“အနုပညာသမားဆိုတော့ ငွေရေးကြေးရေး အဓိက မဟုတ်ပါဘူး” ဆိုတဲ့ အဆိုတော် ဝန အဆိုတော် ဝန တယောက် လတ်တလောမှာ ဒုတိယမြောက် တကိုယ်တော်ခွေထွက်ရန် ပြင်ဆင်နေပြီး မကြာခင်မှာ ထွက်ရှိမယ်လို့ ဧရာဝတီကို ဆိုပါတယ်။ ဒုတိယ အခွေ ထပ်ထုတ်တာနဲ့ ပတ်သက်ပြီး အဆိုတော် ဝနက “ကျနော်တို့က အနုပညာသမားဆိုတော့ ငွေရေး ကြေးရေးတွေက အဓိက မဟုတ်ပါဘူး။ မြတ်မြတ် မမြတ်မြတ် ကျနော်တို့က အခွေတွေ ထွက်ရမှာပါ။ ကျနော် ဒုတိယခွေလေး လုပ်နေတာကြောင့် ပရိသတ်တွေနဲ့ အနေ နည်းနည်း ဝေးနေတယ်။ ဒုတိယခွေက ‘တရားသဖြင့်’လို့ နာမည် ပေးထားပါတယ်။ သီချင်းက ၁၂ ပုဒ် ပါပါမယ်။ Rock သီချင်း အမျိုးအစာတွေပါပဲ” လို့ ပြောပါတယ်။ ဆက်လက်ပြီး အဆိုတော် ဝနက “ဒီရက်ပိုင်း ဒီလထဲမှာ ကျနော် အွန်လိုင်းကနေ သီချင်း ၃ ပုဒ် တင်ပေးဖို့ ရှိပါတယ်။ ‘စစ်ပြေး’ရယ်၊ ‘သာတယ် နာတယ် မလိုပါဘူး’ ရယ်၊ ‘ဒဏ်ရာဆိုခေါ်မလာပါနဲ့’ ရယ် ၃ပုဒ်တင်ပေးမှာပါ။ တေးရေးဆရာကတော့ နိုင်လင်း ဖြစ်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။ အဆိုတော် ဝနဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုတွေ ခံယူခဲ့ရပြီး ဂီတနဲ့ ခဏ အဆက်သွယ် ပြတ်နေကာ အခုချိန်မှာ ပြန်လည်ကျန်းမာလာပြီ ဖြစ်တဲ့အတွက် ဒုတိယအခွေနဲ့အတူ အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်ပရိသတ်တွေနဲ့ ဝေးကွာနေတာကသီချင်းတွေ လုပ်နေတာလည်းပါတယ်။ နောက်ပြီး ကျနော့် ကျန်းမာရေး ကြောင့်လည်း ပါတယ်။ ကျနော်လည်ချောင်း ထိသွားတဲ့ အတွက် ကျနော်နားလိုက်ရတာပါ ။ ကျနော် အချိန် တနှစ်ကျော် လောက် ကြာသွားပါတယ်။ ကျနော် အာရှတော်ဝင်မှာ ဆေးကုသမှုတွေ ခံယူတယ်။ ကျနော့်ကို ဆရာဝန်က သီချင်းတွေ ပြန်ဆိုဖို့ ခွင့်ပြုလိုက်ပါပြီ။ ကျနော်သီချင်းတွေ ပြန်ဆိုတော့မှာပါ။ ပွဲလေး တပွဲလည်း ဆိုဖို့ရှိပါတယ်”လို့ အဆိုတော် ဝနက ပြောပါတယ်။ အဆိုတော် ဝနဟာ “အနီးဆုံးလူ” ၊ “အမုန်းနဲ့ပဲထိုက်တန်တယ်” သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် တဦး ဖြစ်ပါတယ်။ The post “အနုပညာသမားဆိုတော့ ငွေရေးကြေးရေး အဓိက မဟုတ်ပါဘူး” ဆိုတဲ့ အဆိုတော် ဝန appeared first on ဧရာဝတီ.
Source : https://ift.tt/2JiCSZ8
via IFTTT
No comments:
Post a Comment