Sunday, August 6, 2017

The Voice

သီတဂူ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံသို့ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက် ရန်ကုန်၊ ဩဂုတ် ၅ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ငြိမ်းချမ်းရေး ညီညွှတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာ ပေါင်းစုံ ညီလာခံသို့ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးလျက်ရှိသည်။ အဆိုပါ ညီလာခံကို ဩဂုတ်လ (၅ ရက်မှ ၆ ရက်)ထိ ကျင်းပလျက်ရှိရာ ညီလာခံသို့ အိန္ဒိယဝန်ကြီးချုပ်နှင့် ဂျပန် ဝန်ကြီးချုပ်တို့က သဝဏ်လွှာ Video Tape ပေးပို့ခဲ့သည်။ ထို့ပြင် သာသနာရေးနှင့် ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမျိုးသား လုံခြုံရေနှင့် အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့သည်။ “အယူဝါဒများ မည်သို့ပင်ခြားနားစေကာမှု ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရမည်ဆိုသည့် ခိုင်မာသော သန္နိဋ္ဌာန်ထားရှိသည်မှာ ဘာသာရေးခေါင်းဆောင်များ၌ စိတ်တူကိုယ်တူ ရှိနေကြတယ်”ဟု သီတဂူ ဆရာတော်ကြီးက ညီလာခံ၌ မိန့်ကြားသည်။ ယင်းညီလာခံသို့ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ တရုတ်၊ ဂျပန်၊ ဘူတန်၊ ပြင်သစ်၊ အိန္ဒိယ၊ သီရိလင်္ကာ အပါအဝင် ပြည်ပနိုင်ငံ ၃၂ နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်နှင့် ပြည်တွင်းပြည်ပ ပညာရှင်များ စုစုပေါင်း ၂၂၅ ဦး တက်ရောက် ဆွေးနွေးလျက်ရှိသည်။
Source : https://goo.gl/xSvyDV
via IFTTT

No comments:

Post a Comment