Saturday, August 5, 2017


၂၀၃၀မှာ အခမ်းနားဆုံး မြို့တော်တွေ ဖြစ်ဖို့ ပြင်ဆင်နေတဲ့ မြို့ကြီးများ ကမ္ဘာကြီးက ရွာနဲ့ တူလာခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် နောက်ဆိုရင် တကမ္ဘာလုံးက ရွာမရှိတဲ့ မြို့တွေပဲ ဖြစ်လာဖို့ ရှိနေပြန်ပါ ပြီ။ UN ကိုယ်တိုင်ရဲ့ခန့်မှန်းချက်အရ ၂၀၅၀မှာ မြို့ပြမှာ နေထိုင်သူက လူဦးရေ ၆.၅ ဘီလီယံလောက်ထိအောင် ရှိမယ်လို့ ဆိုလာပါပြီ။ ဒီလို ကြိုတင်တွက်ဆမှုတွေနဲ့ အချို့မြို့ကြီးတွေဟာ အခုကတည်းက အဆင့်မြင့်မြို့တော်ကြီးတွေ ဖြစ်ဖို့ ကြိုးစားတည် ဆောက်မှုတွေ ရှိနေကြပါပြီ။ အခု ပြောမယ့်မြို့တွေက ကုန်ကျစရိတ် ဒေါ်လာဘီလီယံနဲ့ ချီပြီး စိုက်ထုတ်တည်ဆောက်နေတဲ့ မြို့တော်တွေပါ။ (၁) Todtown တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ ရှိတဲ့ မင်းဟန်းနယ်ထဲက တည်ဆောက်မှု အသစ်ပါ၊ ၂၀၂၀မှာ အပြီးသတ်တည်ဆောက်ဖို့ လုပ် နေပါတယ်။ အဆောက်အအုံကြီးတွေ ၁၀၀၀လောက်ပါမယ်၊ စတုရန်းပေ သန်း ၁.၃ပေ ရှိမယ့် ဈေးဝယ်စင်တာတွေ၊ စတု ရန်း ပေ ၅၈၀၀၀၀ထိအောင် ရှိမယ့် နားခိုစရာ နေရာတွေ၊ စတုရန်းပေ သန်းပေါင်း ၁.၅ပေ ရှိမယ့် ရုံးခန်းတွေ၊ ရိုးရာဓလေ့ တွေကို လေ့လာနိုင်မယ့် စတုရန်းပေ ၅၃၀၀၀ ရှိတဲ့ ခန်းမတွေ ပါရှိပါတယ်။ ချီကာဂိုမြို့တော်ကို ဒီဇိုင်းဆွဲခဲ့တဲ့ Goettsch Partnersနဲ့ ဟောင်ကောင်ကို ဒီဇိုင်းဆွဲခဲ့တဲ့ Lead 8တို့ ပူးပေါင်း ဒီဇိုင်းနဲ့ဖန် တီးနေတာပါ။ ၂၀၁၄ခုနှစ်က ဒေါ်လာ ၁.၅ ဘီလီယံ စသုံးပြီး တည်ဆောက်နေခဲ့တာပါ။ (၂) New Cairo Capital အီဂျစ်နိုင်ငံ၊ ကိုင်ရိုမှာ ရှိပါတယ်။ စတုရန်းမိုင် ၂၇၀လောက် အကျယ်အဝန်းရှိပါတယ်၊ လူဦးရေ ၅ သန်းလောက် နေထိုင် နိုင် မှာပါ။ CNNရဲ့ဖော်ပြချက်အရ တရုတ်အခြေစိုက် The China Fortune Land Development ကုမ္ပဏီကနေ ၂၀၁၆ ကုန် ပိုင်းက အခု စီမံကိန်းအတွက် ဒေါ်လာဘီလီယံ ၂၀လောက် ချပေးခဲ့တယ်လို့ ဖော်ပြထားလို့ အခု မြို့သစ်ကို တရုတ် ရဲ့ ငွေကြေးအများစုနဲ့ တည်ဆောက်နေတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ ဘုရားကျောင်းပေါင်း ၁၂၅၀ လောက်ပါမယ်၊ ပရိတ်သတ် ၅၀၀၀ ဆံ့အစည်းအဝေးခန်းမတွေ ပါမယ်၊ ကျောင်းနဲ့ ကောလိပ် ပေါင်း ၂၀၀၀လောက်ပါမယ်၊ ဆေးရုံ၊ ဆေးပေးခန်း ၆၀၀ လောက်ရယ်ပါမယ်၊ ဒါတွေက ကမ္ဘာ့အကြီးဆုံး ဥယာဉ်မြို့တော် ဖြစ်လာစေဖို့ ရှိနေတာပါ။ အီဂျစ်ဝန်ကြီး Mostafa Madbouly ကတော့ အခု စီမံကိန်းက ဒေါ်လာ ၄၅ ဘီလီယံလောက် ကုန် ကျမှာ ဖြစ်ပြီး ၂၀၂၂ခုနှစ် အပြီးသတ်မယ်လို့ BBC ကို ပြောထားတာ တွေ့ရပါတယ်။ (၃) Europa City ပြင်သစ်နိုင်ငံ၊ ပဲရစ်နယ်ထဲမှာပါ၊ ၂၀၁၆အတွင်းက စတင် တည်ဆောက်နေခဲ့တဲ့ အခု စီမံကိန်းက အကျယ်အဝန်း ၈.