Tablet ကောင်းကောင်း ဝယ်မယ် ဆိုရင် နည်းပညာခေတ် အပြောင်းအလဲနဲ့ အတူ ကွန်ပျူတာတွေရဲ့ ကျဆုံးခန်းကို ဖြစ်စေတဲ့ Tablet တွေဟာ ကုမ္ပဏီတွေရဲ့ အဆင့်မြှင့်တင်မှုနဲ့ အတူ တဖြည်းဖြည်းနဲ့ ကွန်ပျူတာ နေရာမှာ အစားထိုး သုံးနိုင်လာလို့ လူကြိုက်များလာနေပါတယ်။ ဈေးကွက်ထဲမှာ Tablet အမျိုးအစားများစွာနဲ့ ဈေးနှုန်းအမျိုုးမျိုးရှိနေလို့ အကောင်းဆုံး အမျိုးအစားတွေကို ဝေမျှပါရစေ။ နည်းပညာခေတ် အပြောင်းအလဲနဲ့ အတူ ကွန်ပျူတာတွေရဲ့ ကျဆုံးခန်းကို ဖြစ်စေတဲ့ Tablet တွေဟာ ကုမ္ပဏီတွေရဲ့ အဆင့်မြှင့်တင်မှုနဲ့ အတူ တဖြည်းဖြည်းနဲ့ ကွန်ပျူတာ နေရာမှာ အစားထိုး သုံးနိုင်လာလို့ လူကြိုက်များလာနေပါတယ်။ ဈေးကွက်ထဲမှာ Tablet အမျိုးအစားများစွာနဲ့ ဈေးနှုန်းအမျိုုးမျိုးရှိနေလို့ အကောင်းဆုံး အမျိုးအစားတွေကို ဝေမျှပါရစေ။ ၂၀၁၇အတွက် ဟန်ချက်အညီဆုံး Tablet – iPad ဧပြီလအတွင်းက နောက်ဆုံးထွက် မော်ဒယ် ဈေးကွက် ဝင်ထားပါတယ်။ အနည်းဆုံး ဈေးနှုန်း ၃၂၉ ဒေါ်လာကနေစတယ်။ မျက်နှာပြင်စနစ် ကောင်းမွန်မှုက အကြိုက်ဆုံး အချက်ပါ။ အရောင်ထွက်ရော ဘက်ထရီစားပါ သက်သာ ကောင်းမွန်လှပါ တယ်။ iOS စနစ်ကို အဆင့်မြှင့်ထားသလို နောက်ပိုင်းထွက် iOS စနစ်ကိုပါ သုံးနိုင်မှာ ဖြစ်လို့ အသုံးပြုရ အကောင်းဆုံး ဖြစ် လာပါတယ်။ Keyboard နဲ့ ချိတ်စရာ အပေါက်မပါလို့ ကြိုးနဲ့ Keybord မျိုး သုံးမရပေမယ့် Bluetooth နဲ့ ချိတ်ဆက် နိုင်မှာ ပါ။ 32GB က ၃၂၉ဒေါ်လာဖြစ်ပြီး 128 GB ဆိုရင်တော့ ၄၂၉ဒေါ်လာ ရှိပါတယ်။ ဈေးကြီးကြီး ပစ္စည်းကောင်းကောင်း သုံးချင်သူတွေအတွက် iPad Pro 10.5 64 GB ပါရှိမယ့် အမျိုးအစားတောင်မှ မျက်နှာပြင် အရွယ် ၁၀ဒသမ၅လက်မကို ၆၄၉ ဒေါ်လာကျပါတယ်။ အရည်အသွေး အထူးကောင်းမွန်ပြီး Keyboard နဲ့ Apple ရဲ့ ပုံဆွဲဖို့ သုံးတဲ့ Pencil တွေကို ထပ်ဖြည့်လိုက်မယ် ဆိုရင် ဒေါ်လာတထောင် လောက် ကျပါမယ်။ လက်ရှိ ဈေးကွက်ထဲမှာတော့ အသုံးပြုရ အကောင်းဆုံး မော်ဒယ်ပါ။ တခြား မော်ဒယ်တွေထဲက စဉ်းစားမယ် ဆိုရင်တော့ Apple iPad mini 4 လည်း ကောင်းပါတယ်။ အရွယ်အစား သေးငယ် တယ်၊ သယ်ဆောင်ရ လွယ်ကူတယ်၊ အလေးချိန်လည်း ပေါ့ပါးတယ်၊ Touch ID စနစ်ကိုလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် ချိတ်ဆက် သုံးစွဲနိုင်မယ့် တခြားတွဲဖက်ပစ္စည်းတွေ ဈေးကွက်မှာ ရနိုင်မှု အားနည်းတယ်။ အရွယ်အစား ကြီးမားတဲ့ iPad တွေလောက် စိတ်မချရဘူးလို့ ခံစားမိစေတယ်၊ နောက်ပြီး App တွေကို အပြိုင်သုံးနိုင်မှု Multitasking အားနည်းတာ တွေ့ ရပါတယ်။ The Verge ကတော့ ဒီမော်ဒယ်ကို ၁၀မှတ်မှာ ၈ဒသမ၅မှတ် ပေးထားတာ တွေ့ရပါတယ်။ တန်ဖိုးက ၃၉၉ ဒေါ် လာ ရှိပါတယ်။ iPad Pro 12.9 ကလည်း အခုနှစ်ထုတ် မော်ဒယ်ဆိုရင် အရွယ်အစား နည်းနည်း ကြီးချင်နေတာကလွဲရင် သဘောကျ စရာပါ။ မျက်နှာပြင် ကြီးမားတယ်၊ Processor ရဲ့ စွမ်းဆောင်ရည် အထူးကောင်းမွန်တယ်၊ Software ပိုင်း အားကောင်း တယ်၊ ရယူ အသုံးပြုနိုင်မယ့် App အများအပြား ထွက်ရှိထားပါတယ်။ ဒါပေမယ့် ဈေးနှုန်းက မြင့်ချင်နေတယ်၊ အရွယ်ကြီး လို့ နောက်ထွက် ၁၀ဒသမ၅လက်မ အရွယ်လောက် သယ်ဆောင်ရ မလွယ်ကူပါဘူး။ iOS စနစ်သုံး အမျိုးအစားတွေကို သဘောမကျရင်တော့ Android စနစ်သုံးထဲက Samsung ရဲ့ Galaxy Tab S3 ကို အ ကောင်းဆုံးလို့ ဆိုချင်ပါတယ်။ Keyboard စနစ်နဲ့ပါ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်အောင် ဖန်တီးထားတယ်။ ကွန် ပျူတာ တလုံးလို အသုံးဝင်တယ်၊ ဒီဇိုင်းက ဆွဲဆောင်မှု ရှိတယ်၊ အရွယ်အစားသေးငယ်ပြီး ပေါ့ပါးတယ်။ မျက်နှာပြင် စနစ် က ရုပ်ထွက် အထူးကောင်းမွန်တာ တွေ့ရပါတယ်။ The Verge ကတော့ ၁၀မှတ်မှာ ၇ မှတ်ပေးထားပါတယ်။ အားနည်းချက်က Tablet မှာ Android စနစ်က အကောင်းဆုံး မဟုတ်သေးဘဲ ကွန်ပျူတာ အစားထိုး သုံးချင်သူတွေ အဆင်မပြေပါဘူး။ ကင်မရာပိုင်း အားနည်းတယ်၊ Multitasing ပိုင်းမှာ အပြိုင်သုံးနိုင်မှု အားနည်းချင်တယ်။ ဈေး နှုန်းက ၄၉၈ ဒေါ်လာ ရှိပါတယ်။ Google Pixel C ကတော့ ပြည်တွင်း ဈေးကွက်မှှာ နည်းနည်း စိမ်းပေမယ့်လည်း ကောင်းပါတယ်။ The Verge က ၆မှတ် ပေးထားပါတယ်။ Keyboard နဲ့ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ပါရှိတဲ့ Keybaaord စနစ်ကလည်း ဒီဇိုင်း ရော ဖန်တီးမှုပါ အားကောင်းတယ်။ Google စနစ်တွေ အားလုံး သုံးနိုင်အောင် ဖန်တီးထားပါတယ်။ ဒါပေမယ့် ဈေးနှုန်းက များ လွန်းနေတယ်။ ဒေါ်လာ ၆၀၀ ရှိပြီး မော်ဒယ်က နောက်ပိုင်းထုတ် မဟုတ်ဘဲ အဆင့်မြှင့်ထားမှု အားနည်းတယ်။ Android စနစ် ဖြစ်နေလို့ အကောင်းဆုံး မဟုတ်သေးပါဘူး။ Amazon ကလည်း ပြည်တွင်းမှာ Google ရဲ့ မော်ဒယ်ထက် နည်းနည်း ပိုဝေးသွားသလို ဖြစ်နေပေမယ့် ပစ္စည်းကတော့ ကောင်းပါတယ်။ Fire HD 8 ဆိုရင် ဈေးနှုန်းက ဒေါ်လာ ၈၀တည်း ဖြစ်လို့ သဘောကျစရာပါ။ ပြီးတော့ အသုံးများတဲ့ စနစ် တွေကို အလိုအလျောက် စုပြီး သိမ်းထားပေးမယ်၊ ခေါ်သုံးရ လွယ်အောင် ဖန်တီးထားတယ်၊ စာဖတ်ဖို့ အတွက်ပဲ သုံးရင် တောင် တန်ပါတယ်။ ဒါပေမယ့် Processor ပိုင်း အသင့်အတင့်ပဲ ထည့်ထားလို့ လုပ်ဆောင်ချက်တွေ နှေးတယ်၊ မျက်နှာ ပြင်ကလည်း အရောင်ထွက် အားနည်းတယ်၊ App အသုံးပြုနိုင်မှုလည်း အားနည်းပါတယ်။ The Verge က ၇ မှတ်ပေး ထားတဲ့ စာကြည့်သုံး အကောင်းဆုံး အမျိုးအစားပါ။ Amazon 7 ဆိုရင် မျက်နှာပြင် ၇လက်မ ဖြစ်သွားတယ်၊ ဈေးနှုန်းက Fire HD 8 ထက် နည်းပြီး ဒေါ်လာ ၅၀နဲ့ ရနိုင် ပါတယ်။ ဈေးကွက်ထဲမှာ ဈေးအချိုဆုံး ရနိုင်တဲ့အကောင်းဆုံး မော်ဒယ်ပါ။ ကလေးတွေ အတွက် အကောင်းဆုံး သင်ကြား ရေး အကြမ်းသုံး မော်ဒယ်ပါ။ ဒါပေမယ့် လုပ်ဆောင်ချက်ကတော့ နှေး တယ်၊ ရုပ်ထွက် ညံ့တယ်၊ App အသုံးပြုနိုင်မှု အား နည်းပါတယ်။ ။ Ref: www.thevergecom The post Tablet ကောင်းကောင်း ဝယ်မယ် ဆိုရင် appeared first on ဧရာဝတီ.
Source : http://ift.tt/2wsWuWT
via IFTTT
No comments:
Post a Comment