Thursday, August 3, 2017

The Voice

မောင်သွေးချွန် ဦးဆောင်သည့် မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင်ခွင့် လျှောက်ထား ရန်ကုန်၊ ဩဂုတ် ၂ ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော ၁၃၅ မျိုးချစ် ညီညွတ်ရေးပါတီ တရားဝင် ရပ်တည်ခွင့်ရရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဩဂုတ်လ ၂ ရက်နေ့၌ သွားရောက် မှတ်ပုံတင်ကြောင်း ယင်းပါတီ ဦးဆောင်သူများထံမှ သိရသည်။ မျိုးချစ်ညီညွတ်ရေးပါတီ မှတ်ပုံတင်ရာ၌ ပါတီဥက္ကဋ္ဌအဖြစ် ဦးမြင့်စိုး (မောင်သွေးချွန်)၊ ဦးအေးပိုင်နှင့် ဦးသောင်းအေးတို့က ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ “ဒီနေ့ ပါတီမှတ်ပုံ သွားတင်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ပါတီ၏ ရပ်တည်ချက်၊ အလံ စတာတွေအပေါ် ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ မသိပါဘူး။ ဩဂုတ်လ ၂ ရက်နေ့မှာ သွားရောက် မှတ်ပုံတင်တာ ဖြစ်ပါတယ်”ဟု ဦးမြင့်စိုး(မောင်သွေးချွန်)က ပြောသည်။ မျိုးချစ်ညီညွှတ်ရေးပါတီ ရုံးခန်းနေရာကို လှိုင်သာယာရှိ နဝဒေး အိမ်ရာ၌ ဖွင့်လှစ်ထားလျက်ရှိပြီး ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်ကို တရားဝင် ခွင့်ပြုလျှင် ကရင်ပြည်နယ်၌ ပါတီရုံးခွဲများ ဖွင့်ရန် စီစဉ်ထားကြောင်း အဆိုပါ ပါတီ၏ ဦးဆောင်သူ အချို့ထံမှ သိရသည်။ ဩဂုတ်လ ၂ ရက်နေ့၌ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ မျိုးချစ်ညီညွှတ်ရေး ပါတီအမည်ဖြင့် ပါတီဦးဆောင်သူအဖြစ် ဦးမြင့်စိုး (မောင်သွေးချွန်)မှ လာရောက် မှတ်ပုံတင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ အလားတူ ပါတီမှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလျှင် ပါတီဝင်ရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီထိပ်ပိုင်း ခေါင်းဆောင်များက ဆိုသည်။
Source : https://goo.gl/CMG8Ef
via IFTTT

No comments:

Post a Comment