Friday, February 23, 2018


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးအတွက် သမ္မတ အရေးပေါ် ရန်ပုံငွေ ကျပ် ၂၀ ဘီလီယံ သုံးမည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက ကျပ် သန်း ၂၀ ဘီလီယံ တောင်းခံမှုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ခွင့်ပြုလိုက်ပြီးနောက် ယင်းငွေများကို ကာကွယ်ရေး ဝန်ကြီးဌာနသို့ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကျပ် ဘီလီယံ ၂၀ ကို ယခင်က ဆောင်ရွက်ခဲ့သည့်အတိုင်း ကာကွယ်ရေး ဝန်ကြီးဌာနသို့ လုပ်ငန်း လွှဲပြောင်းပေး၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု ကိစ္စကို လွှတ်တော်မှ အတည်ပြု မှတ်တမ်း တင်ပေးပါရန် တင်ပြခဲ့သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးခတ်ခြင်း အပါအဝင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့၏ ရခိုင် ပြည်နယ် အရေးကိစ္စများတွင် သုံးစွဲခဲ့ရသည့် သမ္မတ၏ အရေးပေါ် ရန်ပုံငွေ ကျပ်သန်း ၂၆၀၁၁.၁၃၁ သန်းကို ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်းမြေ ထိစပ်မှုမှာ မိုင်ပေါင်း ၁၈၂.၆၈ မိုင်ရှိရာ ယင်းနယ်နမိတ်ကို နယ်စပ်ခြံစည်းရိုး ကာရံလျက်ရှိရာ၂၀၀၉ ခုနှစ် မတ်လမှ စ၍ ၂၀၁၅ ခုနှစ် မတ်လအထိ လုပ်ငန်းများကို အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၂၆.၆၈ မိုင်ကို ကာရံထားပြီး ဖြစ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ၃ နိုင်ငံ နယ်နမိတ် ဆုံသည့်နေရာ ၅၆ မိုင်သာ ခြံစည်းရိုး ခတ်ရန် ကျန်တော့ကြောင်း ဗိုလ်ချုပ် အောင်စိုး က လွှတ်တော်တွင် ပြောသည်။ ၎င်းက “စတုတ္ထ အဆင့်အဖြစ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ၁၁.၅ မိုင် ခြံစည်းရိုး ကာရံခဲ့ပြီး ၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ၃.၂ မိုင်ကို Y ပုံသဏ္ဍန်နဲ့ သံဆူးကြိုး အဝိုင်း ၂ ပေ ထပ်တိုး ပုံစံ ခြံစည်းရိုး ပြောင်းလဲ လုပ်ဆောင်လျက် ရှိပါတယ်။ ပြီးသွားလို့ရှိရင် စုစုပေါင်း ၁၄.၇ မိုင် ပြီးစီးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ ကျန်ရှိနေသည့် ၁၁.၅ မိုင်အရှည်အား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ဘီလီယံ ၂၀ ဖြင့် Y ပုံသဏ္ဍန် သွပ်ဆူးကြိုး အဝိုင်း ၂ ပေ ထပ်တိုး ပုံစံ ခြံစည်းရိုး ကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် မြေညှိ၊ မြေဖြုတ် ပြုလုပ်ခြင်း၊ ကင်းလှည့် မြေသားလမ်း ၄၀ ပေအတွက် အရှည် ၁၁.၅ မိုင် ပြုလုပ်ပေးခြင်း၊ သံကူကွန်ကရက် ရေထွက်ပေါက် ၁၆၁ ခု ပြုလုပ်ပေးခြင်းနှင့် ဂိုဒေါင် ၃ လုံး အပါအဝင် အဆောက်အဦ ၈ လုံး ဆောက်လုပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “အရင်ခြံစည်းရိုးတွေကတော့ အရည်အသွေး အားနည်း တယ်။ လူတွေ အချိန်မရွေး ကျော်ဝင်လို့ ရတယ်။ ဖြုတ်ဝင်လို့ ရတယ်။ အခုတော့ ဘယ်လို လုပ်နေတယ်ဆိုတာ မသိဘူး။ တဖက်က လူတွေ ကျော်လာလို့ မရအောင် အဆင့်မြင့်မြင့်လေး ဖြစ်စေချင်တယ်။ မဟုတ်ရင်တော့ ငွေကုန်ရကျိုး နပ်မှာ မဟုတ်ဘူး။ ထိထိရောက် ရောက် သုံးတာကတော့ ဝန်ကြီးဌာန အလုပ်ပါ”ဟု ဧရာဝတီသို့ ပြောသည်။ ခြံစည်းရိုးကာရံနိုင်ရေး လုံလောက်သည့် ဘတ်ဂျက်ရှိရမည် ဖြစ်သော်လည်း တကယ်တန်း ထိထိရောက်ရောက် သုံးနိုင်ရေး ဝန်ကြီး ဌာနက ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ နယ်စပ် ကျူးကျော်မှု၊ ခိုးဝင်ခိုးထွက် ပြဿနာများနှင့် ARSA ၏ ခြိမ်းခြောက်မှုကို ကာကွယ် ရန် လုံခြုံသည့် ခြုံစည်းရိုး ဖြစ်ရန် လိုအပ်ကြောင်း ရခိုင်အမျိုးသား ပါတီ (ANP)မှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်လည်း ဖြစ်သူ ဦးဖေ သန်းက ပြောသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း အရေးပေါ် ရန်ပုံငွေမှ ကျပ် ၁၀၂၁.