ဒုတိယအကြိမ် FTD Ferry ပြန်လာပါပြီး.... ကျောင်းသား/သူများအတွက် စာမေးပွဲကာလ FTD ရဲ့ အထူးအစီအစဥ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နှစ်စဥ်နှစ်တိုင်း Bus အခက်အခဲကြောင့် မနက်ပိုင်းစာမေးပွဲနောက်ကျ နေရတဲ့သူတွေ ရှိတယ် ၊၊ အထူးသဖြင့် လှည်းကူး ၊ ထောက်ကြန့်က ကျောင်းသား/သူတွေ အများစုဖြစ်ပါတယ် ။ အခုတော့ ...... လှည်းကူး ၊ ထောက်ကြန့် ကျောင်းသား/သူများအတွက် FTD က အစီအစဥ် တစ်ခု စီစဥ်လိုက်ပါပြီ ။ ဒါကတော့ FTD Ferry အစီအစဥ် ဖြစ်ပါတယ် ။ လမ်းကြောင်းများကတော့ Bus A= ထောက်ကြန့် - သင်္ဃန်းကျွန်း - ပုလဲ - ၃ လမ်းဆုံ - ခြောက်ကွေ့ - ခေမာသီ - အဝိုင်း - ဗိုလ်မှူးဗထူးလမ်း - ဒဂုံတက္ကသိုလ် FTD ရဲ့ Ferry အစီအစဥ် မှာ ပါဝင်မယ်ဆိုရင်တော့ အောက်ဖော်ပြပါဖုန်းနာပတ်သို့ဆက်သွယ် စာရင်းပေးနိုင်ပါပြီး. -09 961569210 -09 257898836 သို့ ဆက်သွယ်စာရင်းပေးပါမယ်နော် ။ လှည်းကူး ၊ ထောက်ကြန့် ကျောင်းသား/သူများကို ဦးစားပေးမှာ ဖြစ်ပါတယ် ။ မနက်ပိုင်းဖြေရမယ့် ဒုတိယနှစ် နဲ့ တတိယနှစ် ကျောင်းသား/သူများ အတွက်သာဖြစ်ပြီး အသွားခရီးစဥ် တစ်ကြောင်းသာ ပါဝင်မှာဖြစ်ပါတယ် ။ Ferry ကားခ ဘယ်လောက်ပေးရမလဲ? ကျောင်းသား/သူများ အသက်သာဆုံးဖြစ်အောင် FTD ကစီစဥ်ထားပါတယ် ။ ၆ရက်စာ ၆ ထောင် ကျပ်သာကျသင့်မှာဖြစ်ပါတယ် ။ ဒါကြောင့် Ferry မှာပါဝင်လိုတဲ့ ကျောင်းသား/သူများအနေနဲ့ ဖော်ပြထားတဲ့ ဖုန်းကို ယခုပင်ဆက်သွယ်စာရင်းပေးထားဖို့ တိုက်တွန်းဖိတ်ခေါ်အပ်ပါသည် ။ လူဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံးလာရောက် စာရင်းပေးသွင်းပါရန် တိုက်တွန်းအပ်ပါသည်။ 9-3-2018 နောက်ဆုံးထား၍ Ferry ကြေးနှင့် စာရင်းပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။ စာကြည့်တိုက်ရှေ့တွင် Monday to Friday မည်သည့်အချိန်မဆို လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ FTD Ferry စီးမည့်ကျောင်းသားကျောင်းသူများအနေဖြင့် စာရင်းပေးရာတွင် ၁။ ခုံနာပတ် ၂။ အမည် ၃။ ဖုန်းနာပတ် ၄။ လာကြိုရမည့် မှတ်တိုင် နာမည် တို့ကို ပြည့်ပြည့်စုံစုံပြောကြာပေးပါခင်ဗျ။ Future The DAGON
Source : http://ift.tt/2sRsTWS
via IFTTT
No comments:
Post a Comment