Sunday, August 6, 2017

The Voice

ရခိုင်ပြည်နယ် လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်နေကြောင်း အမျိုးသား လုံခြုံရေးနှင့် အကြံပေးပုဂ္ဂိုလ် ပြောကြား ရန်ကုန်၊ ဩဂုတ် ၅ ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော အကြမ်းဖက် ဖြစ်စဉ်များအပေါ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝ ဆောင်ရွက်နေကြောင်း အမျိုးသား လုံခြုံရေးနှင့် အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက The Voice သို့ ပြောကြားသည်။ ဩဂုတ်လ ၃ ရက်နေ့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် ကိုင်းကြီးရွာသားခြောက်ဦး ဘင်္ဂါလီ အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးလျက် ရှိသောဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ လုံခြုံရေး အခြေအနေများကို The Voice သတင်းစာက ဦးသောင်းထွန်းထံ မေးမြန်းစဉ် ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ “စောင့်ရှောက်ကြည့်ရှုနေတဲ့ အဖွဲ့တွေရှိပါတယ်။ အခြေအနေ အားလုံးသိမှ ပြောလို့ရမှာ ဖြစ်တယ်။ ကျွန်တော်တို့ လုံခြုံရေး အပြည့်အဝ ဆောင်ရွက်နေပါတယ်”ဟု ဦးသောင်းထွန်းက ဆိုသည်။ လက်ရှိအချိန်၌ ဒေသခံ ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများကို မကြာခဏ အကြမ်းဖက်မှု ကျူးလွန်လေ့ရှိသော အကြမ်းဖက်အဖွဲ့များ ရှင်းလင်းနိုင်ရန် မေယုတောင်ပေါ်တွင် တပ်ရင်း သုံးရင်မှ လေးရင်းအထိ တိုးမြှင့်ချထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အတည်ပြု ပြောဆိုသည်။ အလားတူ အကြမ်းဖက်အဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးသွားသော ကိုင်းကြီး ကျေးရွာသား ခြောက်ဦးကို ရခိုင်ပြည်နယ် အစိုးရမှ နာရေးကိစ္စ ဆောင်ရွက်ရန် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းခန့် ထောက်ပံ့ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/y3MZCL
via IFTTT

No comments:

Post a Comment