စမတ်ဖုန်း မလိုဘဲ အသုံးပြုနိုင်တဲ့ Mi VR Headset အသစ် မိတ်ဆက်လိုက်တဲ့ Xiaomi Xiaomi ဟာ မေလ ၃၁ ရက်နေ့က တရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ Mi 8, Mi 8 Explorer Edition, Mi 8 SE နဲ့ Mi Band 3 တို့ အပြင် နောက်ထပ် Product အသစ်တမျိုးကို မိတ်ဆက် သွားခဲ့ပါတယ်။ Mi VR Standalone Headset လို့ အမည်ပေးထားတဲ့ အဆိုပါ Product အသစ်ဟာ အရင်က Xiaomi က ထုတ်ဖူးတဲ့ VR Headset တွေလို စမတ်ဖုန်း ထည့်သုံးစရာ မလိုဘဲ သူ့ချည်းသက်သက် အသုံးပြုနိုင်မယ့် VR Headset အသစ်ဖြစ်ပါတယ်။ ယခု Headset အသစ်ကို Xiaomi နဲ့ Facebook က ပိုင်ဆိုင်တဲ့ Oculus ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ်တာ ဖြစ်ပြီး 32GB မော်ဒယ်ကို တရုတ်ယွမ်ငွေ ၁,၄၉၉ (မြန်မာငွေ ကျပ် ၃ သိန်းကျော်) လောက် ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ အခုချက်ချင်း Pre-Order မှာယူလို့ ရနေပြီဖြစ်ပါတယ်။ Xiaomi Mi VR Standalone Headset ကို Qualcomm ရဲ့ Flagship Processor မော်ဒယ် တခုဖြစ်တဲ့ Snapdragon 821 SoC ကို အသုံးပြုထားပြီး၊ 3GB RAM နဲ့ 2560×1440 Pixels Fast Switch LCD Display တို့ ပါရှိပါတယ်။ ဒီ Display ဟာ Refresh Rates ကို 60Hz ကနေ 72Hz အထိ Supports ပြုလုပ်ပေး နိုင်တာကြောင့် VR ကြည့်တဲ့အခါ ပိုမိုချောမွေ့အဆင်ပြေလာမှာဖြစ်ပါတယ်။ ဒါ့အပြင် VR အတွက် Oculus ကနေ သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ Fresnel မှန်ဘီလူးတွေကို အသုံးပြုထားပြီး၊ Direction ၃ ခု အသုံးပြုနိုင်တဲ့ 3DoF စနစ်သုံး Controller တခုလည်း ပါရှိပါတယ်။ နောက်ထပ်မိုက်တဲ့ Feature တခုကတော့ ၃၆၀-ပတ်လည် အသံပြေးစနစ်မျိုးကို ပေးစွမ်းနိုင်တဲ့ နားကြပ်တွေလည်း Headset ထဲမှာ တပါတည်းပါရှိလာတာဖြစ်ပါတယ်။ Wi-Fi အတွက် မြန်နှုန်းမြင့်စံနှုန်းတစ်ခုဖြစ်တဲ့ 802.11ac ကို အသုံးပြုထားကာ၊ micro-USB Port ကနေ အားသွင်းအသုံးပြုရမှာဖြစ်ပါတယ်။ Xiaomi ရဲ့ ပြောကြားချက်အရ ယခု Headset ဟာ “အာရှတိုက်သား” တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ အာရှမျက်နှာပေါက်မျိုးမှာ လုံးဝသက်တောင့်သက်သာ တပ်ဆင်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Xiaomi Mi VR Standalone Headset နဲ့ ကစားနိုင်တဲ့ ဂိမ်းနဲ့ App ပေါင်း ၁၀၀ ကျော်ကိုလည်း Oculus Store မှာ ရယူနိုင်ပြီဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာသွားခဲ့ပါတယ်။ Ref: Gadgets 360, VRFocus The post စမတ်ဖုန်း မလိုဘဲ အသုံးပြုနိုင်တဲ့ Mi VR Headset အသစ် မိတ်ဆက်လိုက်တဲ့ Xiaomi appeared first on ဧရာဝတီ.
Source : https://ift.tt/2HfWA5K
via IFTTT
No comments:
Post a Comment