Saturday, August 5, 2017

The Voice

၂၇ နှစ်ကြာ မျက်စိမမြင်သူ အသက် ၅၁ နှစ်ရောက်မှ ပထမဆုံး ဘောလုံးပွဲ ကြည့်ခွင့်ရ လန်ဒန်၊ ဩဂုတ် ၃ ၂၇ နှစ်အကြာ မျက်စိကွယ်နေသူ တစ်ဦးသည် နည်းပညာ အထောက်အကူဖြင့် အသက် ၅၁ နှစ် အရွယ်ရောက်မှ ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပွဲကို ပြန်လည်ကြည့်ရှုခွင့် ရခဲ့ကြောင်း Mail Online သတင်းတွင် ဖော်ပြထားသည်။ ဘရိုင်ယန် ကာဆီဆိုသည့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် eSight ဟုခေါ်သည့် နည်းပညာ မျက်မှန်အကူအညီဖြင့် သူ့၏ဇာတိမြေ Fleetwood Town အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အပြတ်အသတ် ရှုံးခဲ့ခြင်းကို အားပေးခွင့် ရခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။ မစ္စတာ ကာဆီသည် ဥရောပတွင် အဆင့်မြင့် နည်းပညာမျက်မှန်ကို တပ်ဆင်ခွင့်ရပြီး တိုက်ရိုက်ထုတ်လွှင့်သော ဘောလုံးပွဲကို ပထမဆုံး ကြည့်ရှုအားပေးခွင့်ရသူတစ်ဦး ဖြစ်လာခဲ့သည်။ ကာဆီ မျက်မမြင်ဘဝ ရောက်နေခဲ့သည်မှာ ၂၇ နှစ်ရှိပြီ ဖြစ်ကာ ထိုစဉ်ကတည်းက သူ့မွေးရပ်မြေ ဘောလုံးအသင်း၏ ခြေစွမ်းကို ကြည့်ရှုအားပေးခွင့် မရခဲ့ကြောင်း၊ သူ့ဆန္ဒမှာ သူ့မွေးရပ်မြေ ဘောလုံးအသင်းကို မသေမီ ကြည့်ခွင့်ရရေးဖြစ်ပြီး ယင်းအခွင့်အရေးကို နည်းပညာဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ eSight မျက်မှန်နည်းပညာတွင် ဦးခေါင်း၏ မျက်စိနေရာတွင် တပ်ဆင်ရသည့် မျက်မှန်အကြီးစားတစ်မျိုး ပါဝင်ပြီး မျက်စိရှေ့ဖရိန်အတွင်း မှန်ဘီလူးများကို လက်ကိုင်ထိန်းချုပ်ရေး ကိရိယာဖြင့် ထိန်းချုပ်ကာ အနီးအဝေး အလင်းအမှောင်များကို ညှိပေးရသည်။ ယင်းခေါင်းစွပ် မျက်မှန်ထဲတွင် ကင်မရာတစ်လုံးပါပြီး ယင်းကင်မရာက အွန်လိုင်းလွှင့်ထုတ်မှု Live ကို ဖမ်းယူနိုင်ကာ ဗီဒီယိုမြင်ကွင်းအဖြစ် ပြောင်းလဲပေးမည် ဖြစ်သည်။ အမြင်အားနည်းပြီး မျက်စိမမြင်သူများအတွက် အရောင်၊ အရုပ်၊ အလင်း၊ အမှောင်များကို ဗီဒီယိုကတစ်ဆင့် ထိန်းချုပ်နိုင်စွမ်းများကြောင့် မြင်ကွင်းကို ထင်ရှားစွာ မြင်စေရန် အထောက်အကူပြုနိုင်ကြောင်း၊ ဦးခေါင်းနောက်ပိုင်းတွင် ပါသည့် လိုင်းဖမ်းသည့်စက်က မြင်ကွင်းရှေ့ရှိ LED မှန်သားပြင်ဆီသို့ ပုံရိပ်များကို မပြတ်ပို့ပေးနေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနိုင်ခြင်း ဖြစ်ကြောင်း Mail Online တွင် ရေးသားထားသည်။ LED မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များကို သာမန်အမြင်ထက် ၁၄ ဆ ပိုပြီး ချဲ့ထုတ်နိုင်စွမ်း ရှိသောကြောင့် အနီးကပ် မြင်ကွင်းများအပြင် သတင်းစာကိုပါ ဖတ်နိုင်သည့် အနေအထားမျိုး ရောက်စေရန် ချိန်ညှိပေးနိုင်ကြောင်း၊ eSight တစ်စုံ တန်ဖိုးမှာ ဒေါ်လာ ၁၃၀ဝ၀ ခန့်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
Source : https://goo.gl/jTaQr5
via IFTTT

No comments:

Post a Comment