Wednesday, June 6, 2018


ဒီဇိုင်း ပြောင်းလဲထားတဲ့ Gmail ကို ဇူလိုင်လအတွင်း လူတိုင်း အသုံးပြုနိုင်မည် လွန်ခဲ့တဲ့လ အနည်းငယ်တုန်းက Google ဟာ Gmail ကို ဒီဇိုင်း အကြီးအကျယ် ပြောင်းလဲဖို့ ရှိကြောင်း စတင်ကြေညာ ခဲ့ပါတယ်။ ဧပြီလထဲမှာတော့ G Suite အသုံးပြုသူတွေအတွက် Early Adopter Program (EAP) အဖြစ် Gmail ဒီဇိုင်းအသစ်ကို စတင်ပြောင်းလဲ သုံးစွဲဖို့ ရွေးချယ်ခွင့်ရခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် Gmail ပုံစံအသစ်ကို G Suite Administrators တွေက ဖွင့်ပေးမှ G Suite Organization ထဲက အသုံးပြုသူတွေအနေနဲ့ စမ်းသပ် သုံးစွဲခွင့် ရတာပါ။ Google ဟာ သူ့ရဲ့ ဝန်ဆောင်မှုတွေကို ပိုက်ဆံပေးအသုံးပြုတဲ့ အသုံးပြုသူတွေအတွက် ဒီဇိုင်းအသစ်နဲ့ အရင်ရင်းနှီး ကျွမ်းဝင်မှုရှိအောင် ဦးစားပေး ထုတ်ပေးထားတဲ့ သဘောပါ။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လထဲမှာတော့ Google ဟာ Gmail ပုံစံအသစ်ကို GA (General Availability) ဗားရှင်းအနေနဲ့ G Suite အသုံးပြုသူတိုင်းအတွက် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ G Suite Admin တွေအနေနဲ့ Admin Console မှာ – (၁) ချက်ချင်းဖွင့်ပေးမလား (၂) User သုံးချင်တဲ့အချိန် ရောက်မှ သုံးအောင် လုပ်ပေးထားမလားနဲ့ (၃) နောက်ထပ် အချိန် ၄ ပတ်လောက် ထပ်စောင့်ခိုင်းပြီးမှ သုံးခွင့်ပေးမလား ဆိုပြီး ရွေးချယ်မှု (၃) ခုပြုလုပ်နိုင်မှာပါ။ GA ထွက်ပြီး ၈ ပတ်လောက် အကြာမှာတော့ Gmail အသစ် မသုံးရသေးသူတိုင်းကို အလိုအလျောက် ပြောင်းလဲ သုံးစွဲခိုင်းမှာ ဖြစ်ပါတယ်။ ဒီအချိန် အတောအတွင်းမှာ ဒီဇိုင်းအသစ်ကို မကြိုက်လို့ အဟောင်းပဲ သုံးမယ်ဆိုလည်း ရွေးထားလို့ ရပါတယ်။ ဒါပေမယ့် GA ထွက်ပြီး ၁၂ ပတ် အကြာမှာတော့ မကြိုက်လို့ အဟောင်း ရွေးထားသူတွေပါ Gmail အသစ်ကိုပဲ မဖြစ်မနေ သုံးရတော့မှာ ဖြစ်တယ်လို့ Google က ကြေညာ လိုက်ပါတယ်။ လစဉ်ကြေး ပေးသုံးရတဲ့ G Suite အသုံးပြုသူတွေအတွက်ပဲ အဓိကကြေညာ ခဲ့ပေမယ့်၊ G Suite မဟုတ်တဲ့ သာမန် Gmail အသုံးပြုသူ အားလုံးလည်း Gmail ဒီဇိုင်းအသစ်ကို ဇူလိုင်လ အတွင်းမှာ စတင်ရွေးချယ် အသုံးပြုခွင့်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။ Google ရဲ့ ကိုယ်ပိုင် Web Design System တခုဖြစ်တဲ့ ‘Material Design’ ကို အဓိကပြောင်းလဲ အသုံးပြုထားတာ ဖြစ်ပြီး၊ အသုံးတည့်မယ့် Features အသစ်တွေလည်း ပါဝင်လာပါတယ်။ Ref: G Suite Update Blog The post ဒီဇိုင်း ပြောင်းလဲထားတဲ့ Gmail ကို ဇူလိုင်လအတွင်း လူတိုင်း အသုံးပြုနိုင်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2M086Wu
via IFTTT

No comments:

Post a Comment