အနောက်တောင်မုတ်သုံလေ တစ်နိုင်ငံလုံးသို့ ဝင်ရောက်၊ ဇွန်လလယ်ခန့်အထိ မိုးကောင်းနိုင် မုန်တိုင်းငယ်အရှိန်ကြောင့် အလျင်အမြန်ဝင်ရောက်ခဲ့သော အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးသို့ ဝင်ရောက်ခဲ့ပြီဖြစ်ပြီး နိုင်ငံဒေသအနှံ့တွင် ဇွန်လလယ်ခန့်အထိ မိုးဆက်လက်ကောင်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။ ‘‘မုတ်သုံလေ အားက ဆက်ကောင်းနေသေးတယ်။ ဒါကြောင့် မိုးလည်းပုံမှန်ထက် ကောင်းနေမှာကို သတိပြုနေထိုင် ဖို့လိုတယ်’’ဟု ၎င်းကသတိပေး သည်။ ဇွန်လ ၃ ရက်မှ ၇ ရက်ခန့်အထိ ကမ်းရိုးတန်းဒေသများတွင် မိုးကောင်းနိုင်ပြီး ဇွန်လ ၈ ရက် နောက်ပိုင်းမှ ဇွန်လလယ်ခန့်အထိ ဒေသအနှံ့ မိုးကောင်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။ မုန်တိုင်းငယ်သည် မေလနှောင်းပိုင်းက ရခိုင်ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မကွေးတိုင်းဒေသကြီးဘက်သို့ ရွေ့လျားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် နေရာကွက်မိုးကြီးခဲ့သည်။ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသအချို့တွင် နေ့စဉ် မိုးကောင်းနေပြီး ဒေသတွင်း လမ်းအချို့ ပျက်စီးမှုများရှိနေသည်။
Source : https://ift.tt/2JfWZHl
via IFTTT
No comments:
Post a Comment