Sunday, February 25, 2018

The Voice

နိုင်ဂျီးရီးယား စာသင်ကျောင်းတစ်ခုကို ဘိုကိုဟာရမ် အစ္စလာမ္မစ်အုပ်စု ဝင်တိုက်ပြီးနောက် ကျောင်းသူ ၁၀၀ ကျော် ပျောက်ဆုံးလျက်ရှိ ကန်နို၊ ဖေဖော်ဝါရီ ၂၄ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို ဘိုကိုဟာရမ် အကြမ်းဖက်အုပ်စု ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ကျောင်းသူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးသွားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ နိုင်ဂျီးရီးယားသမ္မတ မူဟမ်ဒူဘူဟာရီက အဆိုပါဖြစ်ရပ်ကို အမျိုးသားရေး ဘေးဒုက္ခကြီးတစ်ရပ်အဖြစ် သတ်မှတ်ဖော်ပြသည်။ သို့သော် ယာဘီပြည်နယ်၊ ဒပါချီမြို့မှ ဒေသခံများအဆိုအရ အစိုးရစစ်တပ်က ဝေးလံခေါင်သီသည့်နေရာများမှ ဆုတ်ခွာသွားသောကြောင့် ယခုလို တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြစ်တင်ပြောဆိုသည်။ ယခုလို စာသင်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် ဘိုကိုဟာရမ်အစ္စလာမ္မစ် စစ်သွေးကြွများ အရေးနိမ့်လျက်ရှိသည်ဟု နိုင်ဂျီးရီးယားစစ်တပ်၏ ကြွေးကြော်ပြောဆိုမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများကို ဖြစ်ပေါ်စေခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က ဖြစ်ပွားသော စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွင် လက်နက်အပြည့်အစုံ ပါဝင်သော ဘိုကိုဟာရမ်စစ်သွေးကြွများက ဒပါချီမြို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး အလ္လာဟူ အကဘား (ဘုရားသခင်သာ အမြင့်မြတ်ဆုံး) ဟု အော်ဟစ်ခဲ့ကြကြောင်း၊ ထို့နောက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ နိုင်ဂျီးရီးယား အာဏာပိုင်များကမူ စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပြန်ပေးဆွဲခံရသည်ဟူသော သတင်းကို အစပိုင်းတွင် ငြင်းဆိုခဲ့သည်။ သို့သော် လေးငါးရက်ခန့်အကြာတွင် ကျောင်းသူရာနှင့်ချီ၍ နေအိမ်အသီးသီးသို့ ပြန်မလာနိုင်တော့သည့် သတင်းများထွက်ပေါ်လာခဲ့သည်။ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ ပျောက်ဆုံးနေသည့် မိခင်ဖြစ်သူ ဘရှီယာမန်ဇိုက ဖမ်းဆီးသွားသော ကလေးငယ်များ ပြန်လည်လွှတ်ပေးရေးအတွက် မိဘများက မိမိအစီအစဉ်ဖြင့် လုပ်ဆောင်နေရကြောင်း ပြောကြားသည်။ “ပထမအဆင့်ကတော့ ပျောက်နေတဲ့ သမီးငယ်လေးတွေရဲ့ နာမည်စာရင်း အပြည့်အစုံဖြစ်အောင် လုပ်ကြတယ်၊ အဲဒီစာရင်းမှာ ၁၀၅ ဦးအထိရှိတယ်”ဟု ၎င်းက ပြောကြားသည်။
Source : https://goo.gl/u4Kpgn
via IFTTT

No comments:

Post a Comment