ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အောင်မင်္ဂလာကျေးရွာမှာ မောင်နှမနှစ်ယောက်ထင်းခွေသွားရာ နှမဖြစ်သူမှပျောက်ဆုံးသွားပြီး ထိုးသွင်းဒဏ်ရာများနဲ့သေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဖြစ်စဥ်မှ ကချင်ပြည်နယ်၊ ရေရှင်ကျေးအုပ်စု၊ အောင်မင်္ဂလာကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာ ထင်းတောထဲကိုဒီကနေ့ နေ့လယ်ပိုင်းက မောင်နှမနှစ်ယောက်ထင်းခွေသွားရာ နှမဖြစ်သူမှ ပျောက်ဆုံးသွားပြီး လိုက်လံရှာဖွေတဲ့အခါ ဒဏ်ရာများနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်။ မိုးကောင်းမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက“ မောင်နှမနှစ်ယောက်ထင်းတွေသယ်နေရင်း နှမဖြစ်သူပျောက်သွားတယ်လို့ မောင်ဖြစ်သူပြောပြချက်အရသိရတယ်။သူညီမကပြန်မလာတာကြာတော့ အိမ်ပြန်လာတယ်။ လိုက်ရှာတဲ့အခါ တဲရဲ့အနောက်မြောက်ဘက် သုံးဖာလုံလောက်ထင်းတောထဲမှာသေဆုံးနေတာတွေ့ရတယ်ပေါ့။”လို့ပြောပါတယ်။ သေဆုံးသူမိန်းကလေးဟာ မမိုးမိုးအေး အသက် (၁၁)နှစ်ခန့် ဖြစ်ပြီး လေးတန်းစာမေးပွဲဖြေဆိုထားသူတစ်ယောက်ဖြစ်ပါတယ်။ သေဆုံးသူ မိန်းကလေးဟာ ညာဘက်လည်ပင်းပြတ်ရှဒဏ်ရာ၊ နောက်ကျောထိုးသွင်းဒဏ်ရာသုံးချက်နဲ့ ခါးမှာဒဏ်ရာတစ်ချက်နဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး မိုးကောင်းမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်နေပြီးအလောင်းကိုလည်းစစ်ဆေးနေပါတယ်။ လက်တလော လူသတ်မှုဥပဒေပုဒ်မ ၃ဝ၂နဲ့ အမှုဖွင့်ထားပါတယ်။ Author နှင်းနှင်း
Source : http://ift.tt/2GHKZwu
via IFTTT
No comments:
Post a Comment