မုန်တိုင်းကြောင့် လျှပ် စစ်ဓာတ်အားပြတ်တောက်သည် ကို လိုက်လံစစ်ဆေးသည့် အမ်း မြို့နယ် လျှပ်စစ်ဝန်ထမ်းအမျိုး သားတစ်ဦးသည် တောင်ကျရေ နှင့်အတူ မျောပါသေဆုံးခဲ့သည်။ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် မေလ ၂၉ ရက် ညနေမှ မေလ ၃ဝ ရက် နံနက်အစောပိုင်းထိ ရခိုင်ကမ်းရိုး တန်းကို ဖြတ်ကျော်ဝင်ရောက်စဥ် အမ်းမြို့နှင့် တပ်တောင်မြို့ကို ချိတ်ဆက်ထားသော 33KV ပမာဏဓာတ်အားရှိသောကြိုး ပြတ် တောက်ခဲ့သည်။ အမ်းမြို့နယ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး မှ လျှပ်စစ်ဝန်ထမ်းကျွမ်းကျင် အဆင့် (၅) ကိုကောင်းမြတ်ထွဋ် သည် ဓာတ်အားပြတ်တောက် သည့် အကြောင်းရင်းကို မေလ ၃ဝ ရက်နံနက်တွင် လိုက်လံစစ် ဆေးရင်း တောင်ကျရေနှင့် မျော ပါသေဆုံးခဲ့ခြင်းဖြစ်သည်။ ‘‘၂၉ ရက်က လေမုန်တိုင်း တိုက်တော့ လေနဲ့ပါလာတဲ့ သစ်ကိုင်းကြိုးပေါ်ကျတင်ပြီး ဓာတ်အားပြတ်သွားတယ်။ အဲဒီဟာကို လိုက်စစ်ဆေးတာ။ ဖုန်းအဆက်အသွယ်ပြတ်သွားတော့ သူ့ဖုန်းကို ခေါ်တဲ့အခါ စက်ပိတ်ထားသည်ပဲ ပြောတာ။ နောက်ဆုံးမြင်တဲ့သူကို လိုက်စုံစမ်းရင်း ချောင်းကို ဆင်းသွားတယ်လို့ သိရတာ။ ရေရော၊ ကုန်းရော လိုက်ရှာတာ မတွေ့ဘဲ ဇွန်လ ၁ ရက် နံနက်မှာ သူ့ရုပ်အလောင်းပေါ်လာတာ’’ ဟု အမ်းမြို့နယ် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ လျှပ်စစ်ဝန်ထမ်းကျွမ်းကျင်အဆင့် (၄) ဦးညီမောင်သန်းက ပြောသည်။ အသက် (၂၆)နှစ်အရွယ် ကိုကောင်းမြတ်ထွဋ်သည် မုန်တိုင်းကြောင့် ဓာတ်အားပြတ်တောက်မှုကို လိုက်လံစစ်ဆေးရန် အခြားဝန်ထမ်းတစ်ဦးနှင့်အတူ မေလ ၃ဝ ရက် နံနက် ၈ နာရီခန့် က လျှပ်စစ်ရုံးမှ ထွက်ခွာခဲ့သည်။ ဓာတ်အားပြတ်တောက်မှုကို တစ်နေရာစီခွဲ၍ ရှာဖွေရင်း ကိုကောင်းမြတ်ထွဋ်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။ အမ်း ချောင်းမကြီးမှ ခွဲထွက်သော ကမ်းတိုက်ရွာ ချောင်းအနီးတွင် ဒေသခံများက ကိုကောင်းမြတ်ထွဋ်ကို နောက်ဆုံးတွေ့ခဲ့သည်။ ဓာတ်အား ပြတ်တောက် သည့်နေရာသည် ၂၇ မိုင် ၇ ဖာလုံ ရှည်သည် အမ်းနှင့် တပ်တောင် မြို့ကြား မိုင် ၂ဝ ခန့်အကွာတွင် ဖြစ်သည်။ မုန်တိုင်းတိုက်ခတ်မှု ကြောင့် လေပြင်းနှင့်အတူ ပါလာသော သစ်ကိုင်းတစ်ခုသည် ဓာတ်ကြိုးလိုင်းပေါ် ပြုတ်ကျခဲ့၍ ဓာတ် အား ပြတ်တောက်ခဲ့ခြင်းဖြစ် ကြောင်း အမ်းမြို့နယ် လျှပ်စစ် အင်ဂျင်နီယာဌာနက ဆိုသည်။ ကိုကောင်းမြတ်ထွဋ်တွင် ဇနီး မအုံးတင်နှင့် (၁)နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်သည်။ ကိုကောင်းမြတ်ထွဋ်ကို အမ်းမြို့ပေါ်တွင် လူသိများပြီး လူမှုဆက်ဆံရေး ပြေပြစ်သူဖြစ်ကြောင်း မြို့ခံအထက်တန်းရှေ့ နေတစ်ဦးက ပြောသည်။ ကိုကောင်းမြတ်ထွဋ်၏ ရုပ်အလောင်းကို ဇွန်လ ၁ ရက်တွင် အမ်းမြို့ သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။ မုန်တိုင်းငယ်ကြောင့် သေဆုံးသူ ငါးဦးရှိရာမှ ယခုအခါ ခြောက်ဦး ဖြစ်လာသည်။
Source : https://ift.tt/2xCEL1c
via IFTTT
No comments:
Post a Comment