Wednesday, June 6, 2018


ပထမဆုံး ယူနက်စကို စာရင်းဝင်ခဲ့တဲ့ မြန်မာ့အသံတိတ် ရုပ်ရှင် “မြဂနိုင်” ၁၉၃၄ ခုနှစ်က ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူးခဲ့တဲ့ “မြဂနိုင်” အသံတိတ် ရုပ်ရှင်ဇာတ်ကားကြီးက ယူနက်စကိုရဲ့ ဒေသတွင်း အမွေအနှစ်အဖြစ် ပထမဆုံးအကြိမ် စာရင်းသွင်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကိုတောာ့ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူမြို့မှာ ကျင်းပတဲ့ မှတ်တမ်းအမွေအနှစ်ဆိုင်ရာ အာရှ-ပစိဖိတ် ကော်မတီအစည်းအဝေးမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံအနက်မှ စာရင်းသွင်းခြင်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ “မြဂနိုင်” ဇာတ်ကားကို ယူနက်စကို စာရင်းဝင်ရန်အတွက် ကြိုးစားခဲ့တဲ့ Save Myanmar Film မှ ကိုဥက္ကာက ယူနက်စကို စာရင်းဝင်ခဲ့တာနဲ့ ပတ်သက်ပြီး “ကျနော်တို့အနေနဲ့ ဝမ်းသာတယ်။ ကိုယ့်နိုင်ငံရဲ့ အမွေအနှစ်တခုဟာ ယူနက်စကိုက အသိအမှတ်ခြင်းအားဖြင့် နိုင်ငံရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ကြဖို့ ဖြစ်တဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာပါတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက “ကြိုးပမ်းတာကတော့ ပြီးခဲ့တဲ့ ဇွန်လလောက်ကစပြီးတော့ ကျနော်တို့အမွေအနှစ် မှတ်တမ်းသွင်းတဲ့ ဖောင် စဖြည့်တယ်။ ပထမ မူကြမ်းတခု ရတယ်။ နောက်ပြီးတော့ စင်ကာပူမှာ Workshop တက်ပြီးတော့ ပိုပိုပြီးတော့ အချောသတ်တွေ ဖြည့်ကြတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ရှာခဲ့တယ်” လို့ ဆိုပါတယ်။ “မြဂနိုင်” အသံတိတ် ရုပ်ရှင် “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၃၄ ခုနှစ်မှာ ဒါရိုက်တာ အေဝမ်းဦးတင်မောင်က ရိုက်ကူးထားတဲ့ အဖြူအမည်း အသံတိတ် ဇာတ်ကားဖြစ်ပြီး စွန့်စား အချစ်ဇာတ်လမ်း ၊ ရူးရူးမိုက်မိုက် စတန့်ခန်းများ ၊ တောရိုင်း အကောင်များနဲ့ ရိုက်ကူး ထားတဲ့ ဒီကားကတော့ ထိုအချိန်အခါက လူအများကြားမှာ တရှိန်ထိုး အောင်မြင်မှုရရှိခဲ့ပြီး ယနေ့တိုင် လူအများရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ရုပ်ရှင်ကားများ ထိန်းသိမ်းမှုအပိုင်းနဲ့ ပတ်သတ်ပြီး “ထိန်းသိမ်းတာကတော့ တတ်နိုင်သမျှတော့ အကုန်လုံးကို ထိန်းသိမ်းသွားဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ကျနော်တို့သုတေသန လုပ်လိုက်ခြင်းအားဖြင့် နံပါတ် ၁ က ဦးစားပေး ဘယ်ကားဖြစ်တယ် ။ နံပါတ် ၂ က ဘယ်ကားဖြစ်တယ်။ အဲဒီလိုမျိုး ဦးစားပေး အဆင့်အနေနဲ့ အရေးကြီးတာကို အရင်ဆုံးသိမ်းဖို့ လုပ်နေပါတယ်” “Restore လုပ်ပြီးတော့ ဒီကားကို Memory ရုပ်ရှင်ပွဲတော်မှာ ၂၀၁၆ ခုနှစ်မှာ မှာပြတယ်။ အခု ရုပ်ရှင် အစည်းအရုံး မှာလည်း ကျနော်တို့ ပြန်ပြဖို့ အစီအစဉ်ရှိတယ်။ Go Theme Institube မှာလည်း ဇွန်၁၂ ရက်နေ့မှာ ပြဖို့ အစီအစဉ် ရှိတယ်”လို့ Save Myanmar Film မှ ကိုဥက္ကာက ပြောပါတယ်။ “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၃၄ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့စဉ်အချိန်က အသံတိတ်ရုပ်ရှင်ဖြစ်ပြီး နောက်ခံ သီချင်းကိုတော့ ၁၉၅၄ ခုနှစ်မှာ ထည့်သွင်းခဲ့ကာ စကားပြောခန်းများကိုတော့ ၁၉၇၀ ခုနှစ်မှာ ထပ်မံ ဖြည့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်များအဖြစ် မင်းသား ချစ်ရွှေနဲ့ မင်းသမီး မြင့်မြင့်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ယူနက်စကိုရဲ့ ဒေသတွင်းစာရင်းဝင်ခဲ့သလို ရခိုင်ပြည်နယ် သျှစ်သောင်း ဘုရားမှာရှိတဲ့ ဘုရင်အာနန္ဒာ စန္ဒြမင်းရဲ့ အာနန္ဒာကျောက်စာကလည်း ဒေသအဆင့် ယူနက်စကို စာရင်းဝင်ခဲ့ပါတယ်။ The post ပထမဆုံး ယူနက်စကို စာရင်းဝင်ခဲ့တဲ့ မြန်မာ့အသံတိတ် ရုပ်ရှင် “မြဂနိုင်” appeared first on ဧရာဝတီ.
Source : https://ift.tt/2kScOcL
via IFTTT

No comments:

Post a Comment