၆ စ တု ရန်းမိုင် ရှိပါတယ်။ ဒင်းနစ်နည်းပညာကုမ္ပဏီ Bjarke Ingels Groupကနေ ဒီဇိုင်းဆွဲပေးထားတာပါ။ အိမ်ရာတွေ၊ ဈေးဆိုင် တွေ၊ စားသောက်ဆိုင်တွေပါမယ်လို့ပဲ သိရပါတယ်။ သယ်ယူပို့ဆောင်ရေးအပိုင်းမှာပါ တပါတည်း ပြီးစီးအောင်ဆောင်ရွက် နေတာ တွေ့ရပါတယ်။ ၃.၄ ဘီလီယံလောက် ကုန်ကျခံ တည်ဆောက်မှာ ဖြစ်ပြီး ပဲရစ်မှာ လူကျပ်နေမှုကို လျှော့ချနိုင်အောင် ရည်ရွယ်တည်ဆောက် နေတာ ဖြစ်တယ်လို့ သိရပြီး ၂၀၂၄လောက်မှာ ပြီးစီးလာဖို့ ရှိနေပါတယ်။ (၄) New City Istanbul တူရကီနိုင်ငံ၊ အစ္စတန်ဘူးမှာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀ခန့်က ရေအောက်မြို့တော်ကြီးကို ပြန်လည် စိတ်ကူး တည်ဆောက်နေတဲ့ စီမံကိန်းပါ။ အိမ်ရာပေါင်း ၅သောင်းနဲ့အတူ မိုးမျှော်တိုက် ၇ လုံးနဲ့ အကျယ်အဝန်း စတုရန်းပေ သန်း ပေါင်း ၉၃.၆ပေ ရှိမှာပါ။ ဈေးဝယ်စင်တာတွေ ပါမယ်၊ အစီးရေ ၆၂၀၀ ရပ်နားနိုင်မယ့်မြေအောက်မှာ ကားထားဖို့ နေရာ တွေပါမယ်။ အခုချိန်ထိအောင် ဘယ်လောက် အကုန်အကျခံ တည်ဆောက်မယ်၊ ဘယ်တော့ပြီးစီးမယ် မသိသေးပေမယ့် ၂၀၁၆ ခုနှစ်ထဲက တည်ဆောက်မှုတွေ စတင်နေခဲ့တာ ဖြစ်ပြီး ၂၀၁၈မှာ လေဆိပ်အသစ် ဖွင့်လာဖို့ ရှိနေပြီး ဒီလေဆိပ်တ ခုတည်းကိုတောင် ကုန်ကျစရိတ် ဒေါ်လာ ၆ ဘီလီယံလောက် အကုန်ခံ တည်ဆောက်ထားတာပါ။ (၅) Shibuya Station Area Redevelopment ဂျပန်နိုင်ငံ၊ တိုကျိုမှာ ရှိပါတယ်။ ၂၀၂၀ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်အတွက်ပါ တပါတည်းပြင်ဆင်မှုတခုပါ။ စီမံကိန်းရဲ့ တစိတ်တဒေသအနေနဲ့ ၂၀၂၀ အမီ မိုးမျှောက်တိုက် ၄၅ လုံးလောက် အသစ်ဆောက်ဖို့ ရှိနေပါတယ်။ Bloombergရဲ့ဖော်ပြ ချက်အရ ၃ နှစ်အတွင်း စီမံကိန်းတခုလုံးရဲ့ ၅၀ရာခိုင်နှုန်းလောက် ပြီးစီးအောင် တည်ဆောက်ဖို့ ရှိနေတာပါ။ ဒီမိုးမျှော်တိုက် တွေက ရုံးတွေအတွက်ရော လူနေဖို့အတွက်ပါ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းချင်း တည်ဆောက်သွားဖို့ ပြင်ဆင်နေပြီး ၂၀၂၇လောက်မှ အပြီးသတ်ဖို့ ရှိနေတာ လည်း ဖြစ်ပါတယ်။ Ref: http://ift.tt/eKERsB The post ၂၀၃၀မှာ အခမ်းနားဆုံး မြို့တော်တွေ ဖြစ်ဖို့ ပြင်ဆင်နေတဲ့ မြို့ကြီးများ appeared first on ဧရာဝတီ.
Source : http://ift.tt/2wuagFA
via IFTTT

No comments:

Post a Comment