Monday, February 26, 2018


ကျဆင်းနေသော ပုဇွန်တင်ပို့မှု မြှင့်တင်ရန် မြန်မာနိုင်ငံက ဂျပန် အကူအညီ ရယူ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA သည် ကျဆင်းနေသော ပုဇွန်တင်ပို့မှုကို အရှိန်မြှင့်တင်ရန် ကူညီနေပြီး အခြားသော အာရှပြိုင်ဖက်များနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် ထုတ်လုပ်မှုတိုးတက်စေရန် တိုက်တွန်းလျှက်ရှိကြောင်း ဂျပန်သတင်းဌာန ကျိုဒိုက ရေးသားခဲ့သည်။ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ပုဇွန်ဈေးကွက်ဖြစ်သော ဂျပန်နိုင်ငံသို့ ပုဇွန်တင်ပို့မှုမှာ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၉.၁၈ သန်းဖိုးရှိရာမှ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈.၉၂ သန်းဖိုးအထိ ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံသည် ဂျပန်သို့ ပုဇွန်တင်ပို့သော အခြား နိုင်ငံများထက် နောက်ကျကျန်နေသည်။ မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် ဂျပန်ပုဇွန် ဈေးကွက်၏ ၄ ရာခိုင်နှုန်းခန့်ကိုသာ ရရှိထားပြီး ဗီယက်နမ်က ၂၇ ရာခိုင်နှုန်းနှင့် အိန္ဒိယက ၂၄ ရာခိုင်နှုန်းရရှိထားကြောင်း ဆိုသည်။ JICA ၏ အကူအညီဖြင့် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ – Myantrade သည် ရေလုပ်ငန်းနှင့် ပတ်သက်သော အစိုးရမူဝါဒများ ပြန်လည်သုံးသပ်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် ၎င်း၏ ပထမဆုံး သုတေသန ကို စတင်ဖွဲ့စည်းသည့် ၂၀၁၆ ခုနှစ်ကပင် စတင်ဆောင်ရွက်နေခဲ့သည်ဟု Myantrade ၏ညွုန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ကျိုဒိုသတင်းသို့ ပြောသည်။ ပုဇွန်မွေးမြူခြင်းကို မက်လုံးပေးခြင်းနှင့် လုပ်ထုံးလုပ်နည်းဖြေလျှော့ခြင်းတို့ ဖြင့် အားပေးသင့်ကြောင်း၊ ယခု သုတေသနသည် မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပဈေးကွက်များ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် တိုးတက်စေရန် အစိုးရကို အထောက်အကူပြုနေကြောင်း Myantrade က ယူဆသည်။ ဂျပန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေ ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် ရှိနေသော Myantrade သည် JICA ၏အကူအညီဖြင့် နှမ်းကူးသန်းရောင်းဝယ်မှု သုတေသနကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။ JICA သည် Myantrade ၏ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စတင်ကူညီနေသည်။ The post ကျဆင်းနေသော ပုဇွန်တင်ပို့မှု မြှင့်တင်ရန် မြန်မာနိုင်ငံက ဂျပန် အကူအညီ ရယူ appeared first on ဧရာဝတီ.
Source : http://ift.tt/2GMZ9wx
via IFTTT

No comments:

Post a Comment