Sunday, February 25, 2018


သင့်ကားမှာ တပ်ဆင်ထားသင့်တဲ့ နည်းပညာပစ္စည်း ၅ ခု အခုလို နည်းပညာ ခေတ်ထဲမှာ သင့်ရဲ့ မော်တော်ကားမှာ မဖြစ်မနေ တပ်ဆင်သင့်တဲ့ နည်းပညာပစ္စည်းလေးတွေ အကြောင်း ပြောပြပါမယ်။ ဈေးချိုချိုနဲ့လည်း ဝယ်နိုင်၊ အလွယ်တကူလည်း ရနိုင်တဲ့ နည်းပညာ ပစ္စည်းတွေ တပ်ဆင်လိုက် ခြင်းအားဖြင့် သင့်ကား အတွက် ဘာတွေ ဘယ်လို လုံခြုံအဆင်ပြေလာမယ် ဆိုလေ့လာကြည့်ရအောင်ပါ။ (၁) Bluetooth Audio Receiver ။ ။ တကယ်လို့ သင့်ကားမှာ အသံပိုင်းစနစ် မပါရှိတာပဲ ဖြစ်ဖြစ်၊ ဖုန်းထဲက မိမိ နှစ်သက်တဲ့ သီချင်းမျိုးကို နားထောင်ချင်လို့ပဲ ဖြစ်ဖြစ် Bluetooth စနစ်ကို သုံးပြီး အခု Receiver လေးရှိရုံနဲ့ အလွယ်တကူ သီချင်းတွေကို ချိတ်ဆက် နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးစနစ်သုံး ပစ္စည်း ဖြစ်ပြီး ဒီနေ့ခေတ် အနေအထားမှာ Bluetooth ချိတ်ဆက်နိုင်မှုတော့ ရှိထားသင့်ပါတယ်။ မော်ဒယ်နိမ့် ကားတွေ အတွက် အသုံုးပြုဖို့ ပိုကောင်းပါတယ်။ USB နဲ့ AUX လို ချိတ်ဆက်စနစ်တွေနဲ့ ချိတ်ဆက်ရမှုထက် ပိုမို လွယ်ကူလာသလို ပျက်စီးမှုတွေ၊ ကြိုးပျောက်နေတာတွေ၊ အထိုင်ခေါင်းတွေ အသုံးပြုချိန် ကြာမြင့်လို့ ချောင်တာတွေ၊ လွတ်ချင်တာတွေ မဖြစ်နိုင်တော့ပါဘူး။ ကားပစ္စည်းနဲ့ နည်းပညာ ပစ္စည်းဆိုင်တွေမှာလည်း အလွယ်တကူ ဝယ်ရနိုင်သလို AUKEY တံဆိပ် Receiver ဆိုရင် အရည်အသွေးလည်း ကောင်းသလို ဈေးနှုန်းကလည်း ၂၈ ဒသမ ၉၉ ဒေါ်လာ (ကျပ် ၃ သောင်းဝန်းကျင်) နဲ့ ရနိုင်ပါတယ်။ (၂) Dash Cam ။ ။ Black Box လို့လည်း အလွယ်ပြောနိုင်မှာပါ။ ကားရဲ့ ရှေ့ဘက် Dashboard ပေါ်မှာ အလွယ်တကူ ထားရှိ ရိုက်ကူးစေနိုင်မယ့် ကင်မရာပါ။ နေရာယူမှုလည်း နည်းတယ်။ မောင်းနှင်နေချိန် အတွက်ရော ရပ်နားထားချိန် အတွက်ပါ ကားနဲ့ ပတ်သတ်တဲ့ ရုုပ်သံတွေကို မှတ်သားထားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းထုတ် မော်ဒယ်တွေက ရုပ်ထွက် အရည်အသွေး 1080P နှုန်းရှိတဲ့ ပြတ်သားမှုနှုန်းလောက်ထိ ရိုက်ကူးပေးနိုင်သလို ကင်မရာက ၁၇၀ ဒီဂရီလောက် ထိ ပတ်လည် ရိုက်ကူးပေးနိုင်တာလည်း တွေ့ရပါတယ်။ MicroSD ကတ်ကို အလွယ်တကူ စိုက်ထည့်မှတ်သားထားနိုင်မယ်၊ ရိုက်ကူးပြီး ရုပ်သံဖိုင်တွေကိုလည်း မလိုချင်ရင် အလွယ် ဖျက်ပစ်လိုက်နိုင်မှာပါ။ ပျမ်းမျှ အရည်အသွေးကောင်းတဲ့ ကင်မရာတွေက ၆၄ ဒသမ ၉၉ ဒေါ်လာလောက်ရှိပြီး ကျပ် ၈ သောင်းလောက်ပဲ ကုန်ကျနိုုင်ပါတယ်။ (၃) Smart Car Dongle ။ ။ Automatic Pro