Monday, June 25, 2018


ရှာကီရာရဲ့ ကိုယ်ပိုင်အွန်လိုင်း ဝက်ဘ်ဆိုက်ကနေ နာဇီသင်္ကေတနဲ့ ဆင်တဲ့ လည်ဆွဲကို ဖယ်ရှား ကမ္ဘာကျော် Pop အဆိုတော် ရှာကီရာဟာ နာဇီသင်္ကေတနဲ့ ဒီဇိုင်းဆင်တူနေတဲ့ လည်ဆွဲတခုကို သူ့ရဲ့ကိုယ်ပိုင်ကုန်ပစ္စည်း ရောင်းချတဲ့ ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။ အဲဒီရွှေဆွဲပြားဟာ နေရဲ့ ပုံရိပ်ကို ပုံဖော် ထားပေမယ့် ဂျာမန်မီဒီယာ Bento ရဲ့ သတင်းထောက်တဦးက အဲဒီဆွဲပြားဟာ နာဇီတို့ရဲ့ “အနက်ရောင် နေ” (သို့မဟုတ်) စကြာပုံစံပါဝင်တဲ့ နေစက်သွားသင်္ကေတနဲ့ ဆင်တူနေတဲ့ အကြောင်း မကြာသေးမီက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွှေဆွဲပြားကို ရှာကီရာရဲ့ El Dorado ကမ္ဘာလှည့်ဖျော်ဖြေပွဲ အမှတ်တရပစ္စည်း တစိတ်တပိုင်းအနေနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပေမယ့် အခုတော့ ရောင်းချမှုနေရာကနေ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာတော့ Live Nation ဖျော်ဖြေပွဲအရောင်းမြှင့်တင်ရေး အဖွဲ့သားတွေက အဲဒီရွှွေဆွဲပြားဟာ “Hips Don’t Lie” သီချင်းအဆိုတော် ရှကီရာရဲ့ ကိုလံဘီယာနိုင်ငံသား ဖြစ်တဲ့အကြောင်း အသိအမှတ်ပြုဖို့ ရည်ရွယ်ထားတာသာဖြစ်ပြီး ဒီဇိုင်းရွေးချယ်မှု ညံ့ဖျင်းသွားတဲ့ အတွက် တောင်းပန်ကြောင်း ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ နာဇီတံဆိပ်နဲ့ဆင်တူတဲ့ လည်ဆွဲရတနာ ကုမ္ပဏီတာဝန်ရှိသူတွေက “ရှာကီရာရဲ့ El Dorado ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ဒီဇိုင်းထုတ်ထားတဲ့ Live Nation လည်ဆွဲဟာ သမိုင်းမတင်မီကိုလံဘီယာရဲ့ ပုံရိပ်ကို အခြေခံထားပါတယ်။ ဒါပေမယ့် ဒီဇိုင်းဟာ နာဇီတို့ရဲ့ ပုံရိပ်နဲ့ ထင်မှတ်မထားဘဲ ဆင်တူနေတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ပရိသတ်တချို့က စိုးရိမ်တဲ့အကြောင်း ပြောကြားခဲ့ကြပါ တယ်။ “အခုလိုမျိုး အမှတ်မထင်ဆင်တူသွားခဲ့တဲ့အတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ နယ်လှည့်ပွဲ အမှတ်တရ ပစ္စည်းတွေ ထဲကနေ အဲဒီပစ္စည်းကို ဖယ်ရှားလိုက်ပြီးလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ဥရောပ တခွင်မှာ ဖျော်ဖြေပွဲတွေ ပြုလုပ်နေတဲ့ ရှာကီရာဟာ အခုလိုမျိုး အငြင်းပွားဖွယ် ကိစ္စရပ်နဲ့ ပတ်သက်လို့ ကိုယ်တိုင်တော့ ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။ Ref: aceshowbiz The post ရှာကီရာရဲ့ ကိုယ်ပိုင်အွန်လိုင်း ဝက်ဘ်ဆိုက်ကနေ နာဇီသင်္ကေတနဲ့ ဆင်တဲ့ လည်ဆွဲကို ဖယ်ရှား appeared first on ဧရာဝတီ.
Source : https://ift.tt/2MV2r4s
via IFTTT

No comments:

Post a Comment