ဂျပန်နိုင်ငံက ရုပ်ရှင်ပွဲတော် တခုမှာ ပြသခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ ဂျပန်- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ “ဇာတိမြေ” (My Country My Home) ရုပ်ရှင်ဇာတ်ကားကြီးကို ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ Osaka Asian Flim Festival 2018 မှာ ပြသခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ပွဲတော်မှာ ယခုလိုမျိုး ပြသခြင်းခံရတာဟာ မြန်မာဒါရိုက်တာ ရိုက်တဲ့ မြန်မာဇာတ်ကားကို ပထမဆုံးအကြိမ် အဖြစ် ပြသခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ဇာတိမြေ” အတွက် ကျေနပ်၊ ပျော်ရွှင်ရပါသည်။ “ဇာတိမြေ” တွင် ပါဝင်သော သရုပ်ဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များ အားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က သူ့ရဲ့ Facebook အကောင့်ကနေ ကျေးဇူးတင်စကား ဆိုထားပါတယ်။ “ဇာတိမြေ” (My Country My Home) ဇာတ်ကားမှာတော့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ မင်းသား အောင်ရဲလင်း၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ မြန်မာလူမျိုး ဂျပန်အဆိုတော် မိုရီဆာကီဝင်း(အဝင်း) တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပြီး ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ၂၂ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲပြသခဲ့ပြီး မကြာခင်မှာလည်း ရုံတင် ပြသတော့မယ်လို့ သိရပါတယ်။ The post ဂျပန်နိုင်ငံက ရုပ်ရှင်ပွဲတော် တခုမှာ ပြသခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး appeared first on ဧရာဝတီ.
Source : http://ift.tt/2FD6v69
via IFTTT
No comments:
Post a Comment