“မြန်မာနိုင်ငံ ဈေးကွက်ထဲ နိုင်ငံခြားသားတွေ ရှယ်ယာ လာခွဲတာ မနှစ်မြို့ဘူး” ဆိုတဲ့ Aroma “Aroma” မင်္ဂလာဝတ်စုံ လုပ်ငန်းရဲ့ ပိုင်ရှင် ကိုအောင်မြတ်သူက လက်ရှိ ဈေးကွက်ထဲမှာ နိုင်ငံခြားသားလုပ်ငန်းရှင်တွေ အများအပြား ဝင်ရောက်လာတဲ့အတွက် ဈေးကွက် လုယက်မှု ပြုလုပ်ခံနေရတယ်လို့ ဧရာဝတီကို ဆိုပါတယ်။ “ဒီနှစ်ပိုင်းမှာ ဘာတွေများလာလဲ ဆိုရင် နိုင်ငံခြားက လာဖွင့်တဲ့ သူတွေရဲ့ဈေးကွက် လုယက်မှုကို အရမ်း ခံရပါတယ်။ အဲဒါမျိုးကြတော့ ခုနကပြောသလို ကိုယ်မရင် သူရမယ်ဆိုတဲ့စိတ်ဓာတ်မျိုး မထားနိုင်တော့ဘူး။ ဘာကြောင့်လည်း ဆိုတော့ကိုယ့်နိုင်ငံသားတွေလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံဆိုတဲ့ ဈေးကွက်သေးသေးလေးထဲကို ရှယ်ယာ လာခွဲ တာတော့ မနှစ်မြို့ပါဘူး။ ဒါကြောင့်မလို့ ဒီအရာကိုလည်း တာဝန်ရှိပုဂ္ဂိုလ်တွေက တင်းတင်းကျပ်ကျပ်နဲ့ လုပ်ကိုင် ဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်မိပါတယ်” လို့ Aroma မှ ပိုင်ရှင် ကိုအောင်မြတ်သူက ဧရာဝတီကို ပြောပါတယ်။ “ကျနော်တို့ ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ချိန်က အပြိုင်အဆိုင်တွေ ဆိုတာ အရမ်း မရှိသေးပါဘူး ။ အဲဒီအတွက် အလုပ်လုပ်ရတာ အဆင်ပိုပြေတယ်ပေါ့ ။ အခုနောက်ပိုင်းမှာ ဆိုင်တွေလည်းအရမ်းများလာတယ်။ လုပ်ငန်းတူတွေလည်း အရမ်းများလာတယ်။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ ကိုယ့်နိုင်ငံသား အချင်းချင်း ဖြစ်တဲ့အတွက် ကိုယ်မရရင် သူရမယ်၊ သူမရရင် ကိုယ်ရမယ်၊ မုဒိတာ ပွားနိုင်ပါတယ်။ အချင်းချင်း ဝိုင်းဝန်းကူညီပေးရုံပေါ့” လို့ ကိုအောင်မြတ်သူက ဆိုပါတယ်။ ဆက်လက်ပြီး ကိုအောင်မြတ်သူက “ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံအတွင်း နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ရဲ့အလုပ်အကိုင် အခွင့်အလမ်း လျော့ပါးသွားမယ်လို့ ထင်ပါတယ်။ လျော့ပါးသွားတာနဲ့အမျှ ကျနော်တို့ရဲ့မြန်မာ့ ယဉ်ကျေးမှုကလည်း တဖြည်းဖြည်းနဲ့ ပျောက်ပျက်သွားမယ်ဆိုတာလည်း မလွဲဧကန်ပါပဲ” “အခုအခြေအနေမှာ မြင်မိတာတော့ အဆိုးဆုံး အခြေအနေလို့ မြင်မိပါတယ်။ ဒီအဆိုးဆုံး အခြေအနေလေးကို ကျော်ဖြတ် ပြီးရင်တော့ နောက် ၂ နှစ် ၃ နှစ်လောက်မှာ ပထမဆုံး ကျနော်တို့ လုပ်ခဲ့တဲ့ အနေအထားလေးကို ပြန်ရမယ်လို့ မျှော်လင့်မိပါတယ်” လို့ ကိုအောင်မြတ်သူက ဆိုပါတယ်။ “Aroma Wedding Dress & Photo Studio” ကတော့ ဖွင့်လှစ်ထားတာ ဆယ်စုနှစ် နီးပါး ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။ Wedding Show များကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိပြီး ဇွန်လ ၈ ရက်နေ့ပြုလုပ်မယ့် Wedding Show တခုမှာလည်း ပါဝင်ပြသဦးမယ်လို့ သိရပါတယ်။ The post “မြန်မာနိုင်ငံ ဈေးကွက်ထဲ နိုင်ငံခြားသားတွေ ရှယ်ယာ လာခွဲတာ မနှစ်မြို့ဘူး” ဆိုတဲ့ Aroma appeared first on ဧရာဝတီ.
Source : https://ift.tt/2kSxMbv
via IFTTT
No comments:
Post a Comment