ကမ္ဘောဇဘဏ်နှင့် နည်းပညာကုမ္ပဏီ VMware ပူးပေါင်းပြီး ဘဏ်ဒစ်ဂျစ်တယ် ဝန်ဆောင်မှုစတင်မည် ကမ္ဘောဇဘဏ်က နည်းပညာကုမ္ပဏီတခုဖြစ်သည့် VMware နှင့် ပူးပေါင်း၍ မြန်ဆန်၍လုံခြုံစိတ်ချမှုရှိသော ဘဏ်လုပ်ငန်းစနစ်ဖြင့် မိတ်ဖက်လုပ်ငန်းစုများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများကို ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပေးရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၏ CEO နှင့် Advisor to the Chairman ဖြစ်သူ Mike De Noma က “မိုဘိုင်းဖုန်းရဲ့ ပထမအဆင့်ကို ဒစ်ဂျစ်တယ် စနစ်နဲ့ ဘဏ်မှာ လုပ်ဆောင်နိုင်ဖို့ နဲ့ နိုင်ငံအဆင့် ထိန်းသိမ်းထားနိုင်ဖို့ ပါဝင် လုပ်ဆောင်တာ ဖြစ်တယ်”ဟု ပြောသည်။ ထိုသို့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပေးရန်အတွက် ကမ္ဘောဇဘဏ်နှင့် VMware တို့ပူးပေါင်းပြီး သြဂုတ်လ ၁၈ ရက်နေ့ တွင် Melia ဟိုတယ်၌ MOU ရေးထိုးခဲ့ခြင်းဖြစ်သည်။ VMware ၏ နည်းပညာများကို ကမ္ဘာပေါ်ရှိ ဘဏ် ၁၀၀ ရာခိုင်နူန်းမှ အသုံးပြုနေပြီး အဓိကအားဖြင့် ဘဏ်များ၏ ယုံကြည်စိတ်ချရသော နည်းပညာ Solutions များကို အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။ The post ကမ္ဘောဇဘဏ်နှင့် နည်းပညာကုမ္ပဏီ VMware ပူးပေါင်းပြီး ဘဏ်ဒစ်ဂျစ်တယ် ဝန်ဆောင်မှုစတင်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wqIX1T
via IFTTT
No comments:
Post a Comment