လုံခြုံရေး အခြေအနေကြောင့် မလေးရှားနှင့် ပွဲအတွက် လက်မှတ်မဝေရန် ဆုံးဖြတ် ရန်ကုန်၊ ဩဂုတ် ၂ဝ မလေးရှား ရဲတပ်ဖွဲ့ဝင်များ အနေနှင့် အထောက်အထား မပြနိုင်သော ဘောလုံး ပရိသတ်များကို ဖမ်းဆီးမှု များ ရှိနေသောကြောင့် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင် မည့် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက် ဆုံးပွဲစဉ်အတွက် လက်မှတ်မဝေရန် ဆုံးဖြတ် ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူ းဦးကိုကိုသိန်းက ပြောကြားသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက လာအိုအသင်း၊ ဘရူနိုင်းအသင်းတိုနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်များအတွက် မြန်မာပရိသတ်များကို လက်မှတ်ပေဝေခဲ့ပြီး မလေးရှားနှင်ပွဲအတွက် လက်မှတ်မဝေရသည့် အကြောင်းနှင့် ပတ်သက်၍ ၎င်းက ပြောကြား ခြင်းဖြစ်သည်။ ယင်းသို့ လက်မှတ်မဝေရန် ဆုံးဖြတ်ထား သော်လည်း မြန်မာပရိသတ်များအတွက် အွန်လိုင်းမှတဆင့် လက်မှတ်စောင်ရေ ၆ဝဝဝ ရောင်းချ ပေးထားကြောင်း၊ ယင်းသို့ ရောင်းချပေးနိုင်ရန် ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဩဂုတ်လ ၂ဝ ရက်နေ့က ညှိနှိုင်းထားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “On Line ticket က 6000 ရောင်းပြီးသွားပြီ။ ဒီတော့ ကျွန်တော်တို့လည်း လက်မှတ်မဝေ တော့ဘူး။ အထူးသဖြင့် လုံခြုံရေးကို သူတို့ အာမခံပေမယ်လည်း စိုးရိမ်မိတယ်” ဟု ဦးကိုကိုသိန်းက ရှင်းပြသည်။ The Voice
Source : https://goo.gl/2HKbew
via IFTTT
No comments:
Post a Comment