Friday, February 23, 2018


သားကြီးရဲ့ ၅ ခွေမြောက် တကိုယ်တော် “အချိန်တွေတိုင်းမှာ” ဘာတွေ ပြောင်းလဲသွားလဲ R& B သီချင်းလေးတွေနဲ့ ပရိသတ်က နှစ်သက် သဘောကျတဲ့ တေးရေး၊ တေးဆို အဆိုတော် သားကြီးက သူ့ရဲ့ ၅ ခွေမြောက် တကိုယ်တော်အခွေမှာ ပရိသတ်အကြိုက် သီချင်းပုံစံတွေကို ဦးစားပေးပြီး သီဆိုထားပါတယ်လို့ ပြောပါတယ်။ “အဓိကကတော့ ပရိသတ်ကြိုက်တဲ့ပုံစံကို ပြောင်းလဲထားတယ်။ အရင်က ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ။ ခွေထွက်ရင်လည်း အားတွေ တက်တယ်။ ဒီခွေမှာတော့ ပရိသတ်ကြိုက်တဲ့ဟာကို တဝက်လောက်ကို လုပ်ပေးထားတော့ စိတ်ထဲမှာ ကလိကလိနဲ့ ကျနော်က ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ပြီး ကြီးပြင်းလာတဲ့သူဆိုတော့ အခုလည်း ကိုယ်လုပ်ချင်တဲ့ သီချင်းပုံစံ၊ ကိုယ်လုပ်ချင်တာ။ ဒါပေမယ့် ဒီတခေါက်တော့ ပရိသတ်ကြိုက်တဲ့ဟာကို များများထည့်လိုက်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ထားတော့ တမျိုးလေးပေါ့နော်”လို့ အဆိုတော် သားကြီးက ပြောပါတယ်။ အဆိုတော် သားကြီးရဲ့ “အချိန်တွေတိုင်းမှာ” သီချင်းခွေ မိတ်ဆက်ပွဲ (ဓာတ်ပုံ – ယုဖြူဟန်/ ဧရာဝတီ) သားကြီးရဲ့ တကိုယ်တော် သီချင်းခွေကို “အချိန်တွေတိုင်းမှာ” လို့ အမည်ပေးထားပြီး အဆိုပါ အခွေထဲမှာတော့ သီချင်း ၁၂ ပုဒ်ကို သားကြီးက ၁၁ပုဒ် ကိုယ်တိုင်ရေးသားထားပြီး တေးရေးဆရာ လူခေတ်က ၁ ပုဒ် ရေးသားထားတယ်လို့ သိရပါတယ်။ “အချိန်တွေတိုင်းမှာ” သီချင်းခွေကို သားကြီးရဲ့ New Skool Entertainment မှ မတ်လ ၃ ရက် နေ့မှာ တနိုင်ငံလုံးကို ဖြန့်ချိပေးသွားမှာဖြစ်ပြီးလှည်းတန်းစင်တာမှာလည်း ပရိုမိုးရှင်း ပြုလုပ်ကာ ရောင်းချ ပေးသွားမယ်လို့ သိရပါတယ်။ သားကြီးအနေနဲ့ ၅ ခွေမြောက် တကိုယ်တော် သီချင်း Album ထွက်ရှိလာပေမယ့် ကျေနပ်အားရမှု မရှိသေးဘဲ ဆက်လက်ကြိုးစားရဦးမယ်လို့လည်း အဆိုတော် သားကြီးက ဆိုပါတယ်။ အဆိုတော် သားကြီးရဲ့ “အချိန်တွေတိုင်းမှာ” သီချင်းခွေ မိတ်ဆက်ပွဲ (ဓာတ်ပုံ – ယုဖြူဟန်/ ဧရာဝတီ) “ဂီတမှတ်တိုင် အနေနဲ့က ၅ခွေပေါ့။ ဒါပေမယ့် ကျနော့်အနေနဲ့ လုပ်တာက ၂၀၀၇ ခုနှစ်ကတည်းက “ဗိုလ်လုပွဲ” ဆိုတဲ့ အခွေမှာကတည်းက စပြီးတော့ ဂီတလောကထဲကို ရောက်လာတာပေါ့။ အဲဒီ မတိုင်ခင် ၂၀၀၅ ခုနှစ်ကလည်း တေးရေးဆရာ ဘဝလေးနဲ့ ရပ်တည်လာတည်လာတာပေါ့။ ကျေနပ်ပါတယ်။ ဒါပေမယ့် အားမရသေးဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ကြိုးစားရဦးမယ်” လို့ သားကြီးက ပြောပါတယ်။ တေးရေး၊ တေးဆို သားကြီးက ၂၀၀၅ ခုနှစ်မှ စတင်ကာ ဂီတလောကထဲကို ဝင်ရောက်လာပြီး “ဘိုကပြား”၊ “ဆယ်ပုံတပုံ”၊ “ပီယဆေး”၊ “ကောင်းသောနေ့လေး ဖြစ်ပါစေ” စတဲ့ တကိုယ်တော် သီချင်း Album အခွေများ ထွက်ရှိထားပါတယ်။ The post သားကြီးရဲ့ ၅ ခွေမြောက် တကိုယ်တော် “အချိန်တွေတိုင်းမှာ” ဘာတွေ ပြောင်းလဲသွားလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2CFRhKE
via IFTTT

No comments:

Post a Comment