ကော့သောင်း၌ လေအားလျှပ်စစ် ထုတ်ရန် ဖြစ်နိုင်ခြေရှိမရှိ လေ့လာစမ်းသပ်မည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း အလတ်စား လေအားလျှပ်စစ် ထုတ်လုပ်ဖြန့် ဖြူးရေးစီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် Royal Eagle Myanmar Development Group Co.,Ltd နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့က နားလည်မှု စာချွန် လွှာလက်မှတ်(MoU) ရေးထိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဧရာဝတီကို ပြောသည်။ “ကျနော်တို့ဒေသရဲ့ လျှပ်စစ်ဓာတ်အား ဖူလုံဖို့အတွက် ရည်ရွယ်ပြီး ဖြစ်နိုင်စွမ်းရှိမရှိ စမ်းသပ်ဖို့ ခွင့်ပြု တဲ့ MoU ထိုးတာ လောက်ပဲ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။ Royal Eagle Myanmar Development Group Co.,Ltd အနေဖြင့် အနေဖြင့် ၃၀ မဂ္ဂါဝပ် အလတ်စား လေအား လျှပ်စစ်ထုတ်လုပ် ရေးနှင့်ဖြန့်ဖြူးရေးစီမံကိန်းအတွက် အကြိုလေ့လာ စမ်းသပ် ဆောင်ရွက်မှုကို ကော့သောင်းမြို့၏ အမြင့်ဆုံးတောင်ဖြစ်သည့် ၁၁၉၉ပေ အမည်ရှိတောင်တွင် ပြုလုပ် သွားမည်ဟု သိရသည်။ စမ်းသပ်လေ့လာမှု ကာလမှာ ၁၈ လကြာမြင့်မည်ဖြစ်ကြောင်း၊ အဆိုပြုလွှာအနေဖြင့် ကုမ္ပဏီဘက်မှ ပြန်လည်တင်ပြလာ မည့် လေ့လာတွေ့ရှိချက်များကို ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြပေး သွားမည်ဖြစ်ပြီး ခွင့်ပြုသင့်/မသင့်ကို ပြည် ထောင်စုအစိုးရ၏ သဘောထားဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးကြည်လှိုင်က ရှင်းပြသည်။ ဝန်ကြီးဦးကြည်လှိုင်က “သူတို့စမ်းသပ်လို့ အောင်မြင်နိုင်တဲ့အနေအထားမျိုးရှိရင်တော့ ကျနော်တို့ ဒေသအတွက် သူတို့လုပ် မယ့် မဂ္ဂါဝပ် ၃၀ ဆိုတာ အဓိက ကော့သောင်းခရိုင်နဲ့ မြိတ်ခရိုင်အတွက် ဖူလုံသွားမယ်လို့ ထင်တာပဲ” ဟု ဆိုသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာခ တယူနစ်လျှင် ၂၀၀ ကျပ် ပေးဆောင် ရကြောင်း၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့၌ ဒီဇယ်ဈေး အတက်အကျပေါ် မူတည်၍ ပေးဆောင်ရ ပြီး လက်ရှိတွင် ၃၈၅ ကျပ် ပေးဆောင်ရ သည်ဟု ၎င်းက ပြောသည်။ ကော့သောင်းမြို့ဒေသခံ ဦးအောင်ဇာနည်ဝင်းက “ဒီစမ်းသပ်မှု အောင်မြင်လို့ရှိရင် ဒေသခံတွေ အခု ထက် မီတာခ သက် သာမယ်လို့ မျှော်လင့်တယ်။ အခုက မီတာခ တယူနစ် ၃၃၀ ကနေ ပုဂ္ဂလိက အကူမီးစက်တွေက ၈၀၀ အထိ ကောက်ခံနေ ပါတယ်။ အောင်မြင်မလားဆိုတာကတော့ MoU ထိုးထားတဲ့ ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုပေါ် မူတည်ပါတယ်” ဟု ပြောသည်။ လေအားဖြင့်လျှပ်စစ်ထုတ်လုပ်ရန် စမ်းသပ်လေ့လာမှုသည် တနင်္သာရီတိုင်းအတွင်း ပထမဦးဆုံး အကြိမ်ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ရည် (LNG) ကို လောင်စာအဖြစ်အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းတခုကိုလည်း ထားဝယ်ခရိုင် ကံ ပေါက်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ The post ကော့သောင်း၌ လေအားလျှပ်စစ် ထုတ်ရန် ဖြစ်နိုင်ခြေရှိမရှိ လေ့လာစမ်းသပ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2GPgRzh
via IFTTT
No comments:
Post a Comment