ဝစွာ ပါဝင်ပြီး ကျနော်တု့ိ ပြည်တွင်းမှာ လူကြိုက်များတဲ့ အသီးအနှံတခု ပါ။ ချဉ်ဟင်းထဲမှာ ထည့်ချက်ကြတယ်၊ အနေတော် လှီးဖြတ်ပြီး ကြော်စားကြတယ်၊ အစိမ်းလိုက် တို့စားကြတယ်၊ ရေနွေး ဖျောပြီးလည်း စားကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အရသာမပြင်းတဲ့အတွက် မချို၊ မခါး အသီးဖြစ်တဲ့ ရုံးပတီသီးကို လူကြိုက်များပါတယ်။ ဒါပေမယ့် အမျိုး သမီးတွေကတော့ အစားနည်းချင်ကြပါတယ်။ အကြောင်းကတော့ နည်းနည်း စေးချင် ချွဲချင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် တ ကယ်တော့ ရုံးပတီသီးကို အမျိုးသမီးတွေ ပိုမို စားသုံးပေးသင့်ပါတယ်။ အကြောင်းကတော့ အသားရေ စိုပြေလှပစေတာကြောင့် ဖြစ်ပါတယ်။ သူတို့ သိပ်သဘောမကျတဲ့ အချွဲဓာတ်ကြောင့်ပဲ အသား အရေကို စိုပြေစေတာ ဖြစ်ပါတယ်။ ဒါကြောင့် အချွဲမကြိုက်ရင် အစိမ်းလိုက် စားပေးနိုင်သလို ကြော်စားမယ်ဆိုရင်လည်း သိပ်မချွဲတော့ပါဘူး။ ချဉ်ဟင်းထဲထည့် ချက်ရင်တော့ အာဟာရစုံ ရနိုင်ပေမယ့် ရုံးပတီသီးရဲ့ဓာတ်တော့ နည်းနည်းလျော့သွားနိုင်ပါတယ်။ ဒါဆို ရုံးပတီသီးက အ သားအရေ လှပဖို့ပဲ စားသုံးသင့်တဲ့အသီးလား။ တခြား အကျိုးကျေးဇူးတွေရော မရှိတော့ဘူးလား။ ရုံးပတီသီးရဲ့အစိမ်းရောင်ဓာတ်သဘောနဲ့အတူ ပါဝင်တဲ့ ဗီတာမင် Aနဲ့ အာဟာရဓာတ်တွေက မျက်လုံးနဲ့ အာရုံကြောကို အား ကောင်းစေတယ်လို့ ဆိုပါတယ်။ မျက်မှန်တပ်ရသူတွေ၊ မျက်လုံး အားနည်းနေသူတွေအတွက်တော့ အဆင်ပြေမှာပါ။ နေ့စဉ်စားသုံးပေးဖို့ မဖြစ်မနေ လိုအပ်တဲ့ အသီးမဟုတ်ပေမယ့် ဖြည့်စွက်စာအဖြစ်တော့ အဆင်သင့်သလို စားသုံးပေးသင့်ပါတယ်။ နောက်ပြီး ရုံးပတီသီးက အစာအိမ်တွင်း အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့်တော့ အစာချေဖျက်စနစ် မှာ လိုအပ်တဲ့ အက်ဆစ်ဓာတ်ကို အားကောင်းစေတယ်လို့ သိရပါတယ်။ အမျှင်ဓာတ်တခု ဖြစ်တဲ့ Mucilaginous က စားသုံးအစာကိုရော ချေဖျက်ပြီး စွန့်ပစ်အစာကိုပါ အကောင်းဆုံး လည်ပတ် သွားလာစေလို့ ဝမ်းချုပ်ခြင်းတွေကအစ လျော့နည်း စေနိုင်တယ်လို့ သိရပါတယ်။ အသားအရေအပိုင်းမှာတော့ စိုပြေမှု အားကောင်းစေတယ်။ နောက်ပြီး အမာရွတ်ထင်ကျန်မှုကို လျော့နည်းစေတယ်။ အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်တဲ့ အရေပြား အစင်းအရာတွေကို လျော့နည်းစေပြီး အသားအရေ တင်းရင်းလှပမှု တွေ ရှိစေနိုင်တာလည်း ဖြစ်ပါတယ်။ ရုံးပတီသီးဟာ ရေဓာတ်စုဖွဲ့မှု အားကောင်းတာကြောင့် ရေသောက်နည်းသည့်တိုင် အောင် ရေဓာတ် ရရှိမှုလည်း သင့်တင့်စေတယ်လို့ သိရပါတယ်။ ဒါအပြင် ပိုတက်စီယမ် အနည်းငယ် ပါရှိပြီး သူက အိပ်ပျော်စေတယ်၊ သွေးလည်ပတ်မှု အားကောင်းမှန်ကန်စေတယ်၊ အထူး သဖြင့် နှလုံးအားနည်းသူတွေအတွက် ရုံးပတီသီးက အကောင်းဆုံး ဖြည့်စွက်စာတခု ဖြစ်စေမှာပါ။ အဆီ လုံး၀ မပါတဲ့ ကိုလက်စထရော လျော့ချစေနိုင်တဲ့အသီးအနှံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ Oxalate ဆိုတဲ့ အနည်ထိုင်စေမှု ဓာတ်ပါရှိမှုက ကျောက်ကပ်ကျောက်တည်မှုကို အားပေးတယ်လို့ သိရပြီး ကျောက်တည်မှု ရာခိုင်နှုန်း ပို စေတာတွေ၊ ကျောက်တည်နေသူတွေအတွက် ကျောက်ကြီး မြန်စေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် ကျောက်ကပ်သမားတွေကတော့ သတိထားပြီး စားသုံးသင့်ပေမယ့် အခြားသူတွေအတွက်ကတော့ အဆင်ပြေ ကောင်းမွန်စေမယ့် ဖြည့်စွက်စာတခုပဲ ဖြစ်ပါတယ်။ Ref: www.healthcare.com The post အသားရေလှချင်သူများအတွက် ရုံးပတီသီးရဲ့အာနိသင် appeared first on ဧရာဝတီ.
Source : http://ift.tt/2uql4mm
via IFTTT

No comments:

Post a Comment