Thursday, February 22, 2018


လားရှိုးမြို့က ရိုးမဘဏ်ကို ဗုံးခွဲသည့် လက်သည်အား ရဲတပ်ဖွဲ့ ပိတ်ဆို့ရှာဖွေနေ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိစေခဲ့သည့် ရိုးမဘဏ် ဗုံးဖောက်ခွဲခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လက်သည်အား ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ က ပြောသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော လားရှိုးတမြို့လုံးကို အထူးလုံခြုံရေးချထားပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ရှမ်းပြည်နယ် တပြည်နယ်လုံးရှိ မြို့ကြီးများတွင် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးအရာရှိ ပထမတန်း ဒုရဲမှူးကြီး စန်းဝင်း က ပြောသည်။ ဒုရဲမှူးကြီး စန်းဝင်းက “ဒေသန္တရ လက်လုပ်မိုင်း ဗုံးလို့ပဲသိရပါသေးတယ်။ တပ်မတော် ကလည်း ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ သူတို့က ကျွမ်းကျင်သူဆိုတော့။ ကျွမ်းကျင်သူတွေ စစ်ဆေးပြီးမှပဲ ထုတ်ပြန်ထားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ဗုံးပေါက်ကွဲမှုကို တပ်မတော်မှ စိစစ်ဆဲ / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/FB လားရှိုးမြို့၊ အမှတ်(၂) ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်ရှိ ရိုးမဘဏ် လားရှိုး (၁) ဘဏ်ခွဲ ဘေးဘက် ရေမြောင်းနေရာတွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၂၃ ဦးအနက်မှ လားရှိုးပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့သူ အများစုမှ သက်သာသဖြင့် ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပြီး လက်ရှိအချိန်တွင် ကျား ၄ ဦး၊ မ ၂ ဦး စုစုပေါင်း ၆ ဦးသာ ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုကို တပ်မတော်မှ စိစစ်ဆဲ / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/FB အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရိုးမဘဏ် အဆောက်အအုံ နံရံမှာ အတွင်းဘက်သို့ ပြိုကျပျက်စီးမှုများ၊ ရိုးမဘဏ်နှင့် ကပ်လျက်ရှိသည့် ဧရာဝတီဘဏ်နှင့် မျက်နှာချင်းဆိုင်ရှိ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးရုံးတို့တွင် ပျက်စီးမှု အချို့ရှိခဲ့ကြောင်းသိရသည်။ အခင်းဖြစ်ပွားသည့်နေရာ ရိုးမဘဏ်၏ နောက်ဖေး လမ်းကြားထဲတွင် CCTV ကင်မရာ တပ်ဆင်ထားခြင်း မရှိသော်လည်း တခြားသော CCTV မှတ်တမ်းများကို လေ့လာစိစစ်နေဆဲဖြစ်ကြောင်း၊ သံသယရှိသူ တဦးကို တွေ့ရှိထားပြီးဖြစ်သော်လည်း အတိအကျ မပြောနိုင်သေးဟုဆိုသည်။ ဗုံးပေါက်ကွဲမှုကို တပ်မတော်မှ စိစစ်ဆဲ / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/FB ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အကြမ်းဖက် သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့ ထောင်ထားသည့် ဒေသန္တရ မိုင်းတလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ CCTV မှတ်တမ်းများ စစ်ဆေးခြင်းများ ဆောင်ရွက်ပေး နေကြောင်း အခင်းဖြစ်ပွားသည့် ည ၈ နာရီဝန်းကျင်က သတင်းထုတ်ပြန်ခဲ့သေးသည်။ အဆိုပါ ထုတ်ပြန်ချက်အပေါ် ရန်ကုန် အခြေစိုက် နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး က “လက်လုပ်ဗုံး အဲလောက်ကြီးတာ မြောက်ပိုင်းက တိုက်ပွဲတွေမှာတောင် မတွေ့ဖူးသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။ ဗုံးပေါက်ကွဲမှုကို တပ်မတော်မှ စိစစ်ဆဲ / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/FB ၎င်းက ဆက်၍ “နိုင်ငံခြားမှာတော့ အခင်းဖြစ်ပွားတဲ့ နေရာစစ်တယ်။ ဗုံးအမျိုး အစားစစ်တယ်။ CCTV တွေလည်းရှိတော့ လူဝင် လူထွက်တွေ စစ်တယ်။ ပြီးမှ ကောက်ချက်ချ ထုတ်ပြန်တယ်။ ဒီမှာကတော့ စစ်ဆေးမှု မလုံလောက်ဘဲ ချက်ချင်းထုတ်ပြန်တော့ သေချာမှု လိုအပ်မယ် ထင်တယ်” ဟု ဆိုသည်။ လားရှိုး ရိုးမဘဏ် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပြီးတွင် လူမှုကွန်ရက်စာမျက်နှာ၌ KIA နှင့် TNLA ပူပေါင်း၍ လားရှိုးမြို့တွင် ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်လျက်ရှိသည်ဆိုသည့် လက်ကမ်း စာစောင် အချို့ကို တွေ့ရှိရသကဲ့သို့ အဆိုပါအဖွဲ့များအနေဖြင့် ဆပ်ကြေးမပေး၍ ဗုံးဖောက်ခွဲခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။ ဗုံးပေါက်ကွဲမှုကို တပ်မတော်မှ စိစစ်ဆဲ / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/FB အဆိုပါသတင်းများနှင့် ပတ်သက်၍ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဗိုလ်မှူး တာအိုက်ကျော် က “ကျနော်တို့ အဖွဲ့က ဒီလိုလုပ်ဖို့ ညွှန်ကြားထားတာ မရှိဘူး။ ခုဗုံးပေါက်ကွဲတဲ့နားမှာ တကယ့်လုံခြုံရေး တင်းကျပ်တဲ့ နေရာဖြစ်တယ်။ လားရှိုးမြို့လယ်ခေါင်လို့ ပြောလို့ရတယ်။ ဘယ်အဖွဲ့မှ မဝင်နိုင်တဲ့နေရာဖြစ်တယ်” ဟု ပြောသည်။ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လာသည့် လက်ကမ်း စာစောင်များသည်လည်း လွန်ခဲ့သည့် ၁ နှစ်ဝန်းကျင်က မြန်မာ့ တပ်မတော်မှ ဖြန့်ဝေခဲ့သော စာစောင်များဖြစ်ပြီး ယခုဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ကာ တမင်ပြန်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည် The post လားရှိုးမြို့က ရိုးမဘဏ်ကို ဗုံးခွဲသည့် လက်သည်အား ရဲတပ်ဖွဲ့ ပိတ်ဆို့ရှာဖွေနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2CexSEX
via IFTTT

No comments:

Post a Comment