Wednesday, June 6, 2018


မကရင်မအမှု ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် အဖွဲ့မှ အခမဲ့လိုက်ပေးမည် တပ်မတော်အရာရှိအိမ်တွင် အိမ်အကူလုပ်ကိုင်နေရင်း နှိပ်စက်ခံဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အိမ်အကူ မကရင်မ အမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး အဖွဲ့မှ အခမဲ့ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုအမှုနှင့်ပတ်သက်ပြီး တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးမှ ဦးဆောင်၍ အမှုတွင် ပါဝင်ကူညီပေးသူ ၅ ဦး တို့မှ ဇွန်လ ၂ ရက်နေ့တွင် ဥပဒေဆိုင်ရာ အထောက်အကူ ပေးနိုင်ရန် တောင်းခံခဲ့ခြင်းအပေါ် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့မှ ယနေ့ ပြန်စာပေးပို့ခဲ့ကြောင်းသိရသည်။ ဒေါက်တာ ကျော်ဇင်ဦး က “ဒီနေ့ပဲ ကူညီမယ်ဆိုပြီး စာပြန်ထုတ်ထားတယ်။ သူတို့ ကူညီပေးမယ်ပေါ့။ သူတို့အဖွဲ့ထဲက တစ်ယောက်ကို ဖုန်းနံပါတ် ပေးထားတယ်။ အဲဒီဖုန်းနံပါတ်ကို ဆက်ပြီး ဆောင်ရွက်ပေးပါပေါ့” ဟု ဆိုသည်။ ယခုကဲ့သို့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့မှ လိုအပ်သည့် ဥပဒေအကူအညီများ ရရှိခြင်းကြောင့် မကရင်မ အမှုသည် မှန်မှန်ကန်ကန်မျှမျှတတ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ဒေါက်တာ ကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။ တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု အုပ္ဖိုလ်ကျေးရွာနေ မခင်သန္တာဦး (ခ) ဒါနဆန် (ခ) မကရင်မသည် လှည်းကူး မြို့နယ် သံချပ်ကာ တပ်ရင်းတွင် နေထိုင်သည့် တပ်မတော် အရာရှိနှင့် ဇနီး ဒေါ်သိင်္ဂီစု၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကြောင်းသိရသည်။ ထိုသို့ အလုပ်လုပ်နေရာမှ ကျန်းမာရေး မကောင်းဟုဆို၍ နေရပ်ရင်း တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု အုပ္ဖိုလ် ကျေးရွာသို့ ဒေါ်သိင်္ဂီစုကိုယ်တိုင် မေလ ၁၉ ရက်နေ့က ပြန်ပို့ခဲ့ပြီး ထိုနေ့မှာပင် ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးခြင်း ဖြစ်ကြောင်းမျက်မြင်ဒေသခံများကပြောသည်။ မကရင်မ မသေဆုံးမီ အချိန်တွင် ဒေါ်သိင်္ဂီစု၏ ပြင်းထန်သော နှိပ်စက်မှုများခံခဲ့ရကြောင်း အိမ်နီးချင်းများ၊ ဒေသခံများနှင့် ကျေးရွာလူကြီးများကို ဖော်ထုတ်ပြောကြားခဲ့ခြင်းကြောင့် အုပ္ဖိုလ်ကျေးရွာ ရာအိမ်မှူး ဦးအေးသောင်းက တရားလို ပြုလုပ်ကာ ခလောက်ချိုက် ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့်မေလ၂၁ ရက်နေ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ မကရင်မ အမှုတွင် အိမ်ရှင်ဖြစ်သည့် တပ်မတော်အရာရှိ ပါဝင်ပတ်သက်နေမှု ရှိ၊ မရှိကို တပ်မတော်ဘက်မှလည်း မေလ ၃၀ ရက်နေ့က တွံတေးမြို့နယ်သို့ ရောက်ရှိလာပြီး စုံစမ်းစစ် ဆေးမှုများပြုလုပ်ခဲ့သည်။ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ကို နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ယင်းအဖွဲ့အနေဖြင့် ဆင်းရဲ နွမ်းပါးသည့်သူများအား ဥပဒေဆိုင်ရာအခမဲ့ အထောက်အကူပေးနိုင်ရန်အပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် တည့်မတ် မှန်ကန်စေရေးကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။ ထိုအဖွဲ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး ဌာနဆိုင်ရာ အရာရှိ ၆ ဦး၊ တရားလွှတ်တော်ရှေ့နေ ဥပဒေကျွမ်းကျင်ပညာရှင် ၆ ဦး စုစုပေါင်း ၁၃ ဦး တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန် – ဆင်းရဲနွမ်းပါးသူများကို အခမဲ့ရှေ့နေလိုက်ပေးမည့်ရုံး နေပြည်တော်တွင်ဖွင့် The post မကရင်မအမှု ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် အဖွဲ့မှ အခမဲ့လိုက်ပေးမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2Jze7eq
via IFTTT

No comments:

Post a Comment