Saturday, August 5, 2017

အတန္ဆုံးပါဆိုတဲ့ Samsung Galaxy Tab S3

အတန်ဆုံးပါဆိုတဲ့ Samsung Galaxy Tab S3 Android စနစ်သုံးTablet ထုတ်လုပ်ရောင်းချသူတွေထဲမှာSamsung က အစောဆုံးကုမ္ပဏီတခုပါ။ ရွေးချယ်နိုင်စရာ မော်ဒယ် အများအပြား ထုတ်လုပ်မှုနဲ့ အတူဈေးကွက်မှာလည်း လူကြိုက်များနေပါတယ်။ Apple ရဲ့ iPad နဲ့ iPad Pro တွေကို ဈေးကွက် ပြိုင်နိုင်အောင် ရည်ရွယ် ထုတ်လုပ်လာတယ် လို့ ယူဆရတဲ့ Samsung Galaxy Tab S3 မော်ဒယ်က ဘယ်လို အားသာချက်၊ အားနည်းချက်တွေ ရှိနေပါသလဲ။ သဘောကျစရာ ကောင်းတဲ့ အချက်က ဒီဇိုင်းပိုင်းဆွဲဆောင်မှု ကောင်းတယ်၊ ပေါ်လွင်တယ်၊ ပေါ့ပါးတယ်၊ ပါးလွှာတယ်၊ သယ်ဆောင်ရလွယ်ကူစေတယ်၊ နောက်ပြီး Sim ကတ် ထည့်သွင်းအသုံးပြုနိုင်မှုက တချို့ ဖုန်းရောTab ပါ မသုံးချင်သူတွေ အတွက် Tab တခုတည်းနဲ့တင် အဆင်ပြေစေပါတယ်။ ပြီးတော့ S-Pen ပါရှိမှုက ပုံတွေ ဆွဲဖို့ အကောင်းဆုံး အဆင်ပြေလာ စေပါတယ်။ ဒါပေမယ့် မော်ဒယ်က Multitasking ကို Limited အနေနဲ့ပဲ သုံးနိုင်တယ်၊ ပြီးတော့ Tab မှာ Android စနစ်က အကောင်းဆုံး အသုံးဝင်အောင်၊ စိတ်ကြိုက်ဖြစ်လောက်အောင် မပြည့်စုံသေးလို့ နောက်ထပ် အဆင့်မြှင့်မှုတွေ လုပ်ဆောင်ဖို့တော့ လိုအပ်နေဦးမှာပါ။ အခုမော်ဒယ်နဲ့ ပတ်သတ်ပြီးဒီဇိုင်း၊ ပြသမျက်နှာပြင်စနစ်၊ စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းနဲ့ မော်ဒယ်ရဲ့ အရည်အသွေး လိုက်ဖက်မှုတွေကို ၁၀ မှတ် အတွက် ၈ မှတ်ထိ ပေးပြီးSoftware ထည့်သွင်းပါရှိမှု၊ ဘက်ထရီသက်တမ်းနဲ့ ကင်မရာ အရည်အသွေးတွေကိုတော့ ၁၀ မှတ် အတွက် ၇ မှတ်လောက်ပဲ ပေးပါတယ်။ မော်ဒယ်က ပါးလွှာအောင် အထူးဖန်တီးထားသလို ရှေ့ဘက် ပြသမျက်နှာပြင်ရဲ့ ဘေးဘက် ဘောင်တွေမှာလည်း ကောင်းကောင်းနေရာချ ကိုင်တွယ် အသုံးပြုစရာ နေရာချန်ထားပါတယ်။ ဒါကTouch စနစ်နဲ့ သုံးနိုင်မယ့် မျက်နှာပြင်ပေါ် ကို မလိုအပ်တဲ့ လက်ချောင်း ထိတွေ့မှုတွေ မရှိအောင် ဖန်တီထားတဲ့ သဘောပါ။ အသံစနစ်အတွက် စပီကာ ၂ လုံး ထည့်ထားပါတယ်။ စတူရီယို သီချင်းတွေ နားထောင်ရာမှာအသံလှိုင်းကို နားဆီကို တိုက်ရိုက်ရောက်ရှိတာကြောင့် ဖြစ်မယ့် ဆူညံသံကို လျော့ချနိုင်အောင် စပီကာ ၂ လုံးကို အထက်နဲ့ အောက်ဘက် ၂ နေရာမှာ ခွဲခြား ထည့်သွင်းထားတာပါ။ Power ခလုတ်ကTab ရဲ့ ညာဖက်မှာ ထည့်ထားတယ်၊ Nano Sim ကတ် ထည့်နိုင်မယ်၊ SD Card လည်း စိုက်နိုင်မယ်၊ ၃ ဒသမ ၅ မီလီမီတာ အရွယ် နားကြပ်ပေါက်လည်း ပါတယ်၊ ပြီးတော့ အားသွင်း မြန်ဆန်စေတဲ့ USB Type-C ပေါက်လည်း ထည့်ထားတာ တွေ့ရပါတယ်။ ဂိမ်းနဲ့ ဗီဒီယိုလို ရုပ်သံပိုင်းတွေ စမ်းသပ်ကစားကြည့်ရာမှာလည်း တော်တော်လေး သွက်ပါတယ်၊ ရုပ်ထွက်လည်း ကောင်းမွန်ပါတယ်၊ အရောင်ကတော့ မီးခိုးရောင်နဲ့ အနက်ရောင်တွေ ရနိုင်ပါတယ်။ Qualcomm Snapdragon 820 SoC ကို ထိုင်ထားတယ်၊ RAM 4GB ပါမယ်၊ Memory ကတော့ 32 GB ပဲ ဖြစ်လို့ SD ကတ်စိုက်သုံးရမယ်။ 4G စနစ်ထိ ချိတ်ဆက်နိုင်မယ့် Sim ကတ် ထည့်နိုင်မှာပါ။ ပြသမျက်နှာပြင်စနစ်က AMOLED နဲ့ ဖြစ်ပါတယ်၊ HDR ရုပ်ထွက်ကို ပြသပေးနိုင်ပါတယ်။ ဘက်ထရီကတော့ 6000mAh အားထိန်း ဘက်ထရီ ဖြစ်ပါတယ်၊ ကင်မရာမှာပင်မ နောက်ဘက် ကင်မရာက 13 MP နဲ့ ရှေ့ဘက် အကူကင်မရာကတော့ 5 MP ပဲရှိပါတယ်။ မော်ဒယ်ကအရွယ် အစား ၉ ဒသမ ၇ လက်မပဲ ရှိပါတယ်၊ Processor မြန်နှုန်း 1.6 GHz ရှိပါတယ်။ အလေးချိန် ၄၃၄ဂ ရမ်ပဲ လေးတာပါ။ ဘက်ထရီက အသေတပ်ဆင်ထားတာ ဖြစ်ပြီး ဖြုတ်လို့ မရပါဘူး။ Wi-Fi ရော Bluetooth ပါ ချိတ်ဆက် သုံးနိုင်မှာပါ။ SD ကတ် စိုက်သုံးမယ် ဆိုရင် 256 GB ထိ စိုက်နိုင်မှာ ဖြစ်လို့ သဘောကျစရာပါ။ Android v7.0 ကို ထည့်သွင်း ဖန်တီးထားတာပါ။ S-Pen ရဲ့ သွက်လက်မှုနဲ့ အထိအတွေ့ပိုင်းလည်း စိတ်ကြိုက်ပါပဲ။ Google Play မှာ S-Pen ကို အကောင်းဆုံး အသုံးချနိုင်မယ့် Sketchbook နဲ့ Adobe Illustrator လို App တွေကို ရယူအသုံးပြုနိုင်ပါတယ်။ အပြိုင်သုံးနိုင်မယ့် Multitasking စနစ် ရပါတယ်၊ App ၂ ခုကို အပြိုင်သုံးနိုင်ပါတယ်။ ဒါပေမယ့် ၂ ခုထက် ပိုပြီးသုံးလို့ မရသေးပါဘူး။ ဘက်ထရီကို စမ်းမိသလောက်တော့ HD ရုပ်သံတွေကို ကြည့်ရှုရာမှာ ၈ နာရီနဲ့ ၁၃ မိနစ် အားခံပါတယ်။ သင့်ပါတယ်။ မော်ဒယ်ရဲ့ အဓိက ပြိုင်ဖက်ကတော့ ၁၀ ဒသမ ၅ လက်မ အရွယ် iPad Pro လို့ ဆိုရမှာ ဖြစ်ပြီး iOS စနစ်သုံး Tab တွေကတော့ လူကြိုက် ပိုများလို့ ဈေးကွက်မှာ အောင်မြင်ဖို့တော့ အချိန်နည်းနည်းပေးရမယ် ထင်ပါတယ်။ ဒါပေမယ့် Keyboarod စနစ်တွေ ပိုကောင်းလာတယ်၊ Processor တွေ ပိုမြန်လာတယ်၊ ရုပ်ထွက်ကောင်းတယ်၊ S-Pen ပါ သုံးနိုင်လာမှုတွေက Android စနစ်သုံး Tab တွေထဲမှာတော့ အကောင်းဆုံးမော်ဒယ် အဖြစ် သတ်မှတ်ချင်ပါတယ်။ Ref: http://ift.tt/2vAZqRu The post အတန်ဆုံးပါဆိုတဲ့ Samsung Galaxy Tab S3 appeared first on ဧရာဝတီ.
Source : http://ift.tt/2wtPFB5
via IFTTT

No comments:

Post a Comment