ညောင်တုန်းတာတမံ တည်ဆောက်မှုတွင် ပါဝင်သည့် လယ်မြေများအတွက် လျှော်ကြေးပေးအပ် ဧရာတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် စံကင်းကျွန်းဒေသ၌ တာတမံတည်ဆောက်ခဲ့ရာတွင် ရယူအသုံးပြုခဲ့သည့် လယ်ယာမြေများအတွက် လျှော်ကြေးငွေ လယ်တဧကလျှင် ငွေကျပ် ၂၈ သိန်းနှုန်းဖြင့် ပေးအပ်ခဲ့သည်။ လယ်သမားများအား လျှော်ကြေးပေးအပ် / ဆလိုင်းသန့်စင်/ဧရာဝတီ) ယင်းလျှော်ကြေးငွေ ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ နေ့လည်ပိုင်း၌ ရန်ကုန်-ပုသိမ် ကားလမ်းအနီး ဆားမ လောက်ရေတံခါးရှိ ခန်းမဆောင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အလယ်ချောင်း၊ စွန်တနီး၊ ပါလှဲ့ကျေးရွာများမှ တောင်သူအား မြေယာလျှော်ကြေးငွေများ ပေးအပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ ညောင်တုန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဆန်းနှင့် ဖိတ်ကြားထားသော တာဝန်ရှိသူများ၊ မြေယာလျှော်ကြေးရယူမည့် လယ်သမားများ တက်ရောက်ခဲ့ ကြသည်။ The post ညောင်တုန်းတာတမံ တည်ဆောက်မှုတွင် ပါဝင်သည့် လယ်မြေများအတွက် လျှော်ကြေးပေးအပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2t69UrO
via IFTTT
No comments:
Post a Comment