Tuesday, June 5, 2018


ဒီဇိုင်နာ ၄ ဦး ပါဝင်ပြသသွားမယ့် “Eternal Flame of Love” မင်္ဂလာဝတ်စုံ ပြပွဲ မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲများ ၊ မင်္ဂလာပွဲစီစဉ်နေသော မောင်နှံများအတွက် “Marry” Wedding Planner Website မှ စီစဉ်ကျင်းပမယ့် “Eternal Flame of Love” ပွဲမှာ နာမည်ကြီး ဒီဇိုင်နာ ၄ ဦးရဲ့ ဝတ်စုံ ဒီဇိုင်းများကို ပြသပေးသွားမယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ပါဝင်ပြသကြမယ့် ဒီဇိုင်နာ ၄ ဦးကတော့ မပုံ့ (My Favourite)၊ လတ်လတ် (Lady Boutique) ၊ ဖြိုးကို (Extraordinary Fashion) နဲ့ သျှတရတို့ ဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် ဒီဇိုင်များကို ပြသသွားမှာ ဖြစ်ပါတယ်။ “ဒီပွဲကတော့ ကျနော့်အတွက် ၂၀၁၈ ခုနှစ်မှာ ပထမဆုံး မင်္ဂလာဝတ်စုံတွေ ပြသမယ့်ပွဲ ဖြစ်တယ်။ ကျနော်က နှစ်တိုင်း Evening Grown ရယ်၊ Evening Dress ရယ် လုပ်လေ့ရှိတယ်။ ဒီနှစ်ကတော့ မြန်မာ ထိုင်မသိမ်းကို ပထမဆုံး ပြမယ့်ပွဲ ဖြစ်ပါတယ်။ ထိုင်မသိမ်းကိုပဲ အရှေ့က လုပ်သွားတဲ့ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းနဲ့ မတူဘဲ ကွဲပြားအောင် မြန်မာ့ရိုးရာ ပုံစံလည်း မပျောက်အောင် လုပ်ထားပါတယ်”လို့ အဆိုပါပွဲမှာ ပါဝင်ပြသသွားမယ့် ဒီဇိုင်နာ သျှတရက ပြောပါတယ်။ ပါဝင်ပြသကြမယ့် ဖက်ရှင်ဒီဇိုင်နာများယုဖြူဟန်/ဧရာဝတီ ဇွန်လ ၂၃ ရက်နေ့ နဲ့ ၂၄ရက်နေ့များမှာ ၂ ရက်ကြာ ရန်ကုန်မြို့ရှိ Melia Hotel မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဆိုပါ ပွဲကြီးမှာတော့ ဒီဇိုင်နာ ၄ ဦးတို့ရဲ့ ဝတ်စုံများကို မိတ်ကပ်ပညာရှင် လင်းလင်းနဲ့ မေဦးတို့က ပြင်ဆင်ခြယ်သပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ နာမည်ကြီးမော်ဒယ်များက ဝတ်ဆင်ပြသပေးသွားမယ့် Gala Show အစီအစဉ်များအပြင် မင်္ဂလာမောင်နှံများ အတွက် ဆိုင်ခန်းပေါင်း ၄၀ ကျော်နဲ့အတူ တခြား အစီအစဉ်များပါဝင်မယ်လို့ သိရပါတယ်။ Marry မှ စီစဉ်ကျင်းပမယ့် “Eternal Flame of Love” ပွဲကိုတော့ Diamond Sponsor အဖြစ် Forever Gems By ရွှေနန်းတော် ၊ Venue Sponsor အဖြစ် Melia Yangon တို့မှ ကူညီပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။ “Marry” ကတော့ မင်္ဂလာဆောင်တော့မယ့် စုံတွဲများ ၊ မင်္ဂလာပွဲစီစဉ်နေတဲ့ မောင်နှံများအတွက် အသုံးဝင်မယ့် Wedding နဲ့ ပတ်သက်တဲ့ လမ်းညွှန်ဆောင်းပါးများ၊ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ ဆိုင်ခန်းများစွာနဲ့ အတူ အလွယ်တကူ အသုံးပြုလို့ ရမယ့် Wedding Planning Tools တွေပါဝင်တဲ့ Wedding Website တခု ဖြစ်ပါတယ်။ The post ဒီဇိုင်နာ ၄ ဦး ပါဝင်ပြသသွားမယ့် “Eternal Flame of Love” မင်္ဂလာဝတ်စုံ ပြပွဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2JtBvKp
via IFTTT

No comments:

Post a Comment