Tuesday, February 27, 2018

Eleven Media Group

Huawei က စမတ်ဖုန်းဖြင့် ပေါ်ရှေးကားကို မောင်းပြခဲ့ ပုံ - ဖေဖော်ဝါရီ ၂၆ ရက်က ဘာစီလိုနာတွင် Huawei ဖုန်းဖြင့် ပေါ်ရှေးကားအား မောင်းနှင်နေစဉ် (Photo: AFP) တရုတ်နည်းပညာလုပ်ငန်း Huawei က စပိန်တွင်ကျင်းပသည့် ကမ္ဘာ့မိုဘိုင်းပြပွဲ MWC တွင် ၎င်းတို့၏ AI အသိဉာဏ်တုကို အစွမ်းပြသခဲ့ပြီး Mate 10 Pro ဖုန်းကိုအသုံးပြု၍ ပေါ်ရှေးကားတစ်စီးကို မောင်းပြခဲ့သည်။ စမတ်ဖုန်းကို မောင်းသူမလို ကား၏အသိဉာဏ်အဖြစ် အသုံးပြုပြီး ပေါ်ရှေးကားကို ဖုန်းအသုံးပြု၍ မောင်းနှင်ပြခဲ့ခြင်းဖြစ်သည်။ Mate 10 Pro ဖုန်းသည် ကားမောင်းနေခြင်းကို ထိန်းချုပ်သွားခဲ့ပြီး ဖုန်း၏ Kirin 970 ပရိုဆက်ဆာသည် တစ်မိနစ်လျှင် ပုံရိပ် ၂၀၀၀ ကို ရိုက်ကူးတွက်ချက်နိုင်သည်။ ကား၏အရှိန်ထိန်းရန်၊ ရုတ်တရက် ရပ်ဆိုင်းရန်၊ နောက်ပြန်မောင်းရန်တို့ကို ဖုန်းက စေခိုင်းနိုင်ပြီး လမ်းခရီးတွင် အတားအဆီးများကိုလည်း ခွဲခြားမှတ်သားနိုင်ဖွယ်ရှိသည်။ Huawei သည် ဘာစီလိုနာပြပွဲတွင် ၎င်း၏ AI အစွမ်းကိုပြသရန်အတွက် အချိန်ငါးပတ်အတွင်း စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကြာမီထုတ်လုပ်မည့် P20 ဖုန်းတွင် AI နှင့်ပတ်သက်သည့် အသုံးဝင်နည်းပညာများ ထပ်မံပါဝင်လာဖွယ်ရှိသည်။ ပေါ်ရှေးကားကို ဖုန်းနှင့်မောင်းပြမှုသည် ကမ္ဘာတွင် AI အစွမ်းပါသည့် စမတ်ဖုန်းနှင့် ပထမဆုံးမောင်းနှင်မှုဖြစ်မည်ဖြစ်ကြောင်း Huawei က ပြောကြားခဲ့သည်။ ဖုန်း၏ AI အစွမ်းကိုပြသရန်အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး မောင်းသူမဲ့ကား ထုတ်လုပ်ရန် အစီအစဉ်မရှိဟု Huawei ကဆိုခဲ့သည်။
Source : http://ift.tt/2Cp7Lve
via IFTTT

No comments:

Post a Comment