Sunday, February 25, 2018

Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ■ ခရစ္စတယ်ပဲလေ့စ် နှင့် စပါး (၂၅-၂-၂၀၁၈) တနင်္ဂနွေ ညနေ ၆း၃၀ နာရီ စပါးက ပုံစံကောင်းပြနေတဲ့အသင်းပါ။ FA ဖလားပွဲမှာ သရေကစားခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာခြေမှန်နေတယ်။ ခက်တာက ပဲလေ့စ်ရဲ့မထင်မှတ်တဲ့ရလဒ်တွေပဲ။ ချယ်လ်ဆီးကို နိုင်ခဲ့သလို၊ မန်စီးတီးကိုလည်းအိမ်ကွင်းမှာ သရေကစားခဲ့ဖူးတယ်။ စပါးကိုလည်း ဒုက္ခပေးနိုင်ခြေရှိပါတယ်။ ■ မန်ယူ နှင့် ချယ်လ်ဆီး (၂၅-၂-၂၀၁၈) တနင်္ဂနွေ ည ၈း၃၅ နာရီ ချယ်လ်ဆီးက ဒီပွဲပြီးရင် မန်စီးတီးနဲ့ပွဲကျပ်ထပ်ကစားရမယ်။ ဒီပွဲမတိုင်ခင်မှာတော့ နှစ်သင်းစလုံး ချန်ပီယံလိဂ်ပွဲတွေ ကစားထားရတာကြောင့် ပွဲပန်းမှုကတော့ သိပ်မကွာဘူး။ ဒီရာသီပထမအကျော့ဆုံတွေ့မှုမှာ ချယ်လ်ဆီးက အနိုင်ယူထားတာကို တွေ့ရတယ်။ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးရဲ့အကောင်းဆုံးပုံစံကို ပြန်တွေ့ခဲ့ရသလို၊ ဒီအနေအထားက အသင်းအပေါ် ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာကို ခွန်အားဖြစ်စေမှာ သေချာတယ်။ ဟာဇက်၊ ဝီလီယံတို့ကို မန်ယူခံစစ်က ခက်ခက်ခဲခဲ ထိန်းချုပ်ရလိမ့်မယ်။ ဒါပေမဲ့ မတူတာက ဘာစီလိုနာနဲ့ပွဲမှာ ဟာဇက်နဲ့ ဝီလီယံက ဘောလုံးသိပ်မရပေမယ့် ရတဲ့အခြေအနေတိုင်းမှာ Space ကျယ်ကျယ်နဲ့ ကစားခွင့်ရတယ်။ ဒီပွဲမှာ ကစားရမယ့် မန်ယူရဲ့ပုံစံက ခြားနားနေပြီး သူတို့နှစ်ဦးစလုံးအတွက် နေရာလွတ်တွေ ရှားပါးနေမယ့်ပွဲဖြစ်လို့ ခြေစွမ်းထပ်ပြနိုင်မယ်လို့ ပြောလို့မရဘူး။ လက်ရှိအချိန်မှာ ချယ်လ်ဆီးထက် မန်ယူက ရလဒ်တွေပိုကောင်းနေတယ်လို့ဆိုနိုင်ပေမယ့် ခြေစွမ်းကတော့ မကွာကြဘူး။ စုဖွဲ့ကစားပုံမှာ ချယ်လ်ဆီးကတောင် ပိုကောင်းနေတာတွေ့ရတယ်။ အမှတ်လိုအပ်ချက်ကတော့ နှစ်သင်းစလုံးမှာရှိပြီး ချယ်လ်ဆီးအတွက် ပိုအရေးကြီးနေတယ်။ ဆန်းချက်ဇ်၊ လူကာကူတို့ ခြေစွမ်းပြနိုင်ဖို့ မန်ယူမျှော်လင့်ရမယ်။ ချယ်လ်ဆီးနိုင်ဖို့ကတော့ခက်ပါတယ်။ မန်ယူသရေနဲ့ အနိုင်ပါပဲ။
Source : http://ift.tt/2Fu1qgw
via IFTTT

No comments:

Post a Comment