Tuesday, June 5, 2018


ပုပ္ပားတောင်ကေဘယ်ကားစီမံကိန်း ဒေသအကျိုးရှိလျှင် မကန့်ကွက် ဟု ဆို ပုပ္ပားတောင်မကြီးတွင် ကေဘယ် (Cable) ကား တပ်ဆင်မည့် လုပ်ငန်းမှာ ဒေသအတွက် အကျိုးရှိမည် ဆိုပါက တိုင်းအစိုးရ အဖွဲ့အနေနှင့် ကန့်ကွက်ရန် မရှိဟု မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။ ၎င်းက“ဒီစီမံကိန်းကို ဒေသခံတွေက လက်ခံမယ်။ ရှေးဟောင်း အမွေအနှစ်၊ ယဉ်ကျေးမှုနဲ့ သဘာဝ ပတ် ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ မထိခိုက်ဘူး ဆိုရင်တော့ သဘောမတူစရာ မရှိဘူးလို့ ဝန်ကြီးချုပ် ကိုယ်တိုင် ကလည်း မှာထားတာ” ဟု ပြောသည်။ ယင်းစီမံကိန်းကို ပြည်တွင်း ကုမ္ပဏီနှစ်ခုဖြစ်သော Handing Light Asset ကုမ္ပဏီနှင့် Panorama Sky Line ကုမ္ပဏီတို့က ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ပြီး လုပ်ဆောင်မည့် လုပ်ငန်းအကြောင်းအား ပုပ္ပားဒေသခံ များ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိ ဌာနများနှင့် နှစ်ကြိမ် တွေ့ဆုံရှင်းလင်းခဲ့ကြောင်း သိရသည်။ ကေဘယ်ကား တပ်ဆင်မည့် နေရာအား ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်နိုင်ရန် ပြီးခဲ့သည့် ဧပြီလ ကုန်ပိုင်း က ယေဘူယျ ခွင့်ပြုခဲ့ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ပုပ္ပားတောင် ကလပ်၌ ကေဘယ်ကား တပ်ဆင်မည့် လုပ်ငန်းကို အိန္ဒိယ ကုမ္ပဏီ တခုက လုပ်ကိုင်ရန် စီစဉ်နေမှု အပေါ် ဒေသခံများက ကန့်ကွက်ခဲ့ကြပြီး ယခု ပုပ္ပားတောင်မကြီးတွင် ကေဘယ် စီမံကိန်း အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ Handing Light Asset ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ မနေခြည်လင်းလဲ့က “ဒီနိုင်ငံမှာရှိတဲ့ တောင် တွေထဲမှာ မီးတောင်ဟောင်း တခုဖြစ်တာရယ်၊ တောင်မကြီးရဲ့ သမိုင်း ရာဇဝင်၊ နေရာအနေအထားတွေ ကြောင့် အခုလိုလုပ်ဖို့ ရွေးချယ်ဖြစ်တာပါ။ ဒီလုပ်ငန်း ပြီးသွားရင်လည်း ဒေသခံတွေ အလုပ်အကိုင် အခွင့် အလမ်းရဖို့နဲ့ ဒေသဖွံ့ဖြိုးရေး အတွက်ကိုလည်း လုပ်ငန်းစီမံချက်မှာ ထည့်သွင်း ရေးဆွဲထားပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ ကေဘယ်ကား တပ်ဆင်မည့်နေရာမှာ ပုပ္ပားတောင်မကြီးမှ တောင်ခြေတွင်ရှိသော “တောင်ပေါ်ရွာ” (တောင်၊မြောက်) အထိ တပ်ဆင်ရန် အကြမ်းဖျင်းလျာထားပြီး လက်ရှိ ကွင်းဆင်းလေ့လာမှုများ ဆောင် ရွက်နေကြောင်း ယင်းကုမ္ပဏီက သိရသည်။ စီမံကိန်းအတွက် ကနဦး ရင်းနှီးမြှပ်နှံငွေ တရုတ်ယွမ်ငွေ သိန်း ၄ ရာခန့်မှန်းထားပြီး လုပ်ငန်းကာလ ၁ နှစ်ခွဲ အပြီးသတ် ဆောင်ရွက်မည် ဖြစ်ပြီး လုပ်ငန်း အကောင်အထည်ဖော်ဖြစ်ပါက တရုတ်ပညာရှင်များနှင့် ဆောင်ရွက်သွားမည် ဟု သိရသည်။ လက်ရှိ သဘာဝပတ်ဝန်းနှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု လေ့လာဆန်းစစ်ချက်၊ ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ထိခိုက်မှု လေ့လာဆန်းစစ်ချက် (EIA, SIA, HIA) တို့ကို လုပ်ဆောင်ရန် စီစဉ်နေပြီး လာမည့် ဇွန် ၇ ရက်တွင် ပုပ္ပား ဒေသခံများနှင့် ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း မနေခြည်လင်းလဲ့ က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်ပန်းတောင်း မြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင် က “ဒီကို လာလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့အတွက် အကျိုးအမြတ် ရမယ်ထင်လို့ လုပ်တာပေါ့။ လောလောဆယ်မှာတော့ ဒေသခံတွေရဲ့သဘောထားအရ ကုမ္ပဏီဘက်က ဆာဗေး ဆင်းတာကို သဘောတူထား တယ်။ စီမံကိန်းကို သဘောတူတာ မဟုတ်သေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။ ပုပ္ပားတောင်မကြီး မီးတောင်ဝအနီး၌ ရှားပါးတိရစ္ဆာန်များ နေထိုင်ကျက်စားလျက်ရှိရာ ကေဘယ်ကား တပ်ဆင်သည့် လုပ်ငန်း အကောင်အထည် ဖော်ဖြစ်ပါက လည်ပတ်သူများကြောင့် ရှားပါး တိရစ္ဆာန်များ တောပြောင်းခြင်း မဖြစ်စေရန် ကန့်သတ် ဧရိယာ သတ်မှတ် ဆောင်ရွက်ရန် ကုမ္ပဏီအား တောင်းဆိုထားကြောင်း သိရသည်။ ယခု နှစ်ဆန်းပိုင်းက ပုပ္ပားတောင် ကလပ်တွင် ကေဘယ်ကား တပ်ဆင်ရန်အတွက် အိန္ဒိယ ကုမ္ပဏီတခုက ဒေသဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ အပါအဝင် ဒေသခံများနှင့် တွေ့ဆုံကာ စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တောင်ကလပ်သည် သာသနာ ရေးဆိုင်ရာ ယဉ်ကျေးမှု နယ်မြေတခုလည်း ဖြစ်ကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မြေလွှာပြိုကျမှုများ ရှိသဖြင့် ဒေသခံများက ကန့်ကွက်ကြသောကြောင့် ယင်း ကေဘယ်ကား လုပ်ဆောင်မည့် အစီအစဉ် ပျက်ခဲ့ကြောင်း ကျောက်ပန်း တောင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။ ပုပ္ပားတောင်မှာ ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့် အကွာ၌ တည်ရှိကာ တောင်မကြီး အမြင့်ပေ ၄၉၈၁ ပေ တောင်ကလပ် အမြင့်ပေ ၂၄၁၇ ပေ ရှိပြီး မီးငြိမ်းတောင် အဖြစ် သတ်မှတ်ထားသည့် မီးတောင် အမျိုုးအစားလည်း ဖြစ်သည်။ The post ပုပ္ပားတောင်ကေဘယ်ကားစီမံကိန်း ဒေသအကျိုးရှိလျှင် မကန့်ကွက် ဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2sze1d2
via IFTTT

No comments:

Post a Comment