အိပ်နေရင်း ဝိတ်ကျအောင် ပြုလုပ်နိုင်မယ့် လွယ်ကူတဲ့ နည်းလမ်း ၅ ခု “အိပ်နေတဲ့အခါ ဝိတ်ကျတယ်” တဲ့ ကြော်ငြာတခုမှာ သုံးထားတာ တွေ့လိုက်တာပါ။ ဒီစကားကို ဆရာဝန်တွေလည်း ပြောလေ့ ရှိပါတယ်။ သင်အိပ်စက်နေပေမယ့် ကိုယ်တွင်းအင်္ဂါတွေက မနားဘဲ အလုပ်လုပ်ကြလို့ ကယ်လိုရီ လောင်ကျွမ်း သွားတာပါ။ ဒါကို အသုံးချပြီး အပျင်းကြီးဖို့ ဆင်ခြင်ပေးခိုင်းနေတာ မဟုတ်ပါဘူး။ သိပ္ပံနည်းအရ ဒီအခွင့်အရေးကို အသုံးချပြီး ကယ်လိုရီ လောင်ကျွမ်းအောင် လုပ်စေချင်တာပါ။ ဝိတ်တက်နေတဲ့သူတွေ အခုဖော်ပြမယ့် နည်းလမ်းတွေကို အလေ့အကျင့်ဖြစ်အောင် လုပ်ထားရင် အိပ်နေတုန်းမှာတောင် ဝိတ်ကျအောင် လုပ်နိုင်ပြီပေါ့။ (၁) အိပ်ချိန် ပုံမှန် အိပ်စက်မယ် ပထမအချက်က လိုအပ်တဲ့ အိပ်ချိန်ပမာဏ ရှိဖို့လိုပါတယ်။ တနေ့ ၈ နာရီခွဲ ကြာအောင် ပုံမှန် အိပ်စက်မယ်ဆိုရင် ကိုယ်အလေးချိန် ထက်ဝက်လောက်တောင် လျော့ချနိုင်ပါတယ်။ သင်အိပ်စက်နေပေမယ့် ကိုယ်တွင်းအင်္ဂါတွေက မနားဘဲ အလုပ်လုပ်ကြလို့ ကယ်လိုရီ လောင်ကျွမ်း သွားတာပါ (၂) မအိပ်ခင် နို့တခွက် သောက်ပါ အိပ်နေချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ မအိပ်ခင် နို့တခွက် သောက်ပေးတာလည်း အကျိုးရှိစေပါတယ်။ နွားနို ဒါမှမဟုတ် ဒိန်ချဉ်မှာ ကြွက်သားတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ် အများဆုံး ပါဝင်လို့ မအိပ်ခင် သောက်သုံး သင့်ပါတယ်။ (၃) မလိုအပ်ဘဲ အပူပေးစက် မဖွင့်ပါနဲ့ အရမ်းအေးတဲ့ အချိန်ကလွဲလို့ မလိုအပ်ဘဲ အပူပေးစက်ကို ဖွင့်မထားပါနဲ့။ အသင့်အတင့် အအေးလောက်ဆို စောင်ခြုံ ထားတာနဲ့ လုံလောက်ပါတယ်။ ပညာရှင်တွေ လေ့လာထားချက်အရ ပြင်ပအပူချိန်အတိုင်း အိပ်စက်မယ်ဆိုရင် ခန္ဓာကိုယ်က မကောင်းတဲ့ အဆီခဲတွေ လောင်ကျွမ်းဖို့ ကယ်လိုရီတွေ ထုတ်သုံးလေ့ရှိပါတယ်တဲ့။ သင်အိပ်စက်နေပေမယ့် ကိုယ်တွင်းအင်္ဂါတွေက မနားဘဲ အလုပ်လုပ်ကြလို့ ကယ်လိုရီ လောင်ကျွမ်း သွားတာပါ (၄) အိပ်ရာမဝင်ခင် တီဗီ၊ ကွန်ပျူတာ ကြည့်ရှုခြင်း ရှောင်ပါ အိပ်ရာမဝင်ခင် တနာရီ အလိုလောက်မှာ တီဗီ၊ ကွန်ပျူတာ မကြည့်သင့်ပါဘူး။ သူတို့ကနေ ထုတ်လွှတ်လိုက်တဲ့ အပြာရောင် အလင်းတန်းတွေက အိပ်ပျော်စေမယ့် ဟော်မုန်းဓာတ်တွေကို ကမောက်က ဖြစ်စေလို့ပါ။ သင်အိပ်စက်နေပေမယ့် ကိုယ်တွင်းအင်္ဂါတွေက မနားဘဲ အလုပ်လုပ်ကြလို့ ကယ်လိုရီ လောင်ကျွမ်း သွားတာပါ (၅) ညဘက် မီးပိတ် အိပ်ပါ ၂၀၁၄ ခုနှစ်က Oxford University ရဲ့လေ့လာချက်တခုအရ အိပ်တဲ့အခါ ညအိပ်မီး ဖွင့်အိပ်တဲ့ အမျိုသမီးတွေက မီးပိတ်ပြီး အမှောင်ထဲမှာ အိပ်တဲ့ အမျိုးသမီးတွေထက် ၂၁ ရာခိုင်နှုန်းလောက် ကိုယ်အလေးချိန် တက်နိုင်ချေများတယ်လို့ ဆိုပါတယ်။ Ref ; Better Me The post အိပ်နေရင်း ဝိတ်ကျအောင် ပြုလုပ်နိုင်မယ့် လွယ်ကူတဲ့ နည်းလမ်း ၅ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2ohK3rW
via IFTTT
No comments:
Post a Comment