အိပ်ငိုက်စေနိုင်တဲ့ အစားအစာ ၆ မျိုး တခါတရံမှာ အစားအသောက် တခုခုကို စားမိပြီး အလွန်အမင်း အိပ်ချင်လာတာမျိုး ဖြစ်ပေါ်တတ်တာ ကြုံတွေ့ဖူးကြမှာပါ။ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အစားအသောက်အများစုဟာ နေ့စဉ် စားသောက်နေကျ အစားအစာတွေထဲမှာ ပါဝင်တာကြောင့် စားသောက်ပြီးရင် အိပ်ငိုက်စေနိုင်တဲ့ အစားအစာ အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ်ဓာတ် များစွာပါဝင်ပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ Tryptophan ပါဝင်တာ ကြောင့် စားသုံးပြီးတဲ့အခါ အိပ်ငိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ (၂) ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆိုဒီယမ်ဓာတ်တွေ ပါဝင်တဲ့ ငှက်ပျောသီး စားသုံးလိုက်ခြင်းဟာ ဦးနှောက်အတွင်းက အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဓာတ်ကို လှုံ့ဆော်သလို ဖြစ်တာကြောင့် သင့်ကို ငိုက်မျဉ်းစေနိုင်ပါတယ်။ (၃) ကွေကာအုပ်မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမိုင်နို အက်ဆစ်တွေ ပါဝင်တဲ့အပြင် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ Melatonin ဓာတ်ကို ထုတ်ပေးနိုင်တာကြောင့် အိပ်ငိုက်စေနိုင်ပါတယ်။ (၄) နေ့လည် နေ့ခင်းတွေမှာ အိပ်ချင်ပြေအောင်ဆိုပြီး နေကြာစေ့ တဖောက်ဖောက် စားခြင်းဟာ အိပ်ချင် မပြေစေတဲ့ အပြင် သင့်ကို ပိုမိုအိပ်ငိုက်စေနိုင်ပါတယ်။ နေကြာစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်နဲ့ သတ္တုဓာတ်တွေဟာ သင့်ကို အိပ်ချင်စိတ် ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်ပါတယ်။ (၅) အဆီဓာတ် ပါဝင်မှုနှုန်း များတဲ့ ငါးစားသုံးခြင်းဟာ ဦးနှောက်ထဲက Melatonin ဓာတ်ကို ထုတ်လွှတ်ပေးနိုင်တာကြောင့် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ (၆) သစ်ကြားသီးမှာပါဝင်တဲ့ Omega 3 အဆီဓာတ်နဲ့ Melatonin ဓာတ်တို့ဟာ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ ဓာတ်ကို မြှင့်တင်ပေးတာကြောင့် အိပ်မပျော်သူတွေနဲ့ အထူးသင့်တော်ပေမယ့် အိပ်ချင်ပြေ စားရမယ့် အစားအစာ စာရင်းထဲကနေ ထုတ်ပယ်သင့်ပါတယ်။ Ref ; brightside.me The post အိပ်ငိုက်စေနိုင်တဲ့ အစားအစာ ၆ မျိုး appeared first on ဧရာဝတီ.
Source : https://ift.tt/2xKV63W
via IFTTT
No comments:
Post a Comment