လို တံဆိပ်တွေကတော့ စိတ်ချရပါတယ်။ ၁၉၉၆ ခုနှစ်လောက်က မော်ဒယ်ပဲ ဖြစ်နေပါစေ၊ အခု Dongle ကို တပ်ဆင်ထားမယ် ဆိုရင် သင့်ရဲ့ ကား ဘယ်မှာ ရောက်နေသလဲ ဆိုတာ သင့် ဖုန်းကို အချက်ပြ ပေးနေပါလိမ့်မယ်။ ဘယ်လို လမ်းကြောင်းတွေ သွားခဲ့တယ်၊ ဘယ်မှာ ရောက်နေတယ်၊ လက်ရှိ စက်နှိုးမောင်းနေသလား၊ ရပ်ထားသလား ဆိုတာတွေပါ သိနိုုင်အောင် အချက်ပြပါလိမ့်မယ်။ ကားတစီးလုံး ဝယ်စီးထားမှတော့ မတော်လို့ ကား အခိုးခံရရင် အလွယ်တကူ ခြေရာခံနိုင်မယ့့် Dongle ကို ထည့်ထား သင့်ပါတယ်။ Automatic Pro လို တံဆိပ်ဆိုရင်တော့ ဈေးနှုန်း ၁၀၉ ဒသမ ၉၉ ဒေါ်လာ၊ ကျပ် ၁ သိန်း ၂ သောင်းလောက် ကျနိုင်ပါတယ်။ (၄) Wireless Charging Stand ။ ။ မော်ဒယ်မြင့်ဖုန်း ကိုင်သူတွေ အတွက်တော့ အလွယ်ဆုံး အားသွင်းနိုင်မယ်၊ ကြိုးတွေနဲ့ ချိတ်ဆက်စရာ မလိုတော့လို့ အဆင်ပြေပြေ သုံးနိုင်မယ့် နည်းပညာ ပစ္စည်းပါ။ အခု နောက်ဆုံးနှစ်တွေထဲမှာ ထုတ်လုပ် ထားတဲ့ တန်ဖိုးသင့်နဲ့ တန်ဖိုးကြီး ကားတွေမှာ အခုလို ကြိုးမဲ့ အားသွင်းစနစ် ပါရှိပြီး ဖြစ်နိုင်ပေမယ့် မော်ဒယ်နိမ့် ကားတွေမှာတော့ အခု အထိုင်ကို ဝယ်ထည့်လိုက်မှ ကြိုးမဲ့ အနေနဲ့ အားသွင်းနိုင်တဲ့ ဖုန်းတွေကို အားသွင်းလို့ရမှာပါ။ iOttie Easy One Touch Qi Wireless Fast Charge Car Mouunt တွေက ဈေးကွက်မှာ လူကြိုက်များနေပါတယ်။ ဈေးနှုန်း ၄၉ ဒသမ ၉၅ ဒေါ်လာ၊ ကျပ် ၆ သောင်းလောက်ပဲ ရှိပါတယ်။ အားဝင်လည်း မြန်သလို ရေရှည်အတွက်လည်း စိတ်ချရပါတယ်။ (၅) Alexa-enabled Car Charger ။ ။ ကြိုးမဲ့ ပုံစံ အားသွင်းနိုင်တဲ့ ဖုန်းတွေ ထွက်ရှိလာတာ မကြာသေးတော့ သင့် လက်ထဲက ဖုန်းက ကြိုုးနဲ့ အားသွင်းရတယ် ဆိုရင်တော့ အခု Charger လေး ဝယ်ထည့် ထားသင့်ပါတယ်။ ဒါပေမယ့် အခု ပစ္စည်းလေးက အားသွင်းခေါင်း အနေနဲ့တင် မဟုတ်ပဲ Amazon ရဲ့ Alexa စနစ်ကို ထည့်သွင်း ဖန်တီးထားလို့ သီးချင်းတွေ ချိတ်ဆက်နားထောင်တာတွေ၊ စကားပြောသံနဲ့ ကားရဲ့ စနစ်ကို ထိန်းချုပ်နိုင်မှုတွေပါ သုံးနိုင်အောင် ဖန်တီးထားတာပါ။ Roavကနေ ထုတ်လုပ်တဲ့ VIVA က အရည် အသွေး စိတ်ချရပါတယ်။ ဈေးနှုန်း ၄၉ ဒသမ ၉၉ ဒေါ်လာ၊ ကျပ် ၆ သောင်းကျော်ပဲ ကျနိုင်ပါတယ်။ သတိပြုစရာက Alexa စနစ် ပါရှိတဲ့ Charger ကို ဝယ်သုံုးရမှာပါ။ Ref: www.businessinsider.com The post သင့်ကားမှာ တပ်ဆင်ထားသင့်တဲ့ နည်းပညာပစ္စည်း ၅ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2FvfPJv
via IFTTT

No comments:

Post a Comment