အကြမ်းဖက် သတ်ဖြတ်ခံရသည့် မြိုတိုင်းရင်းသား မိသားစုဝင်များထံသို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ မောင်တော ဩဂုတ် ၅ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ဦးဆောင်သော လွှတ်တော် ကိုယ် စားလှယ်များအဖွဲ့သည် ဩဂုတ် ၃ ရက်က အကြမ်းဖက် သတ်ဖြတ် ခံရသည့် ကိုင်းကြီး ကျေးရွာရှိ မြိုတိုင်းရင်းသားများ၏ မိသားစုဝင်များထံသို့ ယနေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက်တွေ့ဆုံသည်။ လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် မြိုတိုင်းရင်းသားများအတွက် ဆန် ၄၆ အိတ်၊ တစ်အိမ်ထောင်လျှင် ဆီနှစ်ပိဿာ၊ ဆားနှစ်ပိဿာနှင့် ပဲနှစ်ပြည်တို့ကို ထောက်ပံ့ပေးအပ်ပြီး အသတ်ခံရသည့် မြိုတိုင်းရင်းသား မိသားစုဝင်များအတွက် မိသားစုတစ်စုလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေးအပ်သည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြည်သူများ ဒုက္ခဖြစ်သည့်နေရာကို လာရောက် ရန် မိမိတို့တွင် တာဝန်ရှိကြောင်း၊ ယခုကဲ့သို့ ပြဿနာဖြစ်ပွားပြီးမှ ရောက်လာရသည် ကို တာဝန်မကျေသလိုခံစားရပါကြောင်း၊ ဆုံးရှုံးသွားရသည့် တိုင်းရင်းသားများ၏ တန်ဖိုးနှင့် မိမိတို့ ထောက်ပံ့ကူညီမှုများမှာ အစားထိုး၍ မရနိုင်ပါကြောင်း ပြောကြားခဲ့သည်။ အေဝမ်းစိုး
Source : http://ift.tt/2v9Un7F
via IFTTT
No comments:
Post a Comment