Wednesday, February 28, 2018


“လိင်ကိစ္စဆိုပါက ထိုင်းသို့ သွားပါ”ဆိုသည့် ဂမ်ဘီယာဝန်ကြီး စကား ထိုင်းအစိုးရ မကျေနပ် “လိင်ကိစ္စဆိုပါက ထိုင်းသို့ သွားပါ” ဆိုသော အာဖရိကတိုက် ဂမ်ဘီယာနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာကလည်း ထိုင်းနိုင်ငံ အနေဖြင့် လိင်ဖျော် ဖြေရေး ခရီးသွားလုပ်ငန်းပုံရိပ်ကို ပြောင်းရမည်ဟု မနေ့ကပြောသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ကလည်း ကန့်ကွက်ကြောင်း Bangkok Post ကဆိုသည်။ ပြီးခဲ့သည့် စနေနေ့က ဂမ်ဘီယာ ခရီးသွားလာရေးဝန်ကြီး ဟာမက်ဘက်က လိင်ကိစ္စအတွက် ကမ္ဘာ လှည့် ခရီးသွားသူများ အနေဖြင့် ထိုင်းနိုင်ငံသို့ သွားသင့်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်၊ ဂမ်ဘီယာ သည်လည်း အနောက်နိုင်ငံသူ အမျိုးသမီးများ အထူးသဖြင့် ဗြိတိန်သူများ လိင်အပျော်အပါးရှာရန် သွားရောက်လည်ပတ်သည့် နိုင်ငံဖြစ်သည်။ “ကျနော်တို့နိုင်ငံဟာ လိင် အပျော်အပါးရှာဖို့ လာလည်ရမယ့်နေရာမဟုတ်ဘူး။ လိင်အပျော်အပါးရှာ ချင်ရင် ထိုင်းကိုသွား” ဟု မစ္စတာ ဘက် နိုင်ငံပိုင်မီဒီယာဖြစ်သော GRTS ၏ အပတ်စဉ်စကားဝိုင်း တွင် ကားလ်ဖက်တူးအားပြောခဲ့သည်ဟု သတင်းများကဆိုသည်။ ထိုပြောကြားချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကမကျေနပ်ကြောင်းဆိုသလို၊ ဂမ်ဘီယာဝန်ကြီး၏ မှတ်ချက် ကြောင့် ထိုင်းနိုင်ငံ ပုံရိပ်နှင့် ထိုင်းခရီးသွားလုပ်ငန်းကို ထိခိုက်နိုင် ကြောင်း သံရုံးမှတဆင့် အကြောင်းကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာက“ဒီလိုအလုပ်မျိုးနဲ့ ရပ်တည်နေတဲ့လူတချို့ကို ကျနော်တို့ လက်ခံရမှပဲ၊ ဒီလူတွေရဲ့ အသက်မွေးမှုနဲ့ ဝင်ငွေနှစ်ခုလုံးက ပြဿနာတွေကိုလည်း ကျနော်တို့ ကူညီဖြေရှင်းပေးရမှာပါ။ ဒီထက်ပို အရေးကြီးတာက သူတို့ ဒီအလုပ်ကနေ ပြောင်းလဲပစ်ဖို့ လိုလားသလား၊ မလိုလားဘူးလားဆိုတာ ကျနော်တို့ စုံစမ်းလေ့ လာဖို့ပဲဖြစ်ပါတယ်” ဟု ပြောသည်။ ဂမ်ဘီယာဝန်ကြီး၏မှတ်ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အလေးထားလိမ့်မည်ဟု မိမိ မယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်းက ပြောသည်။ ဂမ်ဘီယာ ခရီးသွားလုပ်ငန်းဝန်ကြီး၏ မှတ်ချက်စကားပြောကြားပြီးနောက် ယမန်နေ့ညပိုင်းက ထိုင်းရဲတပ်ဖွဲ့က အာဖရိက နိုင်ငံများမှ နိုင်ငံသားများ၊ မြန်မာများ၊ ဖိလစ်ပိုင်များ အများဆုံး ကျက် စားသည့် နိုက်ကလပ်များ၊ အရက်ဘားများရှိရာ နေရာပေါင်း ၁၁၀ကို ထိုင်းရဲတပ်ဖွဲ့က ပစ်မှတ်ထား ရှာဖွေစီးနင်းမှုများ ပြုခဲ့ရာ နိုင်ငံခြားသား ၇၅ ဦးကို ထိန်းသိမ်းခဲ့ပြီး၊ တရားမဝင်ဝင်ရောက်မှု၊ နေထိုင်ခွင့် သက်တမ်းကျော် လွန်နေထိုင်မှု၊ တရားမဝင်အလုပ်လုပ်ကိုင်မှုများဖြင့် ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ရုရှားလိင်ဆရာကြီး အဲလက်စ် လက်စလေ ဦးစီးသည့် အဆင့်မြင် လိင်သင်တန်းကို ထိုင်းနိုင်ငံ ပတ္တရားကမ်းလွန်ရှိ ကျွန်းတကျွန်းတွင် ဖွင့်လှစ်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ၁၀ဦး အမည်ပျက်စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း Bangkok Post က ရေးသားသည်။ The post “လိင်ကိစ္စဆိုပါက ထိုင်းသို့ သွားပါ”ဆိုသည့် ဂမ်ဘီယာဝန်ကြီး စကား ထိုင်းအစိုးရ မကျေနပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2GSmUD9
via IFTTT

No comments:

Post a Comment