နိုင်ငံတကာတွင် “5G ကွန်ရက် ဝန်ဆောင်မှု”ကို ဦးဆောင်ရန် Ooredoo နှင့် Nokia ပူးပေါင်း ကမ္ဘာ့နည်းပညာနှင့် ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Ooredoo မှ အရှေ့တောင်အာရှဒေသ၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ မြောက်အာဖရိက ဒေသတို့မှာ 5G Network ပြောင်းလဲဖော်ဆောင်ခြင်း အတွက် ကမ္ဘာ့နာမည်ကြီး နည်းပညာ ဆန်းသစ်ထီထွင် လုပ်ငန်းတခုဖြစ်တဲ့ Nokia နဲ့ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် ပြုလုပ်လိုက်ကြောင်း စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “Mobile World Congress 2018” မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ Ooredoo Group ရဲ့ ကွန်ရက် ခေတ်ပေါ်ဆန်းသစ်တီထွင်ခြင်း အစီအစဉ် “5G ကွန်ရက်သို့ ပြောင်းလဲတိုးတက်မှု” အတွက် Ooredoo Group နဲ့ Nokia တို့အတူ ပူးပေါင်းပြီး ၂ဝ၁၈ ခုနှစ်မှ စတင်ကာ Ooredoo ရုံးချုပ်တည်ရှိရာ Qatar (ကာတာ) နိုင်ငံမှာ 5G ကွန်ရက် ဖြန့်ကြက်ခြင်းများ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 5G ကွန်ရက် စတင်ရန်အတွက် Ooredoo ဟာ ပင်မရုံးချုပ်တည်ရှိရာ ဒေသမှာ ဝန်ဆောင်မှုများ စတင်ပေးအပ်ရန်နဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းများအတွက် သင့်လျော်တဲ့ 5G New Radio (NR) ကို စီးပွားရေးဆိုင်ရာ ကိရိယာတပ်ဆင်မှုနဲ့ အတူ 5G လှိုင်းနှုန်းစဉ်ကို ရရှိပြီး အမြင့်ဆုံးသော အမြန်နှုန်းပေးအပ်နိုင်တဲ့ Supernet ဖြင့် တနိုင်ငံလုံး အနှံ့အပြား ဝန်ဆောင်မှုများ စတင် ပေးအပ်သွားမယ်လို့ သိရပါတယ်။ “ဒီနှစ်မှာ ကျနော်တို့ အနေနဲ့ ကွန်ရက်ကို ခေတ်နဲ့အညီ အဆင့်မြှင့်တင်ခြင်း၊ Project ကို အရှိန်အဟုန်မြင့် ဆောင်ရွက် နေပြီး “ကျနော်တို့ လုပ်ငန်းဆောင်ရွက်တဲ့ နေရာတိုင်းမှာ လူထုရဲ့ နေ့စဉ်ဘဝကို ဒီဂျစ်တယ် လူနေမှုဘဝနဲ့ ပြီးပြည့်စုံ စေမယ်” ဆိုတဲ့ ကျနော်တို့ရဲ့ ကတိတည်အောင် ဆောင်ရွက်နေပါတယ်။ Nokia နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုမို ခိုင်မာအောင် ဆောင်ရွက်ခြင်းဖြင့် Ooredoo သုံးစွဲသူများအတွက် 5G ဆန်းသစ်တီထွင်ခြင်းများကို အစဦးဆုံး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” လို့ Ooredoo Qatar ရဲ့ Chief Executive Officer, Mr.Waleed Al-Sayed က ပြောပါတယ်။ Nokia ရဲ့ အဆင့်မြင့် ဆက်သွယ်ရေး နည်းပညာများနဲ့ ကျွမ်းကျင် ပညာရှင်များမှ ပေးအပ်ထားတဲ့ ဝန်ဆောင်မှုများနဲ့ Ooredoo မှ လက်ရှိ ဝန်ဆောင်မှု ပေးထားတဲ့ 2G, 3G, 4G LTE-A, 4.5G Pro နဲ့ 4.9G ကွန်ရက်များကို အကောင်းဆုံး အဆင့်မီ ဝန်ဆောင်မှုများ ပေးနိုင်အောင် ပံ့ပိုးပေးနိုင်မယ်လို့ သိရပါတယ်။ “ကျနော်တို့က Ooredoo Group နဲ့ ပူးပေါင်းပြီး Oordeoo လုပ်ငန်းဆောင်ရွက်တဲ့ နိုင်ငံတွေမှာ ကွန်ရက်များကို အဆင့်မြှင့်တင် ပြောင်းလဲခြင်းအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခု လုပ်ဆောင်ချက်တွေနဲ့ အတူ Ooredoo Group အနေနဲ့ အူရီဒူးသုံးစွဲသူများအတွက် 5G အပါအဝင် အဆင့်မြင့်ဝန်ဆောင်မှုများ ပေးနိုင်ဖို့ ကွန်ရက် ပြင်ဆင်ခြင်းကို ပံ့ပိုးပေးနိုင်ရန် ကျနော်တို့ရဲ့ နည်းပညာနဲ့ဝန်ဆောင်မှုများ ပေးအပ်ဖို့ ကတိ ထားရှိပါတယ်” လို့ Nokia မှ Head of Middle East and Africa Market ဖြစ်သူ Mr.Amr K. El Leithy က ပြောပါတယ်။ ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၂၆ ရက်နေ့ကနေ မတ်လ ၁ ရက်အထိ စပိန်နိုင်ငံ၊ ဘာဆီလိုနာမြို့၊ Fira Gran Via မှာ ကျင်းပနေတဲ့ “Mobile World Congress 2018” ပွဲမှာ Ooredoo အနေနဲ့ အူရီဒူးပြခန်း ဖွင့်လှစ် ပြသလျက် ရှိတယ်လို့ သိရပါတယ်။ The post နိုင်ငံတကာတွင် “5G ကွန်ရက် ဝန်ဆောင်မှု”ကို ဦးဆောင်ရန် Ooredoo နှင့် Nokia ပူးပေါင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2oCC5cn
via IFTTT
No comments:
Post a Comment