မြို့နယ် ၉ ခုတွင် တစ်ရက်ထဲ ၁၀၀၀၀ နှင့် ၅၀၀၀ ကျပ်တန် အတုများ တွေ့ရှိ ရန်ကုန်၊ ဩဂုတ် ၁ ရန်ကုန်တိုင်း အတွင်းက မြို့နယ် ၉ မြို့နယ်တွင် ယမန်နေ့ တစ်ရက်ထဲ ၁၀၀၀၀ ကျပ်တန်နှင့် ၅၀၀၀ကျပ်တန် ငွေစက္ကူ အတု အရွက် ၇၀ ကျော် တွေ့ရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။ ဒလ၊ ကွမ်းခြံကုန်း အပါအဝင် ဗဟန်း၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ကမာရွတ်၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာ မြို့နယ် တို့တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်များမှ ငွေအတုများသည် နိုင်ငံခြားစက္ကူ အမျိုးအစား ဖြစ်ပြီး စက္ကူသားချောခြင်း၊ အစစ်ထက် အလျား(၁) မီလီမီတာရှည်၊ အနံ(၁)မီလီမီတာ တိုခြင်း၊ အနံ (၁)မီလီမီတာ ရှည်ခြင်း၊ အရောင်မှေးမှိန်ခြင်း၊ ရုပ်ပုံ/တန်ဖိုးရေစာများမှာ ပုံရိပ်သဏ္ဍန် သာရှိခြင်း၊ လုံခြုံရေး ကြိုးမှာခရမ်း/ငွေမှင်ရောင်သာ ပါရှိပြီး အရောင်ပြောင်းလဲမှု မရှိခြင်း၊ ကာလာပရင်တာ နည်းဖြင့် တုပ ထားခြင်း၊ လျှို့ဝှက်ချက်များ ပါရှိမနေဟု အထက်ပါ ဝန်ကြီးဌာနက ပြောဆိုထားသည်။ ယင်း ငွေအတုများကို ဘဏ်သို့ အပ်နှံစဉ် သက်ဆိုင်ရာဘဏ်ဝန်ထမ်းက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကာ တစ်စုံတစ်ဦးကိုမှ လက်ရှိတွင် အမှုဖွင့် အရေးယူခြင်းမရှိကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2vdZiqB
via IFTTT
No comments:
Post a Comment