၄၃၇ သန်းကို အဆိုပါ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ငခူရနယ်မြေမှ စေတီပြင်လမ်းဆုံ ၅ မိုင် ၁ ဖာလုံနှင့် ကျီးကန်းပြင်လမ်းဆုံမှ လှဖိုးခေါင်ကျေးရွာ ကျောက်ပြင်ဆိပ်စန်းအထိ ၆ မိုင် ၃ ဖာလုံ စုစုပေါင်း ၁၁/၄ မိုင် ကျောက်လမ်းအား အရေးတကြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်၍ အစိုးရအဖွဲ့က ခွင်ပြုခဲ့ကြောင်း သိရသည်။ ယင်း လမ်းဆုံလမ်းများအား ဆောင်ရွက်ပေးခြင်းဖြင့် ရခိုင်ပြည်နယ်၊ နယ်စပ်လုံခြုံရေးအတွက် အထောက်အကူ ဖြစ်စေမည့် အပြင် မောင်တောဒေသအတွင်း ဒေသခံပြည်သူများအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးများအ တွက် များစွာ အထောက်အကူပြုမည်ဟု နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြောသည်။ ယင်းလမ်းများကို ပြုပြင်ရန် ကိုဖီအာနန်၏ အကြံပြုချက်များကို လိုက်နာ အကောင်အထည်ဖော်ရသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်ရေး ကော်မတီက ညွှန်ြ့ကားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကျပ်သန်း ၄၉၈၉.၆၉၄ ကို မိုရာမုန့်တိုင်းဒဏ် ခံခဲ့ရသည့် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်မတော် တပ်ရင်းတပ်ဖွဲ့ပိုင် အဆောက်အဦ ၈၈၂ လုံး ပြန်လည် ပြုပြင်တည်ဆောင်ရေးတွင် အသုံးပြုသွားမည် ဖြစ် ကြောင်း ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။ “သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများအား စစ်ဆေးရေး ဘုတ်အဖွဲ့ဖြင့် စနစ်တကျ စစ်ဆေးခဲ့ပြီး ပျက်စီးခဲ့သည့် အဆောက်အဦ ၁၀၀၉ လုံးအနက် ပထမ ဦးစားပေး အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အချိန်မီ ပြီးစီးနိုင်မည့် ၈၈၂ လုံးအား ပြန်လည် ပြုပြင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ သမ္မတ၏ စုစုပေါင်း ရန်ပုံငွေ ကျပ်သန်း ၂၆၀၁၁.၁၃၁ သန်းအနက် ကျပ်သန်း ၄၉၈၉.၆၉၄ ကို ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ကောင်း၊ ကျပ်သန်း ၂၀ ဘီ လီယံကို ပြည်ထဲရေး ဝန်ကြီးဌာနက လည်းကောင်း၊ ကျပ်သန်း ၁၀၂၁.၄၃၇ ကို နယ်စပ်ရေးရာ ဝန်ကြီးဌာန က လည်းကောင်း အသုံးပြုခဲ့ရပြီး ခွင့်ပြုချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ် ၃/၂၀၁၈ တွင် ရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများက လွှတ်တော်တွင် ပြောသည်။ “ဒီငွေတွေကို အရင်က သီးသန့် ရန်ပုံငွေလို့လည်း ခေါ်တယ်။ အခုတော့ သမ္မတရဲ့ အရေးပေါ် ရန်ပုံငွေပေါ့။ အဲဒါတွေက သမ္မတက ခွင့်ပြုရင် သုံးလို့ရတယ်။ လွှတ်တော်ကို ခွင့်တောင်းစရာ မလိုဘူး။ အသိပေးရုံပဲ။ သမ္မတရဲ့ လုပ်ပိုင်ခွင့်ပေါ့။ ဟိုးအရင်ကလည်း မဆလခေတ်မှာ ပြည်သူ့ကောင်စီမှာ အဲဒီလို လုပ်ပိုင်ခွင့်မျိုး ရှိခဲ့ဖူးတယ်”ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ ဦးခင်ချိုက ရှင်းပြခဲ့သည်။ The post မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးအတွက် သမ္မတ အရေးပေါ် ရန်ပုံငွေ ကျပ် ၂၀ ဘီလီယံ သုံးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2GBMook
via IFTTT

No comments:

Post a Comment