၂၀၂၀ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီးThe Rock နာမည်ရင်း DwyaneJohnson ဖြစ်ပေမယ့် ကြိုးဝိုင်းတွင်းမှာ TheRock ဆိုတဲ့ နာမည်နဲ့ လူသိများတယ်၊ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်အတွင်းက အအောင်မြင်ဆုံးနပန်းသမားဘဝကို ဖြတ်သန်းနေတယ်။ အဲဒီနောက် ရုပ်ရှင်လောကထဲ ဝင်လာတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်အတွင်းမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသားပေါင်းများစွာကို ကျော်တက်ပြီး တနှစ်တာ ဝင်ငွေအ ကောင်းဆုံးမင်းသား ဖြစ်လာတဲ့သူက အခုတော့ နောက်ထပ်ခြေလှမ်းအနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်လာဖို့ ရှိနေပါပြီ။ ၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ဖို့ လှုံ့ဆော်ရေးအဖွဲ့ကိုလည်း တရားဝင် ဖွဲ့စည်းလိုက်တာ တွေ့ရသလို Run the Rock 2020 ခေါင်းစဉ်နဲ့ ဒီအဖွဲ့ကနေ လာမယ့် အိမ်ဖြူတော်မှာ သမ္မတနေရာ ရရှိရေးအတွက် လုပ် ဆောင်သွားတော့မယ်လို့ ဆိုပါတယ်။ အခုလို ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခြင်းနဲ့ လက်ရှိ ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်မှုကိုတော့ TheRock ကိုယ် တိုင်လုပ်ဆောင်နေတာ မဟုတ်ဘဲ Kenton Tilford အမည်ရှိ ကိုယ်စားလှယ်နဲ့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အတွင်းကလည်း The Rock က နည်းဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ကြိုးစားသွားမှာပါလို့ အခုအ ကြောင်းနဲ့ ပတ်သက်ပြီး အရိပ်အမြွက် ဖြေကြားခဲ့တာလည်း တွေ့ရပါတယ်။ လက်ရှိ သမ္မတထရမ့်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေအပေါ် သူ့ရဲ့အမြင်ကို မေးမြန်းမှုမှာလည်း ကျနော်သာ သမ္မတ တ ယောက်ဆိုရင် အလွန်ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အရေးကြီးတာတွေကို လုံးဝမမှားယွင်းစေရ အောင် လုပ်ဆောင်မယ်၊ ခေါင်းဆောင်ဟာ နိုင်ငံတနိုင်ငံအတွက် အရေးအပါဆုံးပါ၊ အားလုံးအတွက် တာဝန်ခံနိုင်စွမ်းရှိရမယ် လို့ ယူဆမိပါတယ်လို့ ဖြေသွားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ဟာ ဖြစ်လာတဲ့နောက်ဆက်တွဲအားလုံးကို တာဝန်ယူရမယ် ဆိုတာကို လူတိုင်းကတော့ လက်ခံချင် မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လက်မခံချင်သူတွေကို လက်ခံအောင် ကျနော် လုပ်ဆောင်မှာမဟုတ်ပါဘူး၊ ဘာလို့လဲ ဆို တော့ ကျနော်လည်း ပြည်သူတယောက်ဖြစ်လို့ပါပဲ၊ ကျနော်တို့ လုပ်ဆောင်သမျှ အကျိုးဆက်ကို ကျနော်တို့ ခံစားရမယ်၊ သ ဘောထားတွေ ကွဲလွဲမှုတွေ ရှိချင် ရှိမယ်၊ ဒါပေမယ့် ကိုယ့်ကို လက်မခံသူတွေကို လိုက်ပြီး တောင်းဆိုနေဖို့ မလိုအပ်ဘူး၊ ဒါပေ မယ့် သူတို့အတွက်ပါ အကောင်းဆုံးလုပ်ဆောင် ပေးသွားဖို့ပဲလိုအပ်တာပါလို့ သူက ဆက်ပြောသွားတာလည်း တွေ့ရပါ တယ်။ ဒီလို TheRock ရွေးကောက်ပွဲ ဝင်မယ့်သတင်းထွက်လာပြီး မကြာခင်မှာပဲ သူဟာ Saturday Night အစီအစဉ်ရဲ့ ရုပ်သံ ရိုက်ကူးမှုကို လက်ခံခဲ့ပြီး အစီအစဉ် ရိုက်ကူးခဲ့ပေမယ့် အဆိုပါအစီအစဉ်မှာတော့ ရွေးကောက်ပွဲဝင်မယ့်အကြောင်းနဲ့ပတ် သက်ပြီး သူ့ရဲ့ဒုတိယသမ္မတနေရာကိုပါ ထားရှိဆောင်ရွက်စေမယ့် နောက်ထပ် နာမည်ကျော်တဦးနဲ့ တွဲဖက်တက်ရောက် ခဲ့တာပါ။ ဒီအစီအစဉ်မှာကဲ အစီအစဉ်လေး စလိုက်ရအောင်ဗျာ၊ အခု ကျနော် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် အစီအစဉ်လေးတွေ လုပ် နေ ပါတယ်၊ ပြီးတော့ ကျနော့်မှာ အကောင်းဆုံး အထောက်အပံ့ပေးမယ့် တွဲဖက်လည်း ရှိနေပါပြီ၊ သူကလည်း ကျနော့်လို လူ တိုင်းသိတဲ့ သူပါပဲ၊ အရမ်းလည်းတော်တယ်၊ တကမ္ဘာလုံးက သိပြီး သဘောကျတဲ့သူပါ ဆိုပြီး The Rock က အစီအစဉ် ထဲကို နောက်ထပ် ဝါရင့်မားသားကြီး Hansky (Tom Hanks) ကို ခေါ်ထုတ်လိုက်ပါတယ်။ Hansky က Dwyane ရေ ကျနော် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူးလို့ စကားစပါတယ်။ ကျနော် ပါမယ်ဗျာ ဆက် ကြိုးစားရအောင်လို့ ဆက်ပြောပါတယ်။ ဒါဆိုရင်တော့ TheRock ဟာ ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Tom Hanks နဲ့ တွဲဖက် မြင်လာရဖို့ ရှိနေပြီး အ ခြား ဟောလီးဝုဒ် မင်းသားတလက် ဖြစ်တဲ့ KanyeWest ကလည်း ရွေးကောက်ပွဲ ဝင်ဖို့ ရှိမယ်လို့ သတင်းထွက်နေတာ ကြောင့် ၂၀၂၀ ရွေးကောက်ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းဦးမှာ အမှန်ဖြစ်နေပါပြီ။ Ref; www.firsttoknow.com The post ၂၀၂၀ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီးThe Rock appeared first on ဧရာဝတီ.
Source : http://ift.tt/2ww2jPT
via IFTTT
No comments:
Post a